Kantharyar Centre
×

ယခုတစ္ပတ္အတြက္ ‘အႏုပညာရွင္ရဲ႕ ငယ္ဘ၀ အမွတ္တရ’ က႑မွာေတာ့ ဆယ္ေက်ာ္သက္ အရြယ္ကတည္းက ေမာ္ဒယ္လ္ေလာကထဲကိုစတင္၀င္ေရာက္လာခဲ့သူ ေမာ္ဒယ္လ္ ျပိဳင္ပြဲေတြတိုင္းလိုလို
မွာလည္း ဆုေတြမ်ားစြာ ရရွိခဲ့သူ၊ အဆိုေတာ္ ‘ဖိုးကာ’ ရဲ႕ ‘တစိမ့္စိမ့္ၾကည့္’ ဆိုတဲ့ သီခ်င္းမွာ ပါ၀င္သ႐ုပ္ေဆာင္ ျဖစ္ခဲ့ရာကေန ခ်စ္စရာေကာင္းတဲ့ ပါးခ်ဳိင့္ေလးနဲ႔ ပရိသတ္ေတြ သတိျပဳမိမႈကို ရရွိခဲ့တဲ့ ေမာ္ဒယ္လ္၊ သ႐ုပ္ေဆာင္ ေအးျမတ္သူရဲ႕ ငယ္ဘ၀ျဖတ္သန္းမႈ အမွတ္တရ အေၾကာင္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ သာမကဘဲ ဇာတ္ကားေတြမွာပါ သ႐ုပ္ေဆာင္လာခဲ့တဲ့ ေအးျမတ္သူကို ‘ဂ်က္မ’ ဆိုတဲ့ ဇာတ္ကားနဲ႔ အထူးအားေပးခဲ့ၾကၿပီး မၾကာေသးမီကမွ ႐ုံတင္ခဲ့တဲ့ ‘မေအးပြင့္၊ ျမင့္ျမင့္စန္း၊ လမ္းသံုးဆယ္’ ဆိုတဲ့ ဇာတ္ကားကလည္း သူမရဲ႕ ဒုတိယေျမာက္ ေအာင္ျမင္မႈ တစ္ခုလို႔ ဆိုရေလာက္ေအာင္ ပရိသတ္အားေပးမႈ အထူးမ်ားျပားခဲ့ပါတယ္။

ေအးျမတ္သူကို ၁၉၈၆ခုႏွစ္၊ ဇြန္ ၈ ရက္ မွာ ေမြးဖြားခဲ့တာပဲျဖစ္ၿပီး၊ ရန္ကုန္ဇာတိ ျဖစ္ပါတယ္။ ေမြးခ်င္း အစ္ကိုတစ္ေယာက္ရွိၿပီး ကေလးဘ၀ကတည္းက သူမက ေယာက်္ားေလးဆန္ၿပီး သြက္လက္တဲ့ ကေလးတစ္ေယာက္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

