Kantharyar Centre
×

တရုတ္ႏိုင္ငံအေရွ႕ပိုင္းတြင္ ေမြးၿပီးၿပီးခ်င္း မၾကာမီတြင္ ေသဆံုးသြားခဲ့သည့္ ကေလး၏ ဖခင္က ဆရာ၀န္ကို ဓားျဖင့္ အေသထိုးသတ္ခဲ့သည္ဟု ဆိုသည္။

 ေအာက္တိုဘာလ ၃ရက္ေန႔က လိုင္၀ူရွိ လိုင္ကန္းေဆးရံုတြင္ ေဒါသထြြက္ေနသည့္ ေမြးကင္းစကေလး၏ ဖခင္ျဖစ္သူက ေဒါက္တာ လီေပါင္ဟြာ (၃၄ႏွစ္)ကို ဓားျဖင့္ ၁၅ခ်က္တိတိ ထိုးခဲ့သည္ဟု ဆိုသည္။ တိုက္ခိုက္သူမွာ ခ်င္ က်န္းလီဆိုသူ ျဖစ္သည္ဟု ဆုိသည္။
ခ်င္မွာ ဓားရွည္ႏွင့္ ဓားတိုတစ္ေခ်ာင္းကို လြယ္အိတ္ထဲ ၀ွက္ထည့္လာၿပီး ေဆးရံုထဲသို႔ ယူေဆာင္လာၿပီးေနာက္ ငါးထပ္ရွိ ေဒါက္တာလီ၏ ရံုးခန္းသို႔ သြားေရာက္ကာ တုိက္ခိုက္ခဲ့ျခင္းျဖစ္သည္ဟု ဆုိသည္။ အကူအညီေပးရန္ လာေရာက္သည့္ ေဒါက္တာလီ၏ မိတ္ေဆြမ်ားကိုလည္း တားဆီးခဲ့သည္ဟု ဆိုသည္။
ခြဲစိတ္ဆရာ၀န္မ်ားက ေဒါက္တာလီကို ကယ္ဆယ္ရန္ အသည္းအသန္ႀကိဳးစားခဲ့ေသာ္လည္း ေသဆံုးသြားခဲ့သည္ဟု ဆုိသည္။

လူမႈမီဒီယာတြင္ ေျပာၾကားၾကသည့္ စကားမ်ားအရ ခ်င္၏ ေမြးကင္းစကေလးငယ္မွာ ေသြးအဆိပ္သင့္ေရာဂါ၊ ႏ်ဴမိုးနီးယားေရာဂါမ်ားျဖင့္ ေသဆံုးသြားခဲ့သည္ဟု ဆုိသည္။ ေဆးရံု၀န္ထမ္းတစ္ဦး၏ ေျပာၾကားခ်က္အရ ကေလးမွာ သာမန္အဖ်ားတက္ရာမွ က်န္းမာေရးအေျခအေန လ်င္ျမန္စြာ ဆုတ္ယုတ္ပ်က္စီးသြားခဲ့သည္ဟု ဆိုသည္။ ခ်င္မွာ ျပင္းထန္ေသာ အျပစ္ေပးမႈႏွင့္ ရင္ဆုိင္ရဖြယ္ရွိေနသည္။

ယခုျဖစ္ရပ္မွာ တရုတ္ႏုိင္ငံတြင္ လူနာ (သို႔မဟုတ္)လူနာ၏ မိသားစုမ်ားက ေဆး၀န္ထမ္းမ်ားကို အၾကမ္းဖက္တိုက္ခိုက္သည့္ ျဖစ္ရပ္တသီတတန္းႀကီးထဲတြင္ လတ္တေလာအက်ဆံုးျဖစ္သည္။

စစ္တမ္းတစ္ခုအရ ၂၀၀၈ခုႏွစ္က ဆရာ၀န္မ်ားကို တိုက္ခိုက္မႈမွာ ပ်မ္းမွ် ေဆးရံုတစ္ရံုတြင္ ၂၀.၆မႈ ရွိခဲ့ရာမွ ၂၀၁၂ခုႏွစ္တြင္ ၂၇.၃မႈအထိ ျမင့္တက္လာခဲ့သည္ဟု ဆိုသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် မွေးပြီးပြီးချင်း မကြာမီတွင် သေဆုံးသွားခဲ့သည့် ကလေး၏ ဖခင်က ဆရာဝန်ကို ဓားဖြင့် အသေထိုးသတ်ခဲ့သည်ဟု ဆိုသည်။

 အောက်တိုဘာလ ၃ရက်နေ့က လိုင်ဝူရှိ လိုင်ကန်းဆေးရုံတွင် ဒေါသထွက်နေသည့် မွေးကင်းစကလေး၏ ဖခင်ဖြစ်သူက ဒေါက်တာ လီပေါင်ဟွာ (၃၄နှစ်)ကို ဓားဖြင့် ၁၅ချက်တိတိ ထိုးခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်သူမှာ ချင် ကျန်းလီဆိုသူ ဖြစ်သည်ဟု ဆိုသည်။

ချင်မှာ ဓားရှည်နှင့် ဓားတိုတစ်ချောင်းကို လွယ်အိတ်ထဲ ဝှက်ထည့်လာပြီး ဆေးရုံထဲသို့ ယူဆောင်လာပြီးနောက် ငါးထပ်ရှိ ဒေါက်တာလီ၏ ရုံးခန်းသို့ သွားရောက်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အကူအညီပေးရန် လာရောက်သည့် ဒေါက်တာလီ၏ မိတ်ဆွေများကိုလည်း တားဆီးခဲ့သည်ဟု ဆိုသည်။
ခွဲစိတ်ဆရာဝန်များက ဒေါက်တာလီကို ကယ်ဆယ်ရန် အသည်းအသန်ကြိုးစားခဲ့သော်လည်း သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

လူမှုမီဒီယာတွင် ပြောကြားကြသည့် စကားများအရ ချင်၏ မွေးကင်းစကလေးငယ်မှာ သွေးအဆိပ်သင့်ရောဂါ၊ နျူမိုးနီးယားရောဂါများဖြင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ဆေးရုံဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ ကလေးမှာ သာမန်အဖျားတက်ရာမှ ကျန်းမာရေးအခြေအနေ လျင်မြန်စွာ ဆုတ်ယုတ်ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ ချင်မှာ ပြင်းထန်သော အပြစ်ပေးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

ယခုဖြစ်ရပ်မှာ တရုတ်နိုင်ငံတွင် လူနာ (သို့မဟုတ်)လူနာ၏ မိသားစုများက ဆေးဝန်ထမ်းများကို အကြမ်းဖက်တိုက်ခိုက်သည့် ဖြစ်ရပ်တသီတတန်းကြီးထဲတွင် လတ်တလောအကျဆုံးဖြစ်သည်။

စစ်တမ်းတစ်ခုအရ ၂၀၀၈ခုနှစ်က ဆရာဝန်များကို တိုက်ခိုက်မှုမှာ ပျမ်းမျှ ဆေးရုံတစ်ရုံတွင် ၂၀.၆မှု ရှိခဲ့ရာမှ ၂၀၁၂ခုနှစ်တွင် ၂၇.၃မှုအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top