Property Expo
×

ယူဂႏၵာႏိုင္ငံမွ ပံုပ်က္ပန္းပ်က္ဦးေခါင္းပါ အမ်ိဳးသားတဦးဟာ ႏိုင္ငံရဲ႕ အထူးဆန္းဆံုး အမ်ိဳးသားတဦးအျဖစ္ ေရြးခ်ယ္ခံခဲ့ရၿပီးေနာက္မွာ ေက်ာ္ၾကားသူေပါ့ပ္စတားတဦး ျဖစ္လာခဲ့တယ္လို႔
 ေမရာသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
အသက္ ၄၇ ႏွစ္အရြယ္ ေဂါ့ဒ္ဖေရး ဘာဂူမာဟာ လက္ရွိမွာေတာ့ ေဒသတြင္း နာမည္ေက်ာ္တဦးျဖစ္ေနခဲ့ၿပီး သူပါ၀င္သီဆိုတဲ့ ရုပ္သံဗြီဒီယိုဖိုင္ဟာ ယူက်ဳဘ္အင္တာ နက္စာမ်က္ႏွာေပၚမွာ ၀င္ေရာက္ၾကည့္ရႈမႈ ၃ သန္းထိ ရွိေနခဲ့တာပါ။

ပံုပ်က္ပန္းပ်က္ျဖစ္ေနခဲ့တဲ့ သူ႔ရဲ႕ ဦးေခါင္းဟာ အရင္ကတႀကိမ္တခါမွ က်န္းမာ ေရးစစ္ေဆးမႈမလုပ္ခဲ့ရေသးပဲ သူ႕မွာ ကေလး ၈ ေယာက္ရွိေနတဲ့အတြက္ ေၾကာက္ရြံ႕ ထိတ္လန္႔ေနခဲ့တယ္လို႔ ဆိုပါတယ္။

ေဂါ့တ္ဖေရးက “အခု က်ေနာ္ စိုးရိမ္ထိတ္လန္႔ေနမိတယ္။ က်ေနာ့္ရဲ႕ သမီးေလး ဟာလည္း က်ေနာ့္လိုပဲ ျဖစ္လာမွာ။ သူ႕ရဲ႕ ေခါင္းကို ၾကည့္လိုက္ရင္ က်ေနာ့္လို ျဖစ္လာ ဦးမွာ။ က်ေနာ့္ရဲ႕ ကေလးေတြဟာ ငယ္လြန္းၾကေသးတဲ့အတြက္ က်ေနာ္သာ ေသသြားခဲ့ ရင္ ဘာေတြ ဆက္ျဖစ္မလဲဆိုတာကို က်ေနာ္ေတြးၿပီး စိတ္ပူေနမိတယ္”လို႔ ေျပာပါတယ္။

အမ္ဘရာရာေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာ တိုနီ ၀ီလ္ဆင္က သူ႕ရဲ႕ က်န္းမာ ေရးအေျခအေနဟာ က်ေနတယ္လို႔ ဆိုပါတယ္။

“သူ႕ရဲ႕ ေခါင္းထဲမွာ သာမာန္မဟုတ္တဲ့ အေျခအေနတခုျဖစ္ေနတယ္။ ဦးေႏွာက္ ရဲ႕ အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားဟာလည္း ဖိအားေတြရွိေနတယ္။ သူ႕ကိုယ္ေနဟန္ ခ်က္ဟာလည္း ရင္ဘတ္ေပၚတည္မွီေနရတဲ့အတြက္ အသက္ရႈရခက္ေနတယ္။”

လူ႔ခႏၶာကိုယ္တြင္း ပံုရိပ္ဖမ္းစက္(အမ္အာရ္အိုင္)နဲ႔ က်န္းမာေရး စစ္ေဆးမႈလုပ္အ ၿပီး သီတင္း ၆ ပါတ္အၾကာမွာ ခုလိုေျပာလိုက္တာပါ။

သူခံစားေနရတဲ့ ေရာဂါဟာ ဖိုင္ဘ႐ို ဒိုင္ဆပလာစီယာလို႔ေခၚၿပီး ဒီေရာဂါေၾကာင့္ ဆဲလ္ေတြနဲ႔ တစ္ရွႈးေတြဟာ ႀကီးထြားမႈအေပၚ အက်ိဳးသက္ေရာက္ေစတာပါ။

ခက္ခဲတဲ့ ဘ၀နဲ႔စခဲ့ရတဲ့ ေဂါ့ဒ္ဖေရးက “က်ေနာ့္ကို ေမြးလာခ်ိန္မွာ အေမက က် ေနာ့္ကို ၾကည့္ၿပီး သာမန္ကေလးတေယာက္မဟုတ္ဘူးဆိုၿပီး စြန္႔ပစ္ခဲ့တယ္။ က်ေနာ့္ကို ျပဳစုေစာင့္ေရွာက္ခဲ့တဲ့ အဖြားကိုပဲ ေက်းဇူးတင္ရမွာပါ။ က်ေနာ္ လူေတြနဲ႔ ေရာေထြးပတ္ သက္ရမွာကို ေၾကာက္ခဲ့တယ္။ က်ေနာ့္ရဲ႕ ထူးဆန္းတဲ့ သြင္ျပင္ေၾကာင့္ လူေတြဟာ က်ေနာ့္ကို လူမဟုတ္ဘူးလို႔ ေျပာၾကတယ္။ ဒါေပမယ့္ ခုေတာ့ က်ေနာ္ဟာလည္း လူထဲ ကလူဆိုတာ လက္ခံလိုက္ပါၿပီ”လို႔ ေျပာပါတယ္။