“ေအးျမတ္သူ ငယ္ငယ္က မိဘေတြက ေစ်းေရာင္းေတာ့ မနက္ဆိုရင္ ဆိုင္ေတြ ဘာေတြ ကူခင္းေပး၊ ေစ်းကူေရာင္းေပးနဲ႔ဆိုေတာ့ ေပ်ာ္စရာေကာင္းတယ္။ မိဘေတြနဲ႔လည္း လြတ္လြတ္လပ္လပ္ သူငယ္ခ်င္း ေပါင္းေပါင္းလို႔ရတယ္။ အေမနဲ႔ေအးျမတ္သူဆို အသက္က ၂၀ ေလာက္ပဲကြာေတာ့ ေျပာရဆိုရတာကအစ အရမ္းအဆင္ေျပတယ္။ ေအးျမတ္သူတို႔ကို အရမ္းႀကီး ခ်ဳပ္ခ်ယ္တာမ်ဳိးမရွိဘူး။ အစ္ကိုနဲ႔ေတာ့ ငယ္ငယ္က သိပ္မတည့္ဘူး။ ကေလးဘ၀ ကတည္းက အေဖနဲ႔အစ္ကိုက ေဘာလံုးပြဲၾကည့္ေနရင္ ေအးျမတ္သူလည္း ၾကည့္တာပဲ။ ကစားရင္လည္း ဖိုက္တင္ခ်တိုင္း၊ စစ္တိုက္တိုင္း အဲဒီလိုမ်ဳိးေတြေဆာ့တာ အ၀တ္အစားဆိုလည္း အစ္ကို႔အက်အက်ႌေတြ၊ ေဘာင္းဘီေတြ ၀တ္ရတာဆိုေတာ့ ရွပ္အက်ႌအကြက္ေတြ၊ ေယာက်္ားေလး၀တ္ ေဘာင္းဘီမ်ဳိးေတြ ၀တ္ခဲ့ရတယ္။ ေအးျမတ္သူက မိန္းကေလးဆန္ဆန္ ႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းေတြ သိပ္မလုပ္တတ္ဘူး။ အလွအပလည္း သိပ္မႀကိဳက္ဘူး။ ငယ္ငယ္က ပိန္ခ်ဳံးၿပီး ႐ုပ္ဆိုးဆိုးကေလး တစ္ေယာက္ေပါ့” လို႔ သူ႔ရဲ႕ ငယ္ဘ၀အေၾကာင္းကို ရယ္ရယ္ေမာေမာနဲ႔ ေျပာပါတယ္။

ေက်ာင္းသူဘ၀မွာလည္း ေက်ာင္းကပြဲတိုင္းလိုလိုမွာ ပါ၀င္ခဲ့သူျဖစ္ၿပီး၊ တကၠသိုလ္၀င္တန္းစာေမးပြဲကို အ-ထ-က (၄) ဒဂံုေတာင္ ေက်ာင္းကေန ၂၀၀၁ - ၂၀၀၂ ပညာသင္ႏွစ္မွာ Eco ဂုဏ္ထူးတစ္ဘာသာနဲ႔ ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။

“ငယ္ငယ္တုန္းက ေက်ာင္းစာကလြဲရင္ က်န္တာ အကုန္ခိုင္းလို႔ရတယ္။ ေက်ာင္းမွာ ဘုရားပန္းလဲရမယ္၊ သန္႔ရွင္းေရး လုပ္ရမယ္ဆိုလည္း လုပ္တာပဲ။ ဘုရားပန္း၀ယ္ခဲ့ဆိုလည္း ၀ယ္လာခဲ့ေပးၿပီးသားပဲ။ ခိုင္းေကာင္းၿပီး ဖင္ေပါ့တဲ့ ေက်ာင္းသူထဲမွာပါလို႔ ဆရာမေတြကလည္း သတိထားမိတယ္။ ဆယ္တန္းေအာင္ၿပီးေတာ့ စီးပြားေရးတကၠသိုလ္တက္ဖို႔လည္း စဥ္းစားေသးတယ္။ ဒါေပမဲ့ အဲ့ဒီအခ်ိန္မွာပဲ ဒီဘက္မွာလည္း အႏုပညာအလုပ္ေတြ ကိုလုပ္ျဖစ္ေနေတာ့ ဒီဘက္ကိုပဲ စိတ္ထည့္လိုက္ၿပီး တကၠသိုလ္မတက္ျဖစ္ေတာ့ဘူး” လို႔ သူမက ေျပာပါတယ္။

အစ္မတစ္ေယာက္ရဲ႕ မိတ္ဆက္ေပးျခင္းေၾကာင့္ Super Star Model Agency မွာ သင္တန္းတက္ေရာက္ျဖစ္ခဲ့ၿပီး ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ အႏုပညာလႈပ္ရွားမႈေတြကို စတင္ လုပ္ျဖစ္လာခဲ့ပါတယ္။ ၂၀၀၄ ခုႏွစ္မွာ Miss Romansan ၿပိဳင္ပြဲကို ၀င္ၿပိဳင္ခဲ့ၿပီး Winner ဆုကို ရရွိခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ Miss Teen၊ Miss Now How၊ Miss People စတဲ့ ၿပိဳင္ပြဲေတြမွာလည္း ၀င္ေရာက္ ယွဥ္ၿပိဳင္ျဖစ္ခဲ့ၿပီး ဆုေတြရရွိခဲ့ျပန္ပါတယ္။

