Property Expo
×

ဒါဟာ တူနီးရွားႏိုင္ငံသူ ေအမဲလ္ရဲ႕ ျဖစ္ရပ္မွန္ဇာတ္လမ္းတပုဒ္ပါပဲ။ သူ႔ရဲ႕ နာမည္နဲ႔ အသံေတြကိုေတာ့ လႊဲေျပာင္းထားခဲ့ၿပီး အသံနဲ႔ တျခားတဦးက သရုပ္ေဆာင္ခဲ့တာပါ။
ဒီအစီအစဥ္ဟာ ကမၻာတလႊားက အရွက္တရားရေစၿပီး အႏိုင္က်င့္ေစာ္ကားခံေနရတဲ့ မိန္းကေလးငယ္ေတြအေၾကာင္းကို ဘီဘီစီသတင္းဌာနက ေဖာ္ျပတဲ့ အစီအစဥ္တခုပါ။

က်မ ေထာင္ဒဏ္ ၂၅ ႏွစ္က်ခံခဲ့ရပါတယ္။ ဒါေပမယ့္ က်မလုပ္ခဲ့သမွ်ဟာ သူ က်မအေပၚ က်ဴးလြန္ခဲ့တာေတြမို႔ က်မ ေနာင္တမရခဲ့ပါဘူး။ သူလည္း က်မကို သတ္ခဲ့တာပဲေလ။

က်မတို႔ဟာ ဆင္ေျခဖံုးေက်းရြာတေနရာမွာ ေနထိုင္ပါတယ္။ က်မဟာ ေန႔စဥ္ ႏြား ေက်ာင္းတာ၊ ျမက္ရိတ္တာနဲ႔ သံလြင္ပင္စိုက္ပ်ိဳးတဲ့အလုပ္ေတြကို လုပ္ရပါတယ္။ ဒါ က်မ ရဲ႕ ဘ၀ပါပဲ။

အဲဒီလူက က်မတို႔ အိမ္ကို လာလည္ေလ့ရွိသူပါ။ သူက က်မအေဖရဲ႕ မိတ္ေဆြ ျဖစ္ေပမယ့္ က်မသူ႕ကို မရင္းႏွီးခဲ့ပါဘူး။ သူ႔ရဲ႕ ဦးေလးေတြနဲ႔ က်မရဲ႕ ဦးေလးေတြဟာ ညီအစ္ကို ၀မ္းကြဲေတာ္စပ္ၾကပါတယ္။ သူတို႔ဟာ ေျမယာျပႆနာတခုအတြက္ စကားမ်ားခိုက္ရန္ျဖစ္ခဲ့ၾကဖူးပါတယ္။

တရက္မွာေတာ့ သူဟာ က်မရဲ႕ အိမ္ကို က်မမိေထြးနဲ႔ စကားေျပာဆိုဖို႔ ေရာက္လာ ခဲ့ေပမယ့္ အိမ္မွာ ဘယ္သူမွ ရွိမေနခဲ့ပါဘူး။ အဲဒီေနာက္မွာ ဒီအျဖစ္အပ်က္ႀကီး ျဖစ္ေတာ့တာပါပဲ။

က်မတို႔ စကားမ်ားၾကတယ္။ သူက က်မကို ႐ုိက္ႏွက္တယ္။ အဲဒီေနာက္မွာ က်မကို သူ႔လက္ေခ်ာင္းနဲ႔ အဓမၼျပဳက်င့္ခဲ့ေတာ့တာပါ။ သူက က်မကို “မင္းအရွက္ရခ်င္ရင္ ဒီအျဖစ္အပ်က္ကို တျခားသူေတြကို ဖြင့္ေျပာလိုက္ေပါ့”လို႔ ေျပာခဲ့ပါတယ္။

ေအမဲလ္ဟာ ဘာစကားတခြန္းမွ မေျပာႏိုင္ခဲ့တဲ့ အေျခအေနတခုထဲမွာ အႏိုင္ က်င့္ေစာ္ကားခံခဲ့ရၿပီး ေထာင္ေခ်ာက္မိခဲ့ပါတယ္။ သီတင္း ၂ ပါတ္ေလာက္အၾကာမွာေတာ့ အဲဒီအမ်ိဳးသားဟာ သူ႔ကို ၀စ္လစ္စလစ္ အေျခအေနနဲ႔ ဓာတ္ပံု႐ုိက္ယူခဲ့ပါတယ္။

