Property Expo
×









Credit : 7Day Daily

#Unicode Version

သွားတိုက်ဆေးနဲ့ ခံတွင်း သန့်စင်ဆေးတွေမှာ ပါတတ်တဲ့ ဓာတုပစ္စည်းတွေကြောင့် အခန့် မသင့်ရင် ခံတွင်းပြည်တည်နာလို မျိုးတွေ ဖြစ်တတ်တဲ့အတွက် ဆေးဖက်ဝင်အပင်တွေကိုသုံးပြီး ခံတွင်းကျန်းမာသန့်ရှင်းအောင် လုပ်ကြည့်ဖို့အတွက် မျှဝေချင်ပါ တယ်။

ရှားစောင်းလက်ပပ် - သွားဖုံး တွေရောင်ရမ်းတာ၊ ခံတွင်းမှာ အနာဖြစ်တာမျိုးတွေဆိုရင် ဘေး ထွက်ဆိုးကျိုးမရှိဘဲ ပျောက်ချင် ရင်တော့ ရှားစောင်းလက်ပပ်ကို သာသုံးပါ။ ဗီတာမင်အီးကြွယ်ဝ တဲ့ ရှားစောင်းလက်ပပ်ဂျယ်ကို အနာဖြစ်နေတဲ့နေရာကို သုတ် လိမ်းပေးနိုင်ပါတယ်။

လေးညှင်းပွင့် - သွားကိုက်သွား နာဖြစ်တာကို လတ်တလော သက်သာပျောက်ကင်းချင်တယ် ဆိုရင်တော့ လေးညှင်းက ကူညီ နိုင်ပါတယ်။

လက်ဖက်ပင်ဆီ - သွားဖုံးရောဂါ ရေစီးကမ်းပြိုလိုက်တာတွေဆိုရင် ရေခပ်နွေးနွေးလေးထဲကို လက် ဖက်ပင်ဆီ အနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးရင် သက်သာ ပျောက်ကင်းစေပါတယ်။

တမာရွက် - ခံတွင်းနံ့မကောင်း တာတို့၊ ခံတွင်းခြောက်တာတို့ ဖြစ်ရင် တမာရွက်ပြုတ်ရည်နဲ့ ပလုတ်ကျင်းပေးနိုင်ပါတယ်။

ပက်ပါမင့် - ပင်စိမ်းမျိုးက ထုတ် ယူထားတဲ့ အနံ့အရသာစူးရှတဲ့ ပက်ပါမင့်ဆီကို ရေတစ်ခွက်ထဲမှာ အနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးရင် ခံတွင်းအနံ့ဆိုး ဖြစ်စေတဲ့ ဗက်တီးရီးယားတွေကိုဖယ်ရှားပေးပါတယ်။

ကလျာဏီပင် - သွားဖုံးရောင်ရမ်း နာကျင်တာတွေနဲ့ လည်ချောင်း နာ၊ ပါးစပ်နာနဲ့ ခံတွင်းနံ့မကောင်း ရင် ကလျာဏီရွက်ကို ရေနွေးစိမ် ပြီး ပလုတ်ကျင်းပေးနိုင်ပါတယ်။

သစ်စေး - ပါးစပ်နာနဲ့ သွားဖုံး သွေးယိုတာအတွက်ဆို သစ်စေး က သက်သာပျောက်ကင်းစေပြီး ဆေးရည်ပုံစံရော၊ အမှုန့်ပုံစံပါ ရှိတဲ့အတွက် လွယ်လွယ်ကူကူ သုံးစွဲနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top