“ဦးခ်ဳိႀကီးတို႔ Super Star Model Agency နဲ႔ကုန္စည္ျပပြဲေတြ show မွာ ေလွ်ာက္ျဖစ္တယ္။ နယ္ပြဲေတြဘာေတြလည္း ေတာက္ေလွ်ာက္သြားရတယ္။ အဲဒီတုန္းက နယ္႐ႈိးတစ္ပြဲေလွ်ာက္ရင္ ၅၀၀၀ ရတယ္။ ေနစား စရိတ္ၿငိမ္းေပါ့ေနာ္။ ေနာက္ပိုင္းမွာ ဦးခ်ဳိႀကီးက ကိုဂြၽန္လြင္နဲ႔ မိတ္ဆက္ေပးေတာ့ ကိုဂြၽန္လြင္ စီစဥ္တဲ့ ႐ႈိးပြဲႀကီးေတြမွာ ေလွ်ာက္လာရတယ္။ ၿပိဳင္ပြဲေတြလည္း ၀င္ၿပိဳင္ျဖစ္ေတာ့ ပရိသတ္ေတြက ေအးျမတ္သူကို ေမာ္ဒယ္လ္ တစ္ေယာက္အေနနဲ႔ သတိထားမိသြားတယ္။ အဲဒီတုန္းက မ်က္လံုးအၾကည့္ စူးစူး၊ ႏႈတ္ခမ္းစူစူ၊ မ်က္ႏွာတည္တည္နဲ႔ sexy post ေတြ ေခတ္စားတယ္။ ေအးျမတ္သူရဲ႕ မ်က္ႏွာအက်ကလည္း ပိန္ၿပီး ေမး႐ိုးခြၽန္ခြၽန္နဲ႔ အဲဒီလို sexy ဘက္သြားတဲ့ ပံုစံဆိုေတာ့ ေမာ္ဒယ္လ္အလုပ္မွာ ေတာ္ေတာ္ေလး အဆင္ေျပတယ္” လို႔ သူမက ေျပာပါတယ္။

သူမကို ပရိသတ္ေတြ သတိထားမိခဲ့တဲ့ ‘တစိမ့္စိမ့္ၾကည့္’ သီခ်င္းမွာ ပါ၀င္သ႐ုပ္ေဆာင္ျဖစ္ပံုနဲ႔ ပတ္သက္ၿပီးေတာ့လည္း “အဲဒီသီခ်င္းမွာ ပါ၀င္ျဖစ္တာက ဦးခ်န္ဟိန္းက ေခၚလို႔ပါ။ အဲဒီသီခ်င္းမွာ ကိုရဲေလးနဲ႔ သ႐ုပ္ေဆာင္ခဲ့တာေပါ့။ ကင္မရာမန္းကလည္း ကိုသံုးေပါင္၊ ဒါ႐ိုက္တာက ယိုးဒယားက ဒါ႐ိုက္တာပါ။ အရင္က ေမာ္ဒယ္လ္ပြဲေတြမွာ ေအးျမတ္သူကို sexy ပံုစံမ်ဳိးေတြနဲ႔ ျမင္ေနရာကေန အဲဒီသီခ်င္းမွာေတာ့ ျပံဳး၊ ရယ္ၿပီးေတြ႕ရေတာ့ ပရိသတ္အတြက္ နည္းနည္းဆန္း သြားတာျဖစ္မယ္ ထင္ပါတယ္။ အဲဒါကလည္း အေမေမႊး (မို႔မို႔ျမင့္ေအာင္) ရဲ႕ ေက်းဇူးေၾကာင့္လည္းပါတယ္။ သူက သမီးမွာ ပါးခ်ဳိင့္ေလးလည္း ရွိတာပဲ။ အၿမဲအဲဒီလို sexy ပံုစံေတြခ်ည္းပဲ မလုပ္ဘဲ ခ်စ္စရာေကာင္းတဲ့ ပံုစံလည္း လုပ္ပါလား၊ ၿပံဳးပါဆိုၿပီး ဆံုးမတဲ့အတြက္ ေအးျမတ္သူ အဲဒီလိုျပံဳးျဖစ္၊ ရယ္ျဖစ္လာတယ္။