သူ က်မကို အဲဒီဓာတ္ပံုေတြကို ျပခဲ့ၿပီး “ဒီပံုေတြကို မင္းအဖြားကို ျပမယ္။ ဒါက သူ႔ကို တျဖည္းျဖည္း သတ္သလိုပဲ။ မင္းအခ်စ္ဆံုး အေဖကိုျပဦးမယ္။ တကယ္လို႔ မင္းငါ့ကို ပိုက္ဆံေပးမယ္ဆိုရင္ေတာ့ ဘယ္သူ႔ကိုမွ မေျပာတာ့ဘူး”လို႔ ေျပာခဲ့ပါတယ္။

အဲဒီအခ်ိန္မွာပဲ က်မဟာ သူ႔ကို ပိုက္ဆံေပးဖို႔ စတင္ခဲ့ရတယ္။ က်မ မနက္ေစာေစာ မိုးမလင္းခင္ အိပ္ရာက ထရတယ္။ ႏြားႏို႔ညႇစ္ေရာင္းၿပီး သူ႔ကို ပိုက္ဆံေပးရတယ္။ က်မအေဖဆီက ဒိုင္နာေငြ ၁၇၀၀ ေတာင္ က်မခိုးခဲ့ရတယ္။

သူက်မကို႐ုိက္ၿပီး အမ်ိဳးမ်ိဳးလုပ္ခဲ့ေပမယ့္ က်မဘာမွ မတတ္ႏိုင္ခဲ့ပါဘူး။ က်မ ထြက္ေျပးခ်င္ေပမယ့္ က်မ ဘယ္ကိုသြားရမလဲ။ က်မကို ဘယ္သူက လက္ခံထားမလဲ။ က်မရဲ႕ ဒီအေၾကာင္းကို တေယာက္ေယာက္ကို ေျပာရင္ေတာင္ သူတို႔က အိမ္ကို ျပန္ပို႔ဖို႔ ဒါမွမဟုတ္ ရဲစခန္းဆီပို႔ဖို႔ ႀကိဳးစားၾကလိမ့္မယ္။

ဥပုသ္လအၿပီး ရက္သတၱပါတ္ေလာက္အၾကာမွာ သူက က်မဆီကေန က်မရဲ႕ ၀မ္းကြဲညီမတဦးဖုန္းကို ေတာင္းလို႔ က်မေပးခဲ့ရတယ္။ က်မဟာ သူဘာခိုင္းခိုင္းလုပ္ရတဲ့ ႀကိဳးတန္းေပၚက တိရစၦာန္တေကာင္လိုပါပဲ။ က်မရဲ႕ ၀မ္းကြဲညီမကို က်မအေၾကာင္းေတြေျပာျပၿပီး သူနဲ႔ ေ၀းေ၀းေနဖို႔ သတိေပးခဲ့တယ္။

အဲဒီေနာက္ေတာ့ အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ က်မရဲ႕ ၀မ္းကြဲညီမအေၾကာင္းကို ေမးပါေတာ့တယ္။ က်မက ေျပာလိုက္ပါတယ္။ က်မဘာပဲျဖစ္ေနပါေစ။ သူ႔ကို က်မညီမရဲ႕ အနားကို ေရာက္လာခြင့္မျပဳႏိုင္ဘူးလို႔။ သူက “မင္းဘာပဲလုပ္လုပ္၊ ဒါဟာ ျဖစ္ကို ျဖစ္လာမွာပဲ”လို႔ ေျပာခဲ့ပါတယ္။

အဲဒီေနာက္ေတာ့ က်မရဲ႕ ညီမကို “သူ႔ကို သတ္ၾကစို႔”လို႔ ေျပာခဲ့ပါတယ္။ တခုေသာၾကာသပေတးညမွာေတာ့ သူေရာက္လာခဲ့ၿပီး သူနဲ႔အတူ ၃ ေယာက္အတူ အိပ္ၾကဖို႔ ေျပာတယ္။

