Property Expo
×

၁၃.၁၀.၂၀၁၆ ရက္ေန႔ ၂၂၁၅ အခ်ိန္ခန္႔တြင္ မဂၤလာဒံုၿမိဳ႕နယ္ေနအငွားယာဥ္ေမာင္းျဖစ္သူ ဦးေသာင္းထုိက္သည္ ၎ေမာင္းႏွင္သည့္AA-TOYOTAFielderအမ်ဳိးအစားအငွားယာဥ္ျဖင့္ ေအာင္မဂၤလာ
အေ၀းေျပး၀င္း၌ ခရီးသည္ေစာင့္ဆုိင္းေနစဥ္ အမ်ဳိးသား ၂ ဦးမွ ဒဂုံၿမိဳ႕သစ္(အေရွ႕)ၿမိဳ႕နယ္ရွိ ဒဂံုတကၠသုိလ္သုိ႔ငွားရမ္းသျဖင့္ လုိက္ပါပုိ႔ေဆာင္ေပးစဥ္ဒဂုံၿမိဳ႕သစ္(အေရွ႕)ၿမိဳ႕နယ္၊ (၆)ရပ္ကြက္၊ က်န္စစ္သားလမ္းႏွင့္ ဗိုလ္မွဴးဗထူးလမ္းမီးပြဳိင့္အေရာက္ ၁ ဦးမွ ၎၏လည္ပင္းအားညွစ္ကာ ယာဥ္အား
ရပ္တန္႔ခုိင္းၿပီးက်န္၁ဦးမွယာဥ္၏ေသာ့အားလုယူသျဖင့္ရုန္းကန္ထြက္ေျပးကာပတ္၀န္းက်င္အားေအာ္ဟစ္
အကူအညီေတာင္း၍၀ုိင္း၀န္းဖမ္းဆီးခဲ့ရာ အဆုိပါအမ်ဳိးသား ၂ ဦးအား ဖမ္းဆီးရမိခဲ့ပါသည္။

၎တုိ႔အား စစ္ေဆးခ်က္အရ ဒဂံုၿမိဳ႕သစ္(အေရွ႕)ၿမိဳ႕နယ္ေန ကုိထက္(ခ)သီဟမင္းထက္၊ (၂၁)ႏွစ္ႏွင့္ ဒဂံုၿမိဳ႕သစ္(ေျမာက္ပုိင္း)ၿမိဳ႕နယ္ေန ငမဲ(ခ)ဇြဲညီညီစုိး၊ (၁၉)ႏွစ္တုိ႔ျဖစ္ေၾကာင္းသိရွိရၿပီး ၎တုိ႔အား ဒဂံုၿမိဳ႕သစ္(အေရွ႕)ၿမိဳ႕မရဲစခန္း(ပ)၁၂၁၀/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ-၃၉၂ ျဖင့္ အေရးယူ
ေဆာင္ရြက္လ်က္ရွိကာ အျခားလုယက္မႈမ်ား က်ဴးလြန္ထားျခင္းရွိ/မရွိစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yangon Police

#Unicode Version
၁၃.၁၀.၂၀၁၆ ရက်နေ့ ၂၂၁၅ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေအငှားယာဉ်မောင်းဖြစ်သူ ဦးသောင်းထိုက်သည် ၎င်းမောင်းနှင်သည့်AA-TOYOTAFielderအမျိုးအစားအငှားယာဉ်ဖြင့် အောင်မင်္ဂလာ
အဝေးပြေးဝင်း၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသား ၂ ဦးမှ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးစဉ်ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ဗိုလ်မှူးဗထူးလမ်းမီးပွိုင့်အရောက် ၁ ဦးမှ ၎င်း၏လည်ပင်းအားညှစ်ကာ ယာဉ်အား
ရပ်တန့်ခိုင်းပြီးကျန်၁ဦးမှယာဉ်၏သော့အားလုယူသဖြင့်ရုန်းကန်ထွက်ပြေးကာပတ်ဝန်းကျင်အားအော်ဟစ်

အကူအညီတောင်း၍ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့အား စစ်ဆေးချက်အရ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ ကိုထက်(ခ)သီဟမင်းထက်၊ (၂၁)နှစ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ငမဲ(ခ)ဇွဲညီညီစိုး၊ (၁၉)နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အား ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်း(ပ)၁၂၁၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ ဖြင့် အရေးယူ
ဆောင်ရွက်လျက်ရှိကာ အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Yangon Police
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top