ကိုဖိုးကာရဲ႕ အဲဒီ ‘တစိမ့္စိမ့္ၾကည့္’ အေခြေၾကာ္ျငာေတာ့ ပိုစတာမွာလည္း အဲဒီလိုရယ္ေနတဲ့ ပံုေလးနဲ႔ မထင္မွတ္ဘဲ ပရိသတ္ေတြက သေဘာက် လက္ခံတဲ့အတြက္ အရမ္းလည္း ၀မ္းသာရပါတယ္” လို႔ သူမက ဆိုပါတယ္။
အဲဒီေနာက္မွာေတာ့ မဂၢဇင္းေတြ၊ ဂ်ာနယ္ေတြ၊ VCD သ႐ုပ္ေဆာင္မႈေတြမွာ သာမကဘဲ ဇာတ္ကား ႐ိုက္ကူးမႈေတြပါ ရွိလာခဲ့ၿပီး၊ သူမရဲ႕ေမာ္ဒယ္လ္ တစ္ေယာက္ပံုစံ ခႏၶာကိုယ္အခ်ဳိးအစားနဲ႔ ဇာတ္ကားေတြ ႐ိုက္ကူးရာမွာ အဆင္မေျပတဲ့အတြက္ ခပ္ျပည့္ျပည့္ ခႏၶာကိုယ္မ်ဳိးရေအာင္ ႀကိဳးစားေလ့က်င့္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

“ဇာတ္ကားစ႐ိုက္ေတာ့ ဦးေက်ာ္ႀကီး (အာ႐ုဏ္သစ္) နဲ႔ေပါ့။ အဓိက ဇာတ္ေကာင္ေနရာေတာ့ မဟုတ္ဘူးေပါ့။ အဲဒီတုန္းက ေအးျမတ္သူနဲ႔ အတြဲမ်ားတာက
ကိုေက်ာ္ဇင္ထြဋ္နဲ႔ေပါ့။ ေမာင္ႏွမေနရာေတြ၊ လင္မယားေနရာေတြကေန သူနဲ႔ သ႐ုပ္ေဆာင္ရတယ္။ ခပ္ဆိုးဆိုး သားသမီး အဲ့လိုပံုစံမ်ဳိးေတြေပါ့။ အလွအပထက္ အိုက္တင္ကို ဦးစားေပးတယ္။ ေနာက္ၿပီး ဦးမီးပြားနဲ႔လည္း ႐ိုက္ျဖစ္ေတာ့ သူကလည္း သဘာ၀က်က်နဲ႔ ကိုယ့္ဇာတ္ေကာင္ ကာ႐ိုက္တာ၀င္ဖို႔ပဲ အဓိက ဦးစားေပးသင္ၾကားေပးတယ္။ ဇာတ္ကားေတြ စ႐ိုက္တုန္းက ေအးျမတ္သူ က အရမ္းပိန္ေတာ့ ျမန္မာပရိသတ္ေတြရဲ႕ အျမင္မွာ မင္းသမီး တစ္ေယာက္အေနနဲ႔ လံုး၀အဆင္မေျပဘူး ျဖစ္ေနတာေပါ့။ ပရိသတ္ေတြက မင္းသမီးဆိုရင္ ျပည့္ျပည့္ေလးနဲ႔မွ သေဘာက်တာေလ။ အဲဒီေတာ့ ေအးျမတ္သူ ခႏၶာကိုယ္ကို ခပ္ျပည့္ျပည့္ေလး ျဖစ္ေအာင္ မ်က္ႏွာဆိုလည္း အရမ္းႀကီး ေခ်ာင္က်ေနတဲ့ ပံုစံမ်ဳိးမျဖစ္ေအာင္ ႀကိဳးစားေလ့က်င့္ ျပင္ဆင္ခဲ့ပါတယ္” လို႔ သူမက ေျပာပါတယ္။

