Property Expo
×

ေအာင္ျမင္ေပ်ာ္႐ႊင္ေနသူေတြဆီမွာ ထူးျခားတူညီတဲ့ အရည္အေသြးေတြ အၿမဲေတြ႔ရေလ့ရွိတယ္ဆိုတာ မၾကာခဏ ၾကားေနၾက စကားျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ထံက အဲဒီအမူအက်င့္ေတြကို သတိေမ့ေနတတ္ၾကၿပီး အၿမဲလိုလို လိုက္နာက်င့္သံုးဖို႔ သတိမရျဖစ္ေနတတ္ပါတယ္။

လူႀကိဳက္မ်ား ေအာင္ျမင္သူေတြထံမွာ ေတြ႔ရေလ့ရွိတဲ့ အမူအက်င့္ (၇) မ်ိဳး ရွိပါတယ္။ ၁၉၃၇ ခုႏွစ္တုန္းက

စာေရးဆရာ နပိုလီယံေဟးလ္ရဲ႕ Think and Grow Rich ဆိုတဲ့ စာအုပ္ဟာ အုပ္ေရ သန္း ၁၀၀ ေက်ာ္ေအာင္ ေရာင္းခ်ခဲ့ရၿပီး ဒီစာအုပ္ထဲက တစ္ခ်ိဳ႕ကို ေကာက္ႏႈတ္ေဖာ္ျပတာ ျဖစ္ပါတယ္။

၁။ အေကာင္းျမင္စိတ္ ေမြးျမဴ

အေကာင္းျမင္စိတ္ ေမြးျမဴၿပီး ျပဳစုပ်ိဳးေထာင္တတ္ျခင္းဟာ မိမိအတြက္ မ်ားစြာ အေရးပါေနပါတယ္။ ထူးျခားတဲ့ ကိုယ္ရည္ကိုယ္ေသြး ရွိသူေတြက အေကာင္းျမင္စိတ္ကို ေမြးျမဴၿပီး အျပစ္တင္တာကို မလုပ္တတ္ၾကပါဘူး။

၂။ စကားထိန္းေျပာတတ္

ေရွး႐ိုးစြဲ စည္းကမ္းေတြ၊ စံႏႈန္းေတြကိုေတာ့ သူတို႔လိုက္နာခ်င္မွ လိုက္နာပါလိမ့္မယ္။ ဒါေပမယ့္ က်င့္ဝတ္ရွိၿပီး စကားေျပာရာမွာ ေႏြးေထြးမႈ ရွိပါတယ္။

၃။ အျခားသူကို အေလးေပး

သူမ်ား စကားေျပာေနရင္ ကိုယ့္စကားကို ဝင္ေျပာဖို႔ေလာက္ မစဥ္းစားပဲ ေသခ်ာဂ႐ုစိုက္ နားေထာင္ေနတတ္ပါတယ္။

၄။ စိတ္ရွည္

သူတို႔ဟာ စိတ္လည္းရွည္ၾကသူေတြပါ။ အမ်ားကို စိတ္ရွည္သည္းခံတဲ့ အမူအရာနဲ႔ စကားေတြ ေျပာျခင္းဟာ ေအာင္ျမင္မႈအတြက္ အဓိကက်ပါတယ္။

၅။ အၿမဲၿပံဳးတတ္သူမ်ားျဖစ္

ေနာက္ထူးျခားတာက တစ္ခုက ေအာင္ျမင္သူစကားေျပာတဲ့အခါ အၿမဲၿပံဳးေနတတ္ပါတယ္။ လမ္းမွာေတြ႔ရင္ သူတို႔ဘက္က စၿပံဳးျပဖို႔ ဝန္မေလးတတ္ပါဘူး။

၆။ ကိုယ့္ကိုကိုယ္ ဦးစားမေပး

ကိုယ့္ရဲ႕စိတ္ကူးအႀကံဥာဏ္ကမွ အမွန္ဆံုး၊ အေကာင္းဆံုးဆိုတာမ်ိဳး သူတို႔ျပေလ့မရွိပါဘူး။ အျခားသူေတြရဲ႕ အႀကံဥာဏ္ကို ဂ႐ုတစိုက္နားေထာင္ၿပီး ေမးခြန္းထုတ္ပါတယ္။

၇။ သင္ခန္းစာယူတတ္

သူတို႔လည္း မၾကာခဏ ႐ံႈးနိမ့္တာမ်ိဳး၊ မေအာင္ျမင္တာမ်ိဳးေတြ ႀကံဳရပါတယ္။ ဒါေပမယ့္ စိတ္မညစ္ပဲ သင္ခန္းစာ ယူတက္ၾကသူေတြပါ။

