Property Expo
×

ကုိယ္ကာယေလ့က်င့္ခန္းကို စိတ္ေပ်ာ္ရႊင္မႈတိုးျမင့္ေပးတဲ့အရာနဲ႔ စိတ္ဖိစီးမႈသက္သာေစတဲ့အရာလုိ႔ ရႈျမင္ၾကပါတယ္။ ေလ့က်င့္ခန္းက စိတ္ဖိစီးမႈေဟာ္မုန္းေလွ်ာ့နည္းေစျပီး စိတ္ထဲရိွတဲ့ အရာေတြ ကြက္ေပ်ာက္ေစႏုိင္ပါတယ္။

Heart Association ဂ်ာနယ္မွာ ေဖာ္ျပတဲ့ သုေတသနသစ္က အရက္မူးတဲ့အခ်ိန္ေလ့က်င့္ခန္းလုပ္တာ စိတ္က်န္းမာေရးအတြက္ အံ့မခန္းဖြယ္ျပဳလုပ္ေပးေနစဥ္မွာ ရုပ္ပုိင္းအရ ေကာင္းက်ဳိးထက္ ဆုိးက်ဳိးပိုျဖစ္ေစႏုိင္တယ္လုိ႔ ေဖာ္ျပထားပါတယ္။ သုေတသီေတြအေနနဲ႔ ႏွလုံးေရာဂါေဝဒနာရွင္ ၁၂,၄၆၁ ကို စစ္တမ္းေကာက္ယူရာမွာ အၾကမ္းဖ်င္းအေနနဲ႔ ၇ ေယာက္မွာ ၁ေယာက္က ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ အမ်က္ေဒါသထြက္ေနခဲ့ေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ အဲဒီလုိအားသြန္ခြန္စိုက္ ေလ့က်င့္ခန္းေဆာင္ရြက္ျပီးေနာက္ပုိင္း ႏွလုံးေရာဂါရရိွႏုိင္ေျခ ၃ဆ ပိုမ်ားပါတယ္။

ကုိယ္ကာယလႈပ္ရွားမႈနဲ႔ ျပင္းထန္တဲ့ စိတ္ခံစားခ်က္ႏွစ္ခုစလုံးက ေသြးေပါင္နဲ႔ ႏွလုံးခုန္ႏႈန္း ျမင့္တက္ေစျပီး ပိုမိုေကာင္းမြန္တဲ့ ေသြးလည္ပတ္မႈစနစ္ ေတာင္းဆုိပါတယ္။ အရင္က ေသြးလႊတ္ေၾကာျပသနာရိွထားပါက ေလ့က်င့္ခန္းနဲ႔ စိတ္ခံစားခ်က္ေပါင္းစပ္ျခင္းက ေသြးခဲမႈအလြယ္တကူျဖစ္ပြားေစကာ ႏွလုံးေရာဂါျဖစ္ေပၚေစပါတယ္။

ေလ့လာမႈမွာ ပါဝင္သူအမ်ားစုက ပွ်မ္းမွ် အသက္ ၅၈ အရြယ္ အမ်ဳိးသားေတြျဖစ္ျပီး ပုံမွန္ထက္ ရုပ္ရည္ပိုအုိစာၾကတာ ေတြ႔ရပါတယ္။ သူတုိ႔ေတြဟာ ေဒါသျဖစ္ေနခ်ိန္ သဲၾကီးမဲၾကီး ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ေၾကာင္း ကုိယ္တုိင္ေျပာဆိုခဲ့ၾကျပီး ညေနဘက္ေလ့က်င့္ခန္းျပဳလုပ္တတ္သူေတြျဖစ္ၾကပါတယ္။ သုေတသီေတြအေနနဲ႔ ယင္းရလဒ္ေတြကို အေလးအနက္ထားျပီး ေဒါသထြက္တဲ့အခ်ိန္ ေလ့က်င့္ခန္းကို အထူးသတိထား ျပဳမူလုပ္ေဆာင္ဖုိ႔ တုိက္တြန္းထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ကိုယ်ကာယလေ့ကျင့်ခန်းကို စိတ်ပျော်ရွှင်မှုတိုးမြင့်ပေးတဲ့အရာနဲ့ စိတ်ဖိစီးမှုသက်သာစေတဲ့အရာလို့ ရှုမြင်ကြပါတယ်။ လေ့ကျင့်ခန်းက စိတ်ဖိစီးမှုဟော်မုန်းလျှော့နည်းစေပြီး စိတ်ထဲရှိတဲ့ အရာတွေ ကွက်ပျောက်စေနိုင်ပါတယ်။

Heart Association ဂျာနယ်မှာ ဖော်ပြတဲ့ သုတေသနသစ်က အရက်မူးတဲ့အချိန်လေ့ကျင့်ခန်းလုပ်တာ စိတ်ကျန်းမာရေးအတွက် အံ့မခန်းဖွယ်ပြုလုပ်ပေးနေစဉ်မှာ ရုပ်ပိုင်းအရ ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သုတေသီတွေအနေနဲ့ နှလုံးရောဂါဝေဒနာရှင် ၁၂,၄၆၁ ကို စစ်တမ်းကောက်ယူရာမှာ အကြမ်းဖျင်းအနေနဲ့ ၇ ယောက်မှာ ၁ယောက်က လေ့ကျင့်ခန်းလုပ်တဲ့အချိန် အမျက်ဒေါသထွက်နေခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အဲဒီလိုအားသွန်ခွန်စိုက် လေ့ကျင့်ခန်းဆောင်ရွက်ပြီးနောက်ပိုင်း နှလုံးရောဂါရရှိနိုင်ခြေ ၃ဆ ပိုများပါတယ်။

ကိုယ်ကာယလှုပ်ရှားမှုနဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်နှစ်ခုစလုံးက သွေးပေါင်နဲ့ နှလုံးခုန်နှုန်း မြင့်တက်စေပြီး ပိုမိုကောင်းမွန်တဲ့ သွေးလည်ပတ်မှုစနစ် တောင်းဆိုပါတယ်။ အရင်က သွေးလွှတ်ကြောပြသနာရှိထားပါက လေ့ကျင့်ခန်းနဲ့ စိတ်ခံစားချက်ပေါင်းစပ်ခြင်းက သွေးခဲမှုအလွယ်တကူဖြစ်ပွားစေကာ နှလုံးရောဂါဖြစ်ပေါ်စေပါတယ်။

လေ့လာမှုမှာ ပါဝင်သူအများစုက ပျှမ်းမျှ အသက် ၅၈ အရွယ် အမျိုးသားတွေဖြစ်ပြီး ပုံမှန်ထက် ရုပ်ရည်ပိုအိုစာကြတာ တွေ့ရပါတယ်။ သူတို့တွေဟာ ဒေါသဖြစ်နေချိန် သဲကြီးမဲကြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ကြောင်း ကိုယ်တိုင်ပြောဆိုခဲ့ကြပြီး ညနေဘက်လေ့ကျင့်ခန်းပြုလုပ်တတ်သူတွေဖြစ်ကြပါတယ်။ သုတေသီတွေအနေနဲ့ ယင်းရလဒ်တွေကို အလေးအနက်ထားပြီး ဒေါသထွက်တဲ့အချိန် လေ့ကျင့်ခန်းကို အထူးသတိထား ပြုမူလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top