လက္ရွိမွာေတာ့ ဒါ႐ိုက္တာ ေအာင္ျမတ္ ႐ိုက္ကူးတဲ့ ႐ုပ္သံဇာတ္လမ္းတြဲတစ္ခုမွာ ပါ၀င္သ႐ုပ္ေဆာင္လ်က္ရွိၿပီး၊ ႐ုပ္ရွင္ဇာတ္ကားေတြေရာ၊ ဗီဒီယိုဇာတ္ကားေတြပါ ဆက္လက္႐ိုက္ကူးသြားဖို႔ လက္ခံထားတာ ရွိတယ္လို႔လည္း သိရပါတယ္။

သူမက မိသားစုဘ၀ကိုတြယ္တာ ခ်စ္ခင္တဲ့သူ ျဖစ္တဲ့အတြက္ တစ္ေန႔မွာလည္း သူမရဲ႕ကိုယ္ပိုင္ မိသားစုဘ၀ေလးတစ္ခုကို တည္ေဆာက္သြားဖို႔ အစီအစဥ္ရွိၿပီး၊ လက္ရွိ မိသားစုဘ၀ေလးမွာလည္း စိတ္ခ်မ္းသာရပါတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Eleven

#Unicode Version
ယခုတစ်ပတ်အတွက် ‘အနုပညာရှင်ရဲ့ ငယ်ဘ၀ အမှတ်တရ’ ကဏ္ဍမှာတော့ ဆယ်ကျော်သက် အရွယ်ကတည်းက မော်ဒယ်လ်လောကထဲကို စတင်ဝင်ရောက်လာခဲ့သူ မော်ဒယ်လ် ပြိုင်ပွဲတွေတိုင်းလိုလိုမှာလည်း ဆုတွေများစွာ ရရှိခဲ့သူ၊ အဆိုတော် ‘ဖိုးကာ’ ရဲ့ ‘တစိမ့်စိမ့်ကြည့်’ ဆိုတဲ့ သီချင်းမှာ ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့ရာကနေ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ ပရိသတ်တွေ သတိပြုမိမှုကို ရရှိခဲ့တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် အေးမြတ်သူရဲ့ ငယ်ဘဝဖြတ်သန်းမှု အမှတ်တရ အကြောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

မော်ဒယ်လ် တစ်ယောက်အနေနဲ့ သာမကဘဲ ဇာတ်ကားတွေမှာပါ သရုပ်ဆောင်လာခဲ့တဲ့ အေးမြတ်သူကို ‘ဂျက်မ’ ဆိုတဲ့ ဇာတ်ကားနဲ့ အထူးအားပေးခဲ့ကြပြီး မကြာသေးမီကမှ ရုံတင်ခဲ့တဲ့ ‘မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ်’ ဆိုတဲ့ ဇာတ်ကားကလည်း သူမရဲ့ ဒုတိယမြောက် အောင်မြင်မှု တစ်ခုလို့ ဆိုရလောက်အောင် ပရိသတ်အားပေးမှု အထူးများပြားခဲ့ပါတယ်။

အေးမြတ်သူကို ၁၉၈၆ခုနှစ်၊ ဇွန် ၈ ရက် မှာ မွေးဖွားခဲ့တာပဲဖြစ်ပြီး၊ ရန်ကုန်ဇာတိ ဖြစ်ပါတယ်။ မွေးချင်း အစ်ကိုတစ်ယောက်ရှိပြီး ကလေးဘဝကတည်းက သူမက ယောကျ်ားလေးဆန်ပြီး သွက်လက်တဲ့ ကလေးတစ်ယောက် ဖြစ်တယ်လို့လည်း သိရပါတယ်။