၈။ ခ်ီးက်ဴးတတ္

အျခားတစ္ေယာက္က ေျပာင္ေျမာက္တဲ့စြမ္းေဆာင္မႈ တစ္ခုလုပ္ျပလိုက္ရင္လည္း ပါးစပ္က ထုတ္ၿပီးခ်ီးက်ဴးဖို႔ ဝန္ေလးသူေတြမဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

အောင်မြင်ပျော်ရွှင်နေသူတွေဆီမှာ ထူးခြားတူညီတဲ့ အရည်အသွေးတွေ အမြဲတွေ့ရလေ့ရှိတယ်ဆိုတာ မကြာခဏ ကြားနေကြ စကားဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ထံက အဲဒီအမူအကျင့်တွေကို သတိမေ့နေတတ်ကြပြီး အမြဲလိုလို လိုက်နာကျင့်သုံးဖို့ သတိမရဖြစ်နေတတ်ပါတယ်။

လူကြိုက်များ အောင်မြင်သူတွေထံမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့် (၇) မျိုး ရှိပါတယ်။ ၁၉၃၇ ခုနှစ်တုန်းက

စာရေးဆရာ နပိုလီယံဟေးလ်ရဲ့ Think and Grow Rich ဆိုတဲ့ စာအုပ်ဟာ အုပ်ရေ သန်း ၁၀၀ ကျော်အောင် ရောင်းချခဲ့ရပြီး ဒီစာအုပ်ထဲက တစ်ချို့ကို ကောက်နှုတ်ဖော်ပြတာ ဖြစ်ပါတယ်။

၁။ အကောင်းမြင်စိတ် မွေးမြူ

အကောင်းမြင်စိတ် မွေးမြူပြီး ပြုစုပျိုးထောင်တတ်ခြင်းဟာ မိမိအတွက် များစွာ အရေးပါနေပါတယ်။ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိသူတွေက အကောင်းမြင်စိတ်ကို မွေးမြူပြီး အပြစ်တင်တာကို မလုပ်တတ်ကြပါဘူး။

၂။ စကားထိန်းပြောတတ်

ရှေးရိုးစွဲ စည်းကမ်းတွေ၊ စံနှုန်းတွေကိုတော့ သူတို့လိုက်နာချင်မှ လိုက်နာပါလိမ့်မယ်။ ဒါပေမယ့် ကျင့်ဝတ်ရှိပြီး စကားပြောရာမှာ နွေးထွေးမှု ရှိပါတယ်။

၃။ အခြားသူကို အလေးပေး

သူများ စကားပြောနေရင် ကိုယ့်စကားကို ဝင်ပြောဖို့လောက် မစဉ်းစားပဲ သေချာဂရုစိုက် နားထောင်နေတတ်ပါတယ်။

၄။ စိတ်ရှည်

သူတို့ဟာ စိတ်လည်းရှည်ကြသူတွေပါ။ အများကို စိတ်ရှည်သည်းခံတဲ့ အမူအရာနဲ့ စကားတွေ ပြောခြင်းဟာ အောင်မြင်မှုအတွက် အဓိကကျပါတယ်။

၅။ အမြဲပြုံးတတ်သူများဖြစ်

နောက်ထူးခြားတာက တစ်ခုက အောင်မြင်သူစကားပြောတဲ့အခါ အမြဲပြုံးနေတတ်ပါတယ်။ လမ်းမှာတွေ့ရင် သူတို့ဘက်က စပြုံးပြဖို့ ဝန်မလေးတတ်ပါဘူး။

၆။ ကိုယ့်ကိုကိုယ် ဦးစားမပေး

ကိုယ့်ရဲ့စိတ်ကူးအကြံဉာဏ်ကမှ အမှန်ဆုံး၊ အကောင်းဆုံးဆိုတာမျိုး သူတို့ပြလေ့မရှိပါဘူး။ အခြားသူတွေရဲ့ အကြံဉာဏ်ကို ဂရုတစိုက်နားထောင်ပြီး မေးခွန်းထုတ်ပါတယ်။

၇။ သင်ခန်းစာယူတတ်

သူတို့လည်း မကြာခဏ ရှုံးနိမ့်တာမျိုး၊ မအောင်မြင်တာမျိုးတွေ ကြုံရပါတယ်။ ဒါပေမယ့် စိတ်မညစ်ပဲ သင်ခန်းစာ ယူတက်ကြသူတွေပါ။

၈။ ချီးကျူးတတ်

အခြားတစ်ယောက်က ပြောင်မြောက်တဲ့စွမ်းဆောင်မှု တစ်ခုလုပ်ပြလိုက်ရင်လည်း ပါးစပ်က ထုတ်ပြီးချီးကျူးဖို့ ဝန်လေးသူတွေမဟုတ်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top