က်မဆီက ေငြေတြယူလည္း က်မခြင့္လႊတ္ခဲ့တယ္။ က်မကို အဓမၼျပဳက်င့္တာလည္း က်မခြင့္လႊတ္ခဲ့တယ္။ ဒါေပမယ့္ ခုေတာ့ အဆံုးသတ္ၿပီး က်မတို႔ ကင္းကင္းေနၾကရေအာင္ပါ။ ရွင့္ကို ေပးဖို႔ က်မဆီမွာ ဘာမွမရွိေတာ့ပါဘူးလုိ႔ သူ႔ကုိ ေျပာလုိက္တယ္။ သူက “မင္းမွာ ငါ့ကိုေပးဖို႔ ပိုက္ဆံမရွိေတာ့ရင္ ငါ့သူငယ္ခ်င္းေတြကို မင္းကို ေပးမယ္”လို႔ ျပန္ေျပာပါတယ္။

ဒါဟာ အဆံုးသတ္ရမယ့္ အခ်ိန္ပါပဲ။ သူဟာ မီးဖိုခန္းတံခါးရဲ႕ အျပင္မွာ ထိုင္ေနခဲ့ပါတယ္။ က်မဟာ မီးဖိုခန္းထဲက သားလွီးဓားကိုယူၿပီး သူ႔ရဲ႕ ဦးေခါင္းကို ေနာက္ဘက္ကေန ခုတ္ခဲ့တာပါ။ က်မကို အဓမၼျပဳက်င့္ခဲ့ဖူးတဲ့ သူ႔ရဲ႕ လက္ေခ်ာင္းကို ဓားနဲ႔ ခုတ္ပစ္ခဲ့တယ္။ အဲဒီ ေနာက္ေတာ့ သူ႔ကုိ က်မ အျပင္ ကန္ထုတ္လိုက္ခဲ့မိေတာ့တာပဲ။

ခုခ်ိန္မွာေတာ့ က်မ ဘုရားသခင္ဆီနဲ႔ အေဖ့ရဲ႕ ခြင့္လႊတ္ေပးမႈေတြကလြဲၿပီး ဘာကိုမွ မလိုခ်င္ေတာ့ပါဘူး။ အေဖက “နင္ထြက္သြားခဲ့ရင္ေတာင္ နင့္ကို လက္မခံေတာ့ဘူး။ နင္က ငါ့ကို အရွက္ရေစလို႔ပဲ”လို႔ ေျပာခဲ့တယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ဒါဟာ တူနီးရှားနိုင်ငံသူ အေမဲလ်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတပုဒ်ပါပဲ။ သူ့ရဲ့ နာမည်နဲ့ အသံတွေကိုတော့ လွှဲပြောင်းထားခဲ့ပြီး အသံနဲ့ တခြားတဦးက သရုပ်ဆောင်ခဲ့တာပါ။
ဒီအစီအစဉ်ဟာ ကမ္ဘာတလွှားက အရှက်တရားရစေပြီး အနိုင်ကျင့်စော်ကားခံနေရတဲ့ မိန်းကလေးငယ်တွေအကြောင်းကို ဘီဘီစီသတင်းဌာနက ဖော်ပြတဲ့ အစီအစဉ်တခုပါ။

ကျမ ထောင်ဒဏ် ၂၅ နှစ်ကျခံခဲ့ရပါတယ်။ ဒါပေမယ့် ကျမလုပ်ခဲ့သမျှဟာ သူ ကျမအပေါ် ကျူးလွန်ခဲ့တာတွေမို့ ကျမ နောင်တမရခဲ့ပါဘူး။ သူလည်း ကျမကို သတ်ခဲ့တာပဲလေ။

ကျမတို့ဟာ ဆင်ခြေဖုံးကျေးရွာတနေရာမှာ နေထိုင်ပါတယ်။ ကျမဟာ နေ့စဉ် နွား ကျောင်းတာ၊ မြက်ရိတ်တာနဲ့ သံလွင်ပင်စိုက်ပျိုးတဲ့အလုပ်တွေကို လုပ်ရပါတယ်။ ဒါ ကျမ ရဲ့ ဘဝပါပဲ။

