Property Expo
×
Credit:Trend Myanmar
#Unicode Version
မျက်လုံးအညိုရောင်ရှိတဲ့သူတွေမှာ သူတို့ကိုယ်တိုင်တောင် သတိမထားမိတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေရှိပါတယ်။ အညိုရောင် မျက်ဝန်းပိုင်ရှင်တွေမှာ ထူးဆန်းတဲ့ ယုံကြည်ချင်စရာကောင်းတဲ့ အင်အားတစ်မျိုးကို ပိုင်ဆိုင်ပါတယ်။
ကိုယ့်ကို စကားပြောနေသူတစ်ယောက်က ကိုယ့်ရဲ့ အညိုရောင်မျက်ဝန်းတွေကို ကြည့်ပြီး ယုံကြည်စိတ်တွေဖြစ်ပေါ်လာတတ်တဲ့အတွက် သူတို့ရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တွေကိုတောင် ထုတ်ဖော်ပြောပြလေ့ ရှိပါတယ်။ မိတ်ဆွေအပေါင်းအသင်းပေါများပြီး ကိုယ်နဲ့ မသိသေးတဲ့ လူတွေကလည်း ကိုယ်နဲ့ မိတ်ဆွေ ဖြစ်လိုကြပါတယ်။
ပညာရှင်များက အညိုရောင် မျက်လုံးပိုင်ရှင်တွေက ဘဝကို ပျော်ရွှင်စေနိုင်တဲ့ စွမ်းအားပြင်းတဲ့ စိတ်ဝိဉာဏ်တစ်မျိုးကို ပိုင်ဆိုင်ကြတယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရောဂါဝေဒနာ ခံစားနေရချိန်မှာတောင် ဘဝကို ပျော်ရွှင်အောင် နေတတ်ကြပါတယ်လို့ စိတ္တဗေဒ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
စိတ်ခံစားချက်နုနယ်ပြီး တခြားသူတွေရဲ့ ပြဿနာတွေ ၊နာကျင်မှုတွေအတွက် စာနာသနားကာ မျက်ရည်ကျတတ်သူတွေ ဖြစ်ပါတယ်။ တခြားလူတွေရဲ့ စိတ်ခံစားချက်တွေကိုလည်း နားလည်ပေးနိုင်ပါတယ်။ စိတ်သဘောထားကောင်းတဲ့ သူတွေဖြစ်ပြီး အမျိုးသမီးတွေကတော့ မေတ္တာတရားကို ပိုမိုပြတတ်ပြီး ချစ်ရတဲ့သူအတွက် အရာအားလုံးဖြည့်ဆည်းပေးချင်သူတွေ ဖြစ်ပါတယ်။
အညိုရောင် မျက်ဝန်းပိုင်ရှင်တွေက လူသားအဆန်ဆုံး မျက်ဝန်းပိုင်ရှင်တွေဖြစ်ပြီး နေရာတိုင်းမှာ ကိုယ့်ရဲ့ စိတ်သဘောထားနူးညံ့မှုကို အခွင့်အရေးမယူခံရဖို့ကိုတော့ သတိထားသင့်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top