Kantharyar Centre
×


ေဆးလိပ္ေသာက္ျခင္းေၾကာင့္ ခံတြင္းအတြင္း၌ ဗက္ တီးရီးယားပါဝင္မႈမွ်ေျခကို ႀကီးမားစြာ အေျပာင္းအလဲျဖစ္ေစႏုိင္ၿပီး ယင္းမွာ ခံတြင္း၊ အဆုတ္ႏွင့္ အစာေခ်ဖ်က္စနစ္ေရာဂါမ်ားျဖစ္ပြား ႏုိင္သည့္ အႏၲရာယ္ရွိသည္ဟု သုေတသနသစ္တစ္ရပ္တြင္ ေဖာ္ျပ ထားသည္။
ေဆးလိပ္ျဖတ္လိုက္ပါက ခံတြင္းအတြင္း ဗက္တီးရီးယားေပါင္း စပ္ပါဝင္မႈ ျပန္လည္မွန္ကန္သြားသည္ကို သုေတသီမ်ားက ေတြ႕ရွိခဲ့သည္။

သုေတသီမ်ားသည္ အေမရိကန္ႏုိင္ငံသား ၁,၂၀၀ ေက်ာ္၏ခံ တြင္းဗက္တီးရီးယားမ်ိဳးစိတ္ေပါင္း ၆၀၀ ခန္႔ကို ခြဲျခမ္းစိတ္ျဖာေလ့ လာခဲ့ၾကသည္။ အားလံုးအသက္(၅၀)ေက်ာ္မ်ားျဖစ္ၿပီး ေဆးလိပ္ ေသာက္သူမ်ား၊ ယခင္က ေဆးလိပ္ေသာက္ခဲ့သူမ်ားႏွင့္ ေဆးလိပ္ လံုးဝမေသာက္ဖူးသူမ်ားပါဝင္သည္။

လက္ရွိ ေဆးလိပ္ေသာက္ေနသူမ်ားတြင္ ဗက္တီးရီးယားမ်ိဳး စိတ္ ၁၅၀ ခန္႔၏ သိသာစြာမ်ားျပားေနၿပီး က်န္ဗက္တီးရီးယားမ်ိဳးစိတ္ ၇၀ ခန္႔ ေလ်ာ့က်ေနသည္ကို ေတြ႕ရွိခဲ့သည္။

ဥပမာအားျဖင့္ ေဆးလိပ္ေသာက္သူမ်ား၏ခံတြင္းအတြင္း ပ႐ို တီယိုဗက္တီးရီးယားပါဝင္မႈမွာ ၅ ရာခိုင္ႏႈန္းသာရွိၿပီး ေဆးလိပ္မ ေသာက္သူမ်ားတြင္ ယင္းဗက္တီးရီးယား ၁၂ ရာခိုင္ႏႈန္းခန္႔ ပါဝင္ သည္။ အဆိုပါ ပ႐ိုတီယိုဗက္တီးရီးယားမွာ ေဆးလိပ္ေသာက္ရာမွ ျဖစ္ေပၚလာေသာ အႏၲရာယ္ရွိ ဓာတုပစၥည္းမ်ားကို ေခ်ဖ်က္ေပးေသာဗက္တီးရီးယားျဖစ္သည္။

ထို႔အျပင္ သြားပ်က္စီးမႈကိုျဖစ္ေစေသာ စထရက္တိုေကာ့ ကပ္စ္ဗက္တီးရီးယားမ်ားမွာလည္း ေဆးလိပ္မေသာက္သူမ်ားထက္  ေဆးလိပ္ေသာက္သူမ်ားတြင္ ၁၀ ရာခိုင္ႏႈန္းအထက္ ပိုမ်ားေန ေၾကာင္း သုေတသီမ်ားