Property Expo
×

 မာလကာရြက္မ်ားသည္ ဗီတာမင္ေအႏွင့္ စီ၊ ပိုတက္ဆီယမ္၊ က်န္းမာေရးႏွင့္ညီေသာ အမွ်င္ဓာတ္ႏွင့္ Lycopene ဟု ေခၚေသာ ကင္ဆာကာကြယ္ႏုိင္ေသာဓာတ္တို႔ ႂကြယ္၀စြာပါ၀င္ၿပီး က်န္းမာ ေရးအက်ိဳးေက်းဇူးမ်ားစြာ ေပးစြမ္းႏုိင္သည္။

မာလကာရြက္ကို လက္ဖက္ေျခာက္ကဲ့သုိ႔ ေရေႏြးထဲထည့္ ေသာက္ျခင္းျဖင့္ မေကာင္းေသာ ကိုလက္စထေရာမ်ားကို ေလ်ာ့ က်ေစႏုိင္ၿပီး ေကာင္းေသာ ကိုလက္စထေရာမ်ားကိုလည္း ထိခိုက္ ေစျခင္းမရွိေပ။


မာလကာရြက္ကို ေရေႏြးထဲထည့္ေသာက္ျခင္းျဖင့္ ေခ်ာင္းဆိုးရင္က်ပ္ ေပ်ာက္ကင္းႏုိင္သည္။ ခႏၶာကုိယ္တြင္ ဓာတ္မတည့္မႈ ေၾကာင့္ ျဖစ္ေပၚလာေသာ ယားယံမႈမ်ားသက္သာေစရန္ မာလကာ ရြက္ကုိ ထုေခ်ၿပီး ယားယံေသာေနရာကို ပြတ္ေပးျခင္းျဖင့္ ကုသႏုိင္ သည္။

ပိုးမႊားမ်ားကိုက္ျခင္းအတြက္လည္း မာလကာရြက္ကို ထုေခ် ၿပီး ပြတ္ေပးလိမ္းေပးႏုိင္သည္။ မာလကာရြက္ကိုျပဳတ္ၿပီး အခန္းအ ပူခ်ိန္အတိုင္း အေအးခံထားကာ ေခါင္းေလွ်ာ္ေပးျခင္း ဦးေရျပားကုိ ညင္သာစြာ ႏွိပ္နယ္ေပးျခင္းျဖင့္ ဆံပင္ကြၽတ္ျခင္းကို သိသိသာသာ ကာကြယ္ႏုိင္ၿပီး ေနာက္ထပ္ဆံပင္ကြၽတ္ျခင္းမ်ား အဆံုးသတ္ေစမည္ျဖစ္သည္။

မာလကာရြက္ေရေႏြးၾကမ္းက ကာဗိုဟုိက္ဒရိတ္မ်ားကို သၾကားဓာတ္မ်ားအျဖစ္ ေျပာင္းမသြားေစရန္ တားဆီးေပးေသာေၾကာင့္ ဆာေလာင္မႈကို ေျပေပ်ာက္ေစသျဖင့္ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ရန္လည္း  အေထာက္အကူျဖစ္ႏုိင္သည္။

မာလကာရြက္ေရေႏြးၾကမ္းကို ဗိုက္မေကာင္းျခင္းအတြက္ လည္း ေသာက္သံုးေပးႏုိင္ၿပီး အစာအဆိပ္သင့္ျခင္းအတြက္ မ်ားစြာ အေထာက္အကူျပဳႏုိင္သည္။ ယင္းေရေႏြးၾကမ္းကို ၀မ္းေလွ်ာျခင္း၊ ၀မ္းကိုက္ျခင္းတို႔အတြက္လည္း ေသာက္ေပးႏုိင္သည္။

သုက္လႊတ္ဂလင္းႀကီးမားျခင္းအတြက္လည္း မာလကာရြက္ ေရေႏြးၾကမ္းသည္ ထိေရာက္ေသာ ကုသနည္းတစ္ခုျဖစ္သည္။

