Property Expo
×

ဆီးရီးယားႏုိင္ငံ အဒၵလစ္ၿမိဳ႕မွာ ဗံုးႀကဲတုိက္ခုိက္ခံရတဲ့ အပ်က္အစီးေတြၾကားထဲက ရက္သားအ႐ြယ္ကေလးငယ္တစ္ဦးကို အသက္ရွင္ရက္ကယ္ထုတ္ႏုိင္ခဲ့တဲ့ ဆီးရီးယားကယ္ဆယ္ေရး ဝန္ထမ္းတစ္ဦးဟာ မ်က္ရည္ေတြမထိန္းႏုိင္ေအာင္ က်ခဲ့ရတာကို ႐ုပ္သံျမင္ကြင္းထဲမွာ ေတြ႔ခဲ့ရပါတယ္။

ဆီးရီးယားစစ္ေသြၾကြေတြကို ေလေၾကာင္းက တုိက္ခုိက္မႈေၾကာင့္ အနည္းဆံုးအရပ္သား ၁၁ ဦးေသဆံုးၿပီး ကေလးငယ္ ၇ ဦးပါဝင္ခဲ့တယ္လို႔ လူ႔အခြင့အေရးေစာင့္ၾကည့္သူေတြက ေဖာ္ျပပါတယ္။ အပ်က္အစီးေတြၾကားထဲကေန တစ္လသားအ႐ြယ္ ကေလးငယ္ေလးကို ႏွစ္နာရီၾကာ ႀကိဳးစားၿပီး ကယ္ထုတ္ႏုိင္ခဲ့ၿပီးေနာက္ အသက္ရွင္လွ်င္ေတြ႔ခဲ့ရတဲ့အတြက္ ကယ္ဆယ္ေရးဝန္ထမ္းဟာ မ်က္ရည္ေတြမထိန္းႏုိင္ျဖစ္ခဲ့ရတာပါ။

ဒီသတင္းကို တုိက္႐ိုက္တင္ဆက္ခဲ့တဲ့ ဘီဘီစီ႐ုပ္သံတင္ဆက္သူ ေဆလ္ဗာတန္ဆိုသူ အမ်ိဳးသမီးလည္း သတင္းေၾကညာေနရင္း မ်က္ရည္ေတြ က်ခဲ့တာေတြ႔ရပါတယ္။

ေဆလ္ဗာတန္ဟာ ဒီသတင္းၿပီးဆံုးလို႔ ေနာက္သတင္းတစ္ပုဒ္ေၾကညာေနခိ်န္မွာေတာင္ မ်က္ရည္ေတြ က်ေနဆဲျဖစ္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေလေၾကာင္းတုိက္ခုိက္မႈအၿပီး ျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္တစ္ခုပါ။ ဆီးရီးယားစစ္ေသြးၾကြေတြကို ႐ုရွားကပါဝင္တုိက္ခိုက္ေနၿပီးေနာက္ ေလေၾကာင္းတုိက္ခိုက္မႈေတြအတြင္းမွာ အရပ္သားေသဆံုးမႈေတြဟာ ျမင့္တက္လွ်က္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဆီးရီးယားနိုင်ငံ အဒ္ဒလစ်မြို့မှာ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အပျက်အစီးတွေကြားထဲက ရက်သားအရွယ်ကလေးငယ်တစ်ဦးကို အသက်ရှင်ရက်ကယ်ထုတ်နိုင်ခဲ့တဲ့ ဆီးရီးယားကယ်ဆယ်ရေး ဝန်ထမ်းတစ်ဦးဟာ မျက်ရည်တွေမထိန်းနိုင်အောင် ကျခဲ့ရတာကို ရုပ်သံမြင်ကွင်းထဲမှာ တွေ့ခဲ့ရပါတယ်။

ဆီးရီးယားစစ်သွေကြွတွေကို လေကြောင်းက တိုက်ခိုက်မှုကြောင့် အနည်းဆုံးအရပ်သား ၁၁ ဦးသေဆုံးပြီး ကလေးငယ် ၇ ဦးပါဝင်ခဲ့တယ်လို့ လူ့အခွင့အရေးစောင့်ကြည့်သူတွေက ဖော်ပြပါတယ်။ အပျက်အစီးတွေကြားထဲကနေ တစ်လသားအရွယ် ကလေးငယ်လေးကို နှစ်နာရီကြာ ကြိုးစားပြီး ကယ်ထုတ်နိုင်ခဲ့ပြီးနောက် အသက်ရှင်လျှင်တွေ့ခဲ့ရတဲ့အတွက် ကယ်ဆယ်ရေးဝန်ထမ်းဟာ မျက်ရည်တွေမထိန်းနိုင်ဖြစ်ခဲ့ရတာပါ။

ဒီသတင်းကို တိုက်ရိုက်တင်ဆက်ခဲ့တဲ့ ဘီဘီစီရုပ်သံတင်ဆက်သူ ဆေလ်ဗာတန်ဆိုသူ အမျိုးသမီးလည်း သတင်းကြေညာနေရင်း မျက်ရည်တွေ ကျခဲ့တာတွေ့ရပါတယ်။

ဆေလ်ဗာတန်ဟာ ဒီသတင်းပြီးဆုံးလို့ နောက်သတင်းတစ်ပုဒ်ကြေညာနေချိန်မှာတောင် မျက်ရည်တွေ ကျနေဆဲဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လေကြောင်းတိုက်ခိုက်မှုအပြီး ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ ဆီးရီးယားစစ်သွေးကြွတွေကို ရုရှားကပါဝင်တိုက်ခိုက်နေပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာ အရပ်သားသေဆုံးမှုတွေဟာ မြင့်တက်လျှက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top