“အေးမြတ်သူ ငယ်ငယ်က မိဘတွေက ဈေးရောင်းတော့ မနက်ဆိုရင် ဆိုင်တွေ ဘာတွေ ကူခင်းပေး၊ ဈေးကူရောင်းပေးနဲ့ဆိုတော့ ပျော်စရာကောင်းတယ်။ မိဘတွေနဲ့လည်း လွတ်လွတ်လပ်လပ် သူငယ်ချင်း ပေါင်းပေါင်းလို့ရတယ်။ အမေနဲ့အေးမြတ်သူဆို အသက်က ၂၀ လောက်ပဲကွာတော့ ပြောရဆိုရတာကအစ အရမ်းအဆင်ပြေတယ်။ အေးမြတ်သူတို့ကို အရမ်းကြီး ချုပ်ချယ်တာမျိုးမရှိဘူး။ အစ်ကိုနဲ့တော့ ငယ်ငယ်က သိပ်မတည့်ဘူး။ ကလေးဘ၀ ကတည်းက အဖေနဲ့အစ်ကိုက ဘောလုံးပွဲကြည့်နေရင် အေးမြတ်သူလည်း ကြည့်တာပဲ။ ကစားရင်လည်း ဖိုက်တင်ချတိုင်း၊ စစ်တိုက်တိုင်း အဲဒီလိုမျိုးတွေဆော့တာ အဝတ်အစားဆိုလည်း အစ်ကို့အကျအကျႌတွေ၊ ဘောင်းဘီတွေ ဝတ်ရတာဆိုတော့ ရှပ်အကျႌအကွက်တွေ၊ ယောကျ်ားလေးဝတ် ဘောင်းဘီမျိုးတွေ ဝတ်ခဲ့ရတယ်။ အေးမြတ်သူက မိန်းကလေးဆန်ဆန် နွဲ့နွဲ့နှောင်းနှောင်းတွေ သိပ်မလုပ်တတ်ဘူး။ အလှအပလည်း သိပ်မကြိုက်ဘူး။ ငယ်ငယ်က ပိန်ချုံးပြီး ရုပ်ဆိုးဆိုးကလေး တစ်ယောက်ပေါ့” လို့ သူ့ရဲ့ ငယ်ဘဝအကြောင်းကို ရယ်ရယ်မောမောနဲ့ ပြောပါတယ်။

ကျောင်းသူဘဝမှာလည်း ကျောင်းကပွဲတိုင်းလိုလိုမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ-ထ-က (၄) ဒဂုံတောင် ကျောင်းကနေ ၂၀၀၁ - ၂၀၀၂ ပညာသင်နှစ်မှာ Eco ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

“ငယ်ငယ်တုန်းက ကျောင်းစာကလွဲရင် ကျန်တာ အကုန်ခိုင်းလို့ရတယ်။ ကျောင်းမှာ ဘုရားပန်းလဲရမယ်၊ သန့်ရှင်းရေး လုပ်ရမယ်ဆိုလည်း လုပ်တာပဲ။ ဘုရားပန်းဝယ်ခဲ့ဆိုလည်း ဝယ်လာခဲ့ပေးပြီးသားပဲ။ ခိုင်းကောင်းပြီး ဖင်ပေါ့တဲ့ ကျောင်းသူထဲမှာပါလို့ ဆရာမတွေကလည်း သတိထားမိတယ်။ ဆယ်တန်းအောင်ပြီးတော့ စီးပွားရေးတက္ကသိုလ်တက်ဖို့လည်း စဉ်းစားသေးတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ဒီဘက်မှာလည်း အနုပညာအလုပ်တွေ ကိုလုပ်ဖြစ်နေတော့ ဒီဘက်ကိုပဲ စိတ်ထည့်လိုက်ပြီး တက္ကသိုလ်မတက်ဖြစ်တော့ဘူး” လို့ သူမက ပြောပါတယ်။

အစ်မတစ်ယောက်ရဲ့ မိတ်ဆက်ပေးခြင်းကြောင့် Super Star Model Agency မှာ သင်တန်းတက်ရောက်ဖြစ်ခဲ့ပြီး မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို စတင် လုပ်ဖြစ်လာခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ Miss Romansan ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီး Winner ဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Miss Teen၊ Miss Now How၊ Miss People စတဲ့ ပြိုင်ပွဲတွေမှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖြစ်ခဲ့ပြီး ဆုတွေရရှိခဲ့ပြန်ပါတယ်။

