Property Expo
×

ၿပီးခဲ့တဲ့ ႏွစ္ပတ္ေလာက္ကစလုိ႔ အေမရိကန္တစ္ဝွမ္းလံုးမွာ ဂ်ဳိကာဝတ္စံုဝတ္ထားသူေတြဟာ လူေတြကို ေျခာက္လွန္႔ေနၿပီး တစ္ခါတရံမွာ တုိက္ခိုက္မႈေတြေတာင္ ရွိေနတယ္လို႔ သိရပါတယ္။

အြန္လုိင္းေပၚကေန ဂ်ဳိကာေတြက သူတုိ႔နဲ႔ သူတုိ႔ေက်ာင္းေတြကို ၿခိမ္းေျခာက္ေနတယ္လို႔ ေက်ာင္းသူေက်ာင္းသားေတြကလည္း တုိင္ၾကားလ်က္ရွိပါတယ္။

ဒီျပႆနာဟာ အရမ္းကို ပ်ံ႕ႏွံ႔ေနၿပီး ႏိုင္ငံအဆင့္ ေၾကာက္ရြံ႕မႈအျဖစ္ ျပင္းထန္ေနပါၿပီ။

ဂ်ဳိကာေတြဟာ ျပတင္းေပါက္ေတြကို ထု႐ိုက္ျခင္း၊ လူေတြေနာက္ကို လိုက္ျခင္းတို႔သာမက ကိုယ္ထိလက္ေရာက္ တုိက္ခိုက္မႈေတြအထိ ရွိေနၾကာင္း တိုင္ၾကားမႈေတြ ရွိေနပါတယ္။

ဆိုရွယ္မီဒီယာကတစ္ဆင့္ ေက်ာင္းေတြကို ေျခာက္လွန္႔ေနတဲ့အတြက္ မိဘေတြကလည္း စိုးရိမ္ေနၾကပါတယ္။

ယင္းေျခာက္လွန္႔မႈေတြကို ျပည္နယ္အသီးသီးက ေက်ာင္းေတြဆီ ေရာက္ရွိလာေပမဲ့ အေကာင့္ေတြက ဂ်ဳိကာနာမည္ေတြက တူညီေနတာကို ေတြ႕ရပါတယ္။

ဂ်ဳိကာလို ဝတ္ဆင္ထားသူတစ္ဦးက တုိက္ခုိက္တယ္လို႔ အိုဟိုင္းအိုးျပည္နယ္က အမ်ဳိးသမီးတစ္ဦးက တုိင္ၾကားခဲ့တဲ့အျပင္ ကေလးေတြကိုလည္း ေတာထဲကို ေသြးေဆာင္ေခၚယူမႈေတြ ရွိေနတယ္လို႔ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ တုိင္ၾကားမႈေတြ ရွိေနပါတယ္။

ေျခာက္လွန္႔မႈေတြ ရွိေနဆဲျဖစ္သလို ဂ်ဳိကာအေတာ္မ်ားမ်ားကိုလည္း ဖမ္းဆီးမိထားပါတယ္။

ဖမ္းဆီးမိသူေတြထဲမွာ ဂ်ဳိကာလိုဝတ္ဆင္ၿပီး တျခားသူေတြကို ေျခာက္လွန္႔ေနတဲ့ ေက်ာင္းသားေတြလည္း ပါဝင္သလို ဘာဂ်ီးနီးယားက အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးကိုလည္း သူမရဲ႕ဆရာမကိုသတ္ဖုိ႔ ဆုိရွယ္မီဒီယာကေန ဂ်ဳိကာတစ္ေယာက္ ေတာင္းဆုိခဲ့တဲ့အတြက္ ဖမ္းဆီးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစလို့ အမေရိကန်တစ်ဝှမ်းလုံးမှာ ဂျိုကာဝတ်စုံဝတ်ထားသူတွေဟာ လူတွေကို ခြောက်လှန့်နေပြီး တစ်ခါတရံမှာ တိုက်ခိုက်မှုတွေတောင် ရှိနေတယ်လို့ သိရပါတယ်။

အွန်လိုင်းပေါ်ကနေ ဂျိုကာတွေက သူတို့နဲ့ သူတို့ကျောင်းတွေကို ခြိမ်းခြောက်နေတယ်လို့ ကျောင်းသူကျောင်းသားတွေကလည်း တိုင်ကြားလျက်ရှိပါတယ်။

ဒီပြဿနာဟာ အရမ်းကို ပျံ့နှံ့နေပြီး နိုင်ငံအဆင့် ကြောက်ရွံ့မှုအဖြစ် ပြင်းထန်နေပါပြီ။

ဂျိုကာတွေဟာ ပြတင်းပေါက်တွေကို ထုရိုက်ခြင်း၊ လူတွေနောက်ကို လိုက်ခြင်းတို့သာမက ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေအထိ ရှိနေကြာင်း တိုင်ကြားမှုတွေ ရှိနေပါတယ်။

ဆိုရှယ်မီဒီယာကတစ်ဆင့် ကျောင်းတွေကို ခြောက်လှန့်နေတဲ့အတွက် မိဘတွေကလည်း စိုးရိမ်နေကြပါတယ်။

ယင်းခြောက်လှန့်မှုတွေကို ပြည်နယ်အသီးသီးက ကျောင်းတွေဆီ ရောက်ရှိလာပေမဲ့ အကောင့်တွေက ဂျိုကာနာမည်တွေက တူညီနေတာကို တွေ့ရပါတယ်။

ဂျိုကာလို ဝတ်ဆင်ထားသူတစ်ဦးက တိုက်ခိုက်တယ်လို့ အိုဟိုင်းအိုးပြည်နယ်က အမျိုးသမီးတစ်ဦးက တိုင်ကြားခဲ့တဲ့အပြင် ကလေးတွေကိုလည်း တောထဲကို သွေးဆောင်ခေါ်ယူမှုတွေ ရှိနေတယ်လို့ ဂျော်ဂျီယာပြည်နယ်မှာ တိုင်ကြားမှုတွေ ရှိနေပါတယ်။

ခြောက်လှန့်မှုတွေ ရှိနေဆဲဖြစ်သလို ဂျိုကာအတော်များများကိုလည်း ဖမ်းဆီးမိထားပါတယ်။

ဖမ်းဆီးမိသူတွေထဲမှာ ဂျိုကာလိုဝတ်ဆင်ပြီး တခြားသူတွေကို ခြောက်လှန့်နေတဲ့ ကျောင်းသားတွေလည်း ပါဝင်သလို ဘာဂျီးနီးယားက အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကိုလည်း သူမရဲ့ဆရာမကိုသတ်ဖို့ ဆိုရှယ်မီဒီယာကနေ ဂျိုကာတစ်ယောက် တောင်းဆိုခဲ့တဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top