ေဂါ့ဒ္ဖေရးဟာ ဖိနပ္တိုက္တဲ့ အလုပ္နဲ႔ အသက္ေမြး၀မ္းေက်ာင္းခဲ့ရၿပီး တေန႔မွာေတာ့ လူတေယာက္က ေရာက္လာခဲ့ၿပီး သူ႔ကို ေဖ်ာ္ေျဖေရးလုပ္ငန္းတခုမွာ အလုပ္လုပ္ဖို႔ ကမ္းလွမ္းခဲ့တာပါ။

“ခုေတာ့ က်ေနာ့္မွာ မိတ္ေဆြေတြလည္း ရွိေနၿပီ။ သူတို႔ေတြ က်ေနာ့္ကို ေခၚေျပာ ၾကတယ္။ ေဖ်ာ္ေျဖေရးေတြမွာ ပါ၀င္ႏိုင္ဖို႔ ေခၚၾကတယ္။ ပိုက္ဆံေတြ ေပးတယ္။ ဒါက က် ေနာ့္ ကေလးေတြကို ျပဳစုေစာင့္ေရွာက္ဖို႔ အကူအညီေပးပါတယ္။”

ေဂါ့ဒ္ဖေရးဟာ ပထမ အိမ္   ေထာင္နဲ႔ ကေလး ၂ ဦးရရွိခဲ့ၿပီးေနာက္မွာ ကံမေကာင္းစြာပဲ လမ္းခြဲခဲ့ရတာပါ။

လြန္ခဲ့တဲ့ ၈ ႏွစ္ေလာက္ကေတာ့ သူဟာ အခ်စ္စစ္နဲ႔ ေတြ႔ခဲ့ၿပီး ဇနီးျဖစ္သူျဖစ္လာမယ့္ နာမန္ဒီ ကိတ္နဲ႔ လက္ထပ္ခဲ့ကာ ကေလး ၆ ဦးထပ္မံေမြးဖြားခဲ့ပါတယ္။

နာမန္ဒီက “ေဂါ့ဒ္ဖေရးဟာ အျပင္မွာ မေခ်ာပါဘူး။ ဒါေပမယ့္ သူ႕မွာ စိတ္ေကာင္း ႏွလံုးေကာင္းရွိတယ္ေလ။ အဲဒါကို က်မျမင္သလို လူေတြကို ျမင္ေစခ်င္တာပါပဲ”လို႔ ေျပာပါတယ္။

ေဂါ့ဒ္ဖေရးရဲ႕ အေၾကာင္းကို Body Bizarre အမည္နဲ႔ TLC ရုပ္သံခ်န္နယ္ကေန ဒီကေန႔ည ၁၀ နာရီမွာ ထုတ္လႊင့္ေတာ့မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ယူဂန္ဒာနိုင်ငံမှ ပုံပျက်ပန်းပျက်ဦးခေါင်းပါ အမျိုးသားတဦးဟာ နိုင်ငံရဲ့ အထူးဆန်းဆုံး အမျိုးသားတဦးအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက်မှာ ကျော်ကြားသူပေါ့ပ်စတားတဦး ဖြစ်လာခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၄၇ နှစ်အရွယ် ဂေါ့ဒ်ဖရေး ဘာဂူမာဟာ လက်ရှိမှာတော့ ဒေသတွင်း နာမည်ကျော်တဦးဖြစ်နေခဲ့ပြီး သူပါဝင်သီဆိုတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုဘ်အင်တာ နက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုမှု ၃ သန်းထိ ရှိနေခဲ့တာပါ။

ပုံပျက်ပန်းပျက်ဖြစ်နေခဲ့တဲ့ သူ့ရဲ့ ဦးခေါင်းဟာ အရင်ကတကြိမ်တခါမှ ကျန်းမာ ရေးစစ်ဆေးမှုမလုပ်ခဲ့ရသေးပဲ သူ့မှာ ကလေး ၈ ယောက်ရှိနေတဲ့အတွက် ကြောက်ရွံ့ ထိတ်လန့်နေခဲ့တယ်လို့ ဆိုပါတယ်။

ဂေါ့တ်ဖရေးက “အခု ကျနော် စိုးရိမ်ထိတ်လန့်နေမိတယ်။ ကျနော့်ရဲ့ သမီးလေး ဟာလည်း ကျနော့်လိုပဲ ဖြစ်လာမှာ။ သူ့ရဲ့ ခေါင်းကို ကြည့်လိုက်ရင် ကျနော့်လို ဖြစ်လာ ဦးမှာ။ ကျနော့်ရဲ့ ကလေးတွေဟာ ငယ်လွန်းကြသေးတဲ့အတွက် ကျနော်သာ သေသွားခဲ့ ရင် ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ကျနော်တွေးပြီး စိတ်ပူနေမိတယ်”လို့ ပြောပါတယ်။