“ဦးချိုကြီးတို့ Super Star Model Agency နဲ့ကုန်စည်ပြပွဲတွေ show မှာ လျှောက်ဖြစ်တယ်။ နယ်ပွဲတွေဘာတွေလည်း တောက်လျှောက်သွားရတယ်။ အဲဒီတုန်းက နယ်ရှိုးတစ်ပွဲလျှောက်ရင် ၅၀၀၀ ရတယ်။ နေစား စရိတ်ငြိမ်းပေါ့နော်။ နောက်ပိုင်းမှာ ဦးချိုကြီးက ကိုဂျွန်လွင်နဲ့ မိတ်ဆက်ပေးတော့ ကိုဂျွန်လွင် စီစဉ်တဲ့ ရှိုးပွဲကြီးတွေမှာ လျှောက်လာရတယ်။ ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ဖြစ်တော့ ပရိသတ်တွေက အေးမြတ်သူကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ သတိထားမိသွားတယ်။ အဲဒီတုန်းက မျက်လုံးအကြည့် စူးစူး၊ နှုတ်ခမ်းစူစူ၊ မျက်နှာတည်တည်နဲ့ sexy post တွေ ခေတ်စားတယ်။ အေးမြတ်သူရဲ့ မျက်နှာအကျကလည်း ပိန်ပြီး မေးရိုးချွန်ချွန်နဲ့ အဲဒီလို sexy ဘက်သွားတဲ့ ပုံစံဆိုတော့ မော်ဒယ်လ်အလုပ်မှာ တော်တော်လေး အဆင်ပြေတယ်” လို့ သူမက ပြောပါတယ်။

သူမကို ပရိသတ်တွေ သတိထားမိခဲ့တဲ့ ‘တစိမ့်စိမ့်ကြည့်’ သီချင်းမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း “အဲဒီသီချင်းမှာ ပါဝင်ဖြစ်တာက ဦးချန်ဟိန်းက ခေါ်လို့ပါ။ အဲဒီသီချင်းမှာ ကိုရဲလေးနဲ့ သရုပ်ဆောင်ခဲ့တာပေါ့။ ကင်မရာမန်းကလည်း ကိုသုံးပေါင်၊ ဒါရိုက်တာက ယိုးဒယားက ဒါရိုက်တာပါ။ အရင်က မော်ဒယ်လ်ပွဲတွေမှာ အေးမြတ်သူကို sexy ပုံစံမျိုးတွေနဲ့ မြင်နေရာကနေ အဲဒီသီချင်းမှာတော့ ပြုံး၊ ရယ်ပြီးတွေ့ရတော့ ပရိသတ်အတွက် နည်းနည်းဆန်း သွားတာဖြစ်မယ် ထင်ပါတယ်။ အဲဒါကလည်း အမေမွှေး (မို့မို့မြင့်အောင်) ရဲ့ ကျေးဇူးကြောင့်လည်းပါတယ်။ သူက သမီးမှာ ပါးချိုင့်လေးလည်း ရှိတာပဲ။ အမြဲအဲဒီလို sexy ပုံစံတွေချည်းပဲ မလုပ်ဘဲ ချစ်စရာကောင်းတဲ့ ပုံစံလည်း လုပ်ပါလား၊ ပြုံးပါဆိုပြီး ဆုံးမတဲ့အတွက် အေးမြတ်သူ အဲဒီလိုပြုံးဖြစ်၊ ရယ်ဖြစ်လာတယ်။