အဲဒီလူက ကျမတို့ အိမ်ကို လာလည်လေ့ရှိသူပါ။ သူက ကျမအဖေရဲ့ မိတ်ဆွေ ဖြစ်ပေမယ့် ကျမသူ့ကို မရင်းနှီးခဲ့ပါဘူး။ သူ့ရဲ့ ဦးလေးတွေနဲ့ ကျမရဲ့ ဦးလေးတွေဟာ ညီအစ်ကို ဝမ်းကွဲတော်စပ်ကြပါတယ်။ သူတို့ဟာ မြေယာပြဿနာတခုအတွက် စကားများခိုက်ရန်ဖြစ်ခဲ့ကြဖူးပါတယ်။

တရက်မှာတော့ သူဟာ ကျမရဲ့ အိမ်ကို ကျမမိထွေးနဲ့ စကားပြောဆိုဖို့ ရောက်လာ ခဲ့ပေမယ့် အိမ်မှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး။ အဲဒီနောက်မှာ ဒီအဖြစ်အပျက်ကြီး ဖြစ်တော့တာပါပဲ။

ကျမတို့ စကားများကြတယ်။ သူက ကျမကို ရိုက်နှက်တယ်။ အဲဒီနောက်မှာ ကျမကို သူ့လက်ချောင်းနဲ့ အဓမ္မပြုကျင့်ခဲ့တော့တာပါ။ သူက ကျမကို “မင်းအရှက်ရချင်ရင် ဒီအဖြစ်အပျက်ကို တခြားသူတွေကို ဖွင့်ပြောလိုက်ပေါ့”လို့ ပြောခဲ့ပါတယ်။

အေမဲလ်ဟာ ဘာစကားတခွန်းမှ မပြောနိုင်ခဲ့တဲ့ အခြေအနေတခုထဲမှာ အနိုင် ကျင့်စော်ကားခံခဲ့ရပြီး ထောင်ချောက်မိခဲ့ပါတယ်။ သီတင်း ၂ ပါတ်လောက်အကြာမှာတော့ အဲဒီအမျိုးသားဟာ သူ့ကို ဝစ်လစ်စလစ် အခြေအနေနဲ့ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

သူ ကျမကို အဲဒီဓာတ်ပုံတွေကို ပြခဲ့ပြီး “ဒီပုံတွေကို မင်းအဖွားကို ပြမယ်။ ဒါက သူ့ကို တဖြည်းဖြည်း သတ်သလိုပဲ။ မင်းအချစ်ဆုံး အဖေကိုပြဦးမယ်။ တကယ်လို့ မင်းငါ့ကို ပိုက်ဆံပေးမယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ မပြောတာ့ဘူး”လို့ ပြောခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ ကျမဟာ သူ့ကို ပိုက်ဆံပေးဖို့ စတင်ခဲ့ရတယ်။ ကျမ မနက်စောစော မိုးမလင်းခင် အိပ်ရာက ထရတယ်။ နွားနို့ညှစ်ရောင်းပြီး သူ့ကို ပိုက်ဆံပေးရတယ်။ ကျမအဖေဆီက ဒိုင်နာငွေ ၁၇၀၀ တောင် ကျမခိုးခဲ့ရတယ်။

သူကျမကိုရိုက်ပြီး အမျိုးမျိုးလုပ်ခဲ့ပေမယ့် ကျမဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ကျမ ထွက်ပြေးချင်ပေမယ့် ကျမ ဘယ်ကိုသွားရမလဲ။ ကျမကို ဘယ်သူက လက်ခံထားမလဲ။ ကျမရဲ့ ဒီအကြောင်းကို တယောက်ယောက်ကို ပြောရင်တောင် သူတို့က အိမ်ကို ပြန်ပို့ဖို့ ဒါမှမဟုတ် ရဲစခန်းဆီပို့ဖို့ ကြိုးစားကြလိမ့်မယ်။