အမ်ဘရာရာဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ တိုနီ ဝီလ်ဆင်က သူ့ရဲ့ ကျန်းမာ ရေးအခြေအနေဟာ ကျနေတယ်လို့ ဆိုပါတယ်။

“သူ့ရဲ့ ခေါင်းထဲမှာ သာမာန်မဟုတ်တဲ့ အခြေအနေတခုဖြစ်နေတယ်။ ဦးနှောက် ရဲ့ အစိတ်အပိုင်းတော်တော်များများဟာလည်း ဖိအားတွေရှိနေတယ်။ သူ့ကိုယ်နေဟန် ချက်ဟာလည်း ရင်ဘတ်ပေါ်တည်မှီနေရတဲ့အတွက် အသက်ရှုရခက်နေတယ်။”

လူ့ခန္ဓာကိုယ်တွင်း ပုံရိပ်ဖမ်းစက်(အမ်အာရ်အိုင်)နဲ့ ကျန်းမာရေး စစ်ဆေးမှုလုပ်အ ပြီး သီတင်း ၆ ပါတ်အကြာမှာ ခုလိုပြောလိုက်တာပါ။

သူခံစားနေရတဲ့ ရောဂါဟာ ဖိုင်ဘရို ဒိုင်ဆပလာစီယာလို့ခေါ်ပြီး ဒီရောဂါကြောင့် ဆဲလ်တွေနဲ့ တစ်ရှှုးတွေဟာ ကြီးထွားမှုအပေါ် အကျိုးသက်ရောက်စေတာပါ။
READ  သန်း၅၀မှာ ၁ ဦးသာ ဖြစ်တဲ့ အသားကြီးထွားရောဂါ

ခက်ခဲတဲ့ ဘဝနဲ့စခဲ့ရတဲ့ ဂေါ့ဒ်ဖရေးက “ကျနော့်ကို မွေးလာချိန်မှာ အမေက ကျ နော့်ကို ကြည့်ပြီး သာမန်ကလေးတယောက်မဟုတ်ဘူးဆိုပြီး စွန့်ပစ်ခဲ့တယ်။ ကျနော့်ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဖွားကိုပဲ ကျေးဇူးတင်ရမှာပါ။ ကျနော် လူတွေနဲ့ ရောထွေးပတ် သက်ရမှာကို ကြောက်ခဲ့တယ်။ ကျနော့်ရဲ့ ထူးဆန်းတဲ့ သွင်ပြင်ကြောင့် လူတွေဟာ ကျနော့်ကို လူမဟုတ်ဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ခုတော့ ကျနော်ဟာလည်း လူထဲ ကလူဆိုတာ လက်ခံလိုက်ပါပြီ”လို့ ပြောပါတယ်။

ဂေါ့ဒ်ဖရေးဟာ ဖိနပ်တိုက်တဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းခဲ့ရပြီး တနေ့မှာတော့ လူတယောက်က ရောက်လာခဲ့ပြီး သူ့ကို ဖျော်ဖြေရေးလုပ်ငန်းတခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တာပါ။

“ခုတော့ ကျနော့်မှာ မိတ်ဆွေတွေလည်း ရှိနေပြီ။ သူတို့တွေ ကျနော့်ကို ခေါ်ပြော ကြတယ်။ ဖျော်ဖြေရေးတွေမှာ ပါဝင်နိုင်ဖို့ ခေါ်ကြတယ်။ ပိုက်ဆံတွေ ပေးတယ်။ ဒါက ကျ နော့် ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အကူအညီပေးပါတယ်။”

ဂေါ့ဒ်ဖရေးဟာ ပထမအိမ်ထောင်နဲ့ ကလေး ၂ ဦးရရှိခဲ့ပြီးနောက်မှာ ကံမကောင်းစွာပဲ လမ်းခွဲခဲ့ရတာပါ။

လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတော့ သူဟာ အချစ်စစ်နဲ့ တွေ့ခဲ့ပြီး ဇနီးဖြစ်သူဖြစ်လာမယ့် နာမန်ဒီ ကိတ်နဲ့ လက်ထပ်ခဲ့ကာ ကလေး ၆ ဦးထပ်မံမွေးဖွားခဲ့ပါတယ်။

နာမန်ဒီက “ဂေါ့ဒ်ဖရေးဟာ အပြင်မှာ မချောပါဘူး။ ဒါပေမယ့် သူ့မှာ စိတ်ကောင်း နှလုံးကောင်းရှိတယ်လေ။ အဲဒါကို ကျမမြင်သလို လူတွေကို မြင်စေချင်တာပါပဲ”လို့ ပြောပါတယ်။

ဂေါ့ဒ်ဖရေးရဲ့ အကြောင်းကို Body Bizarre အမည်နဲ့ TLC ရုပ်သံချန်နယ်ကနေ ဒီကနေ့ည ၁၀ နာရီမှာ ထုတ်လွှင့်တော့မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top