ကိုဖိုးကာရဲ့ အဲဒီ ‘တစိမ့်စိမ့်ကြည့်’ အခွေကြော်ငြာတော့ ပိုစတာမှာလည်း အဲဒီလိုရယ်နေတဲ့ ပုံလေးနဲ့ မထင်မှတ်ဘဲ ပရိသတ်တွေက သဘောကျ လက်ခံတဲ့အတွက် အရမ်းလည်း ဝမ်းသာရပါတယ်” လို့ သူမက ဆိုပါတယ်။
အဲဒီနောက်မှာတော့ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ VCD သရုပ်ဆောင်မှုတွေမှာ သာမကဘဲ ဇာတ်ကား ရိုက်ကူးမှုတွေပါ ရှိလာခဲ့ပြီး၊ သူမရဲ့မော်ဒယ်လ် တစ်ယောက်ပုံစံ ခန္ဓာကိုယ်အချိုးအစားနဲ့ ဇာတ်ကားတွေ ရိုက်ကူးရာမှာ အဆင်မပြေတဲ့အတွက် ခပ်ပြည့်ပြည့် ခန္ဓာကိုယ်မျိုးရအောင် ကြိုးစားလေ့ကျင့်ခဲ့ရတယ်လို့လည်း သိရပါတယ်။

“ဇာတ်ကားစရိုက်တော့ ဦးကျော်ကြီး (အာရုဏ်သစ်) နဲ့ပေါ့။ အဓိက ဇာတ်ကောင်နေရာတော့ မဟုတ်ဘူးပေါ့။ အဲဒီတုန်းက အေးမြတ်သူနဲ့ အတွဲများတာက
ကိုကျော်ဇင်ထွဋ်နဲ့ပေါ့။ မောင်နှမနေရာတွေ၊ လင်မယားနေရာတွေကနေ သူနဲ့ သရုပ်ဆောင်ရတယ်။ ခပ်ဆိုးဆိုး သားသမီး အဲ့လိုပုံစံမျိုးတွေပေါ့။ အလှအပထက် အိုက်တင်ကို ဦးစားပေးတယ်။ နောက်ပြီး ဦးမီးပွားနဲ့လည်း ရိုက်ဖြစ်တော့ သူကလည်း သဘာဝကျကျနဲ့ ကိုယ့်ဇာတ်ကောင် ကာရိုက်တာဝင်ဖို့ပဲ အဓိက ဦးစားပေးသင်ကြားပေးတယ်။ ဇာတ်ကားတွေ စရိုက်တုန်းက အေးမြတ်သူ က အရမ်းပိန်တော့ မြန်မာပရိသတ်တွေရဲ့ အမြင်မှာ မင်းသမီး တစ်ယောက်အနေနဲ့ လုံးဝအဆင်မပြေဘူး ဖြစ်နေတာပေါ့။ ပရိသတ်တွေက မင်းသမီးဆိုရင် ပြည့်ပြည့်လေးနဲ့မှ သဘောကျတာလေ။ အဲဒီတော့ အေးမြတ်သူ ခန္ဓာကိုယ်ကို ခပ်ပြည့်ပြည့်လေး ဖြစ်အောင် မျက်နှာဆိုလည်း အရမ်းကြီး ချောင်ကျနေတဲ့ ပုံစံမျိုးမဖြစ်အောင် ကြိုးစားလေ့ကျင့် ပြင်ဆင်ခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။

လက်ရှိမှာတော့ ဒါရိုက်တာ အောင်မြတ် ရိုက်ကူးတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်သရုပ်ဆောင်လျက်ရှိပြီး၊ ရုပ်ရှင်ဇာတ်ကားတွေရော၊ ဗီဒီယိုဇာတ်ကားတွေပါ ဆက်လက်ရိုက်ကူးသွားဖို့ လက်ခံထားတာ ရှိတယ်လို့လည်း သိရပါတယ်။

သူမက မိသားစုဘဝကိုတွယ်တာ ချစ်ခင်တဲ့သူ ဖြစ်တဲ့အတွက် တစ်နေ့မှာလည်း သူမရဲ့ကိုယ်ပိုင် မိသားစုဘဝလေးတစ်ခုကို တည်ဆောက်သွားဖို့ အစီအစဉ်ရှိပြီး၊ လက်ရှိ မိသားစုဘဝလေးမှာလည်း စိတ်ချမ်းသာရပါတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:News Eleven
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top