ဥပုသ်လအပြီး ရက်သတ္တပါတ်လောက်အကြာမှာ သူက ကျမဆီကနေ ကျမရဲ့ ဝမ်းကွဲညီမတဦးဖုန်းကို တောင်းလို့ ကျမပေးခဲ့ရတယ်။ ကျမဟာ သူဘာခိုင်းခိုင်းလုပ်ရတဲ့ ကြိုးတန်းပေါ်က တိရစ္ဆာန်တကောင်လိုပါပဲ။ ကျမရဲ့ ဝမ်းကွဲညီမကို ကျမအကြောင်းတွေပြောပြပြီး သူနဲ့ ဝေးဝေးနေဖို့ သတိပေးခဲ့တယ်။

အဲဒီနောက်တော့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကျမရဲ့ ဝမ်းကွဲညီမအကြောင်းကို မေးပါတော့တယ်။ ကျမက ပြောလိုက်ပါတယ်။ ကျမဘာပဲဖြစ်နေပါစေ။ သူ့ကို ကျမညီမရဲ့ အနားကို ရောက်လာခွင့်မပြုနိုင်ဘူးလို့။ သူက “မင်းဘာပဲလုပ်လုပ်၊ ဒါဟာ ဖြစ်ကို ဖြစ်လာမှာပဲ”လို့ ပြောခဲ့ပါတယ်။

အဲဒီနောက်တော့ ကျမရဲ့ ညီမကို “သူ့ကို သတ်ကြစို့”လို့ ပြောခဲ့ပါတယ်။ တခုသောကြာသပတေးညမှာတော့ သူရောက်လာခဲ့ပြီး သူနဲ့အတူ ၃ ယောက်အတူ အိပ်ကြဖို့ ပြောတယ်။

ကျမဆီက ငွေတွေယူလည်း ကျမခွင့်လွှတ်ခဲ့တယ်။ ကျမကို အဓမ္မပြုကျင့်တာလည်း ကျမခွင့်လွှတ်ခဲ့တယ်။ ဒါပေမယ့် ခုတော့ အဆုံးသတ်ပြီး ကျမတို့ ကင်းကင်းနေကြရအောင်ပါ။ ရှင့်ကို ပေးဖို့ ကျမဆီမှာ ဘာမှမရှိတော့ပါဘူးလို့ သူ့ကို ပြောလိုက်တယ်။ သူက “မင်းမှာ ငါ့ကိုပေးဖို့ ပိုက်ဆံမရှိတော့ရင် ငါ့သူငယ်ချင်းတွေကို မင်းကို ပေးမယ်”လို့ ပြန်ပြောပါတယ်။

ဒါဟာ အဆုံးသတ်ရမယ့် အချိန်ပါပဲ။ သူဟာ မီးဖိုခန်းတံခါးရဲ့ အပြင်မှာ ထိုင်နေခဲ့ပါတယ်။ ကျမဟာ မီးဖိုခန်းထဲက သားလှီးဓားကိုယူပြီး သူ့ရဲ့ ဦးခေါင်းကို နောက်ဘက်ကနေ ခုတ်ခဲ့တာပါ။ ကျမကို အဓမ္မပြုကျင့်ခဲ့ဖူးတဲ့ သူ့ရဲ့ လက်ချောင်းကို ဓားနဲ့ ခုတ်ပစ်ခဲ့တယ်။ အဲဒီ နောက်တော့ သူ့ကို ကျမ အပြင် ကန်ထုတ်လိုက်ခဲ့မိတော့တာပဲ။

ခုချိန်မှာတော့ ကျမ ဘုရားသခင်ဆီနဲ့ အဖေ့ရဲ့ ခွင့်လွှတ်ပေးမှုတွေကလွဲပြီး ဘာကိုမှ မလိုချင်တော့ပါဘူး။ အဖေက “နင်ထွက်သွားခဲ့ရင်တောင် နင့်ကို လက်မခံတော့ဘူး။ နင်က ငါ့ကို အရှက်ရစေလို့ပဲ”လို့ ပြောခဲ့တယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top