မာလကာရြက္ေရေႏြးၾကမ္းသည္ အထူးသျဖင့္ မ်ိဳးေအာင္ႏုိင္မႈ ျပႆနာမ်ား ႀကံဳေတြ႕ေနေသာ အမ်ိဳးသားမ်ားအတြက္ အထူးသင့္ ေလ်ာ္သည္။

ဗီတာမင္စီျမင့္မားစြာပါ၀င္ေသာ မာလကာရြက္သည္ မ်က္ႏွာ ေပၚရွိ ၀က္ၿခံမ်ားကုိ ကုသရာတြင္လည္း မ်ားစြာအသံုး၀င္သည္။

ပြန္းပဲ့ဒဏ္ရာ၊ျပတ္ရွဒဏ္ရာမ်ားသို႔ ေရာဂါပိုးမ်ား မ၀င္ေစေရး မာလကာရြက္ကုိ ထုေခ်၍ အံုေပးႏုိင္သည္။ မာလကာရြက္ေရေႏြး ၾကမ္းျဖင့္ နားအျပင္ဘက္ေရာဂါပိုး၀င္ျခင္းကိုလည္း ကုသႏုိင္သည္။ အေအးခံၿပီး အစက္ခ်ေပးႏုိင္သည္။

မာလကာရြက္ ကိုးရြက္ကို ေရငါးခြက္ထည့္ျပဳတ္ၿပီး ေရထက္ ၀က္က်န္သည္အထိ ျပဳတ္ကာ ေသြးလြန္တုပ္ေကြးေရာဂါအတြက္ ေသာက္ေပးႏိုင္သည္။

ေသြးထဲတြင္ပါ၀င္ေသာ သၾကားဓာတ္ကို ေလွ်ာ့ခ်ေပးႏုိင္ၿပီး အင္ဆူလင္ထုတ္လုပ္မႈကို ပုိမမ်ားေစ၍ မာလကာရြက္ေရေႏြး ၾကမ္းသည္ ဆီးခ်ိဳေရာဂါသည္မ်ားအတြက္ အလြန္အက်ိဳးရွိသည္။

သြားကိုက္ျခင္း၊ သြားဖံုးေရာင္ျခင္းႏွင့္ ခံတြင္းနာက်င္ျခင္းတို႔ အတြက္ မာလကာရြက္၀ါးေပးပါ။ မ်က္ႏွာေပၚမွ ဆား၀က္ၿခံမ်ား သဘာ၀အတိုင္း ေပ်ာက္ကင္းေစရန္ မာလကာရြက္ကို ထုေခ်ၿပီး ေရအနည္းငယ္ေရာကာ မ်က္ႏွာကို ပံုမွန္ပြတ္သက္ေဆးေၾကာေပး ပါ။

အရြယ္မတုိင္မီ အသားအေရထိခိုက္ျခင္းမ်ားအတြက္လည္း ယင္းနည္းကို အသံုးျပဳႏုိင္သည္။    
   

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 မာလကာရွက်များသည် ဗီတာမင်အေနှင့် စီ၊ ပိုတက်ဆီယမ်၊ ကျန်းမာရေးနှင့်ညီသော အမျှင်ဓာတ်နှင့် Lycopene ဟု ခေါ်သော ကင်ဆာကာကွယ်နိုင်သောဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာ ရေးအကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သည်။

မာလကာရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးထဲထည့် သောက်ခြင်းဖြင့် မကောင်းသော ကိုလက်စထရောများကို လျော့ ကျစေနိုင်ပြီး ကောင်းသော ကိုလက်စထရောများကိုလည်း ထိခိုက် စေခြင်းမရှိပေ။

မာလကာရွက်ကို ရေနွေးထဲထည့်သောက်ခြင်းဖြင့် ချောင်းဆိုးရင်ကျပ် ပျောက်ကင်းနိုင်သည်။ ခန္ဓာကိုယ်တွင် ဓာတ်မတည့်မှု ကြောင့် ဖြစ်ပေါ်လာသော ယားယံမှုများသက်သာစေရန် မာလကာ ရွက်ကို ထုချေပြီး ယားယံသောနေရာကို ပွတ်ပေးခြင်းဖြင့် ကုသနိုင် သည်။

ပိုးမွှားများကိုက်ခြင်းအတွက်လည်း မာလကာရွက်ကို ထုချေ ပြီး ပွတ်ပေးလိမ်းပေးနိုင်သည်။ မာလကာရွက်ကိုပြုတ်ပြီး အခန်းအ ပူချိန်အတိုင်း အအေးခံထားကာ ခေါင်းလျှော်ပေးခြင်း ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သိသိသာသာ ကာကွယ်နိုင်ပြီး နောက်ထပ်ဆံပင်ကျွတ်ခြင်းများ အဆုံးသတ်စေမည်ဖြစ်သည်။

မာလကာရွက်ရေနွေးကြမ်းက ကာဗိုဟိုက်ဒရိတ်များကို သကြားဓာတ်များအဖြစ် ပြောင်းမသွားစေရန် တားဆီးပေးသောကြောင့် ဆာလောင်မှုကို ပြေပျောက်စေသဖြင့် ကိုယ်အလေးချိန်လျှော့ချရန်လည်း  အထောက်အကူဖြစ်နိုင်သည်။

မာလကာရွက်ရေနွေးကြမ်းကို ဗိုက်မကောင်းခြင်းအတွက် လည်း သောက်သုံးပေးနိုင်ပြီး အစာအဆိပ်သင့်ခြင်းအတွက် များစွာ အထောက်အကူပြုနိုင်သည်။ ယင်းရေနွေးကြမ်းကို ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်းတို့အတွက်လည်း သောက်ပေးနိုင်သည်။

သုက်လွှတ်ဂလင်းကြီးမားခြင်းအတွက်လည်း မာလကာရွက် ရေနွေးကြမ်းသည် ထိရောက်သော ကုသနည်းတစ်ခုဖြစ်သည်။

မာလကာရွက်ရေနွေးကြမ်းသည် အထူးသဖြင့် မျိုးအောင်နိုင်မှု ပြဿနာများ ကြုံတွေ့နေသော အမျိုးသားများအတွက် အထူးသင့် လျော်သည်။

ဗီတာမင်စီမြင့်မားစွာပါဝင်သော မာလကာရွက်သည် မျက်နှာ ပေါ်ရှိ ဝက်ခြံများကို ကုသရာတွင်လည်း များစွာအသုံးဝင်သည်။

ပွန်းပဲ့ဒဏ်ရာ၊ပြတ်ရှဒဏ်ရာများသို့ ရောဂါပိုးများ မဝင်စေရေး မာလကာရွက်ကို ထုချေ၍ အုံပေးနိုင်သည်။ မာလကာရွက်ရေနွေး ကြမ်းဖြင့် နားအပြင်ဘက်ရောဂါပိုးဝင်ခြင်းကိုလည်း ကုသနိုင်သည်။ အအေးခံပြီး အစက်ချပေးနိုင်သည်။

မာလကာရွက် ကိုးရွက်ကို ရေငါးခွက်ထည့်ပြုတ်ပြီး ရေထက် ဝက်ကျန်သည်အထိ ပြုတ်ကာ သွေးလွန်တုပ်ကွေးရောဂါအတွက် သောက်ပေးနိုင်သည်။

သွေးထဲတွင်ပါဝင်သော သကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုကို ပိုမများစေ၍ မာလကာရွက်ရေနွေး ကြမ်းသည် ဆီးချိုရောဂါသည်များအတွက် အလွန်အကျိုးရှိသည်။

သွားကိုက်ခြင်း၊ သွားဖုံးရောင်ခြင်းနှင့် ခံတွင်းနာကျင်ခြင်းတို့ အတွက် မာလကာရွက်ဝါးပေးပါ။ မျက်နှာပေါ်မှ ဆားဝက်ခြံများ သဘာဝအတိုင်း ပျောက်ကင်းစေရန် မာလကာရွက်ကို ထုချေပြီး ရေအနည်းငယ်ရောကာ မျက်နှာကို ပုံမှန်ပွတ်သက်ဆေးကြောပေး ပါ။

အရွယ်မတိုင်မီ အသားအရေထိခိုက်ခြင်းများအတွက်လည်း ယင်းနည်းကို အသုံးပြုနိုင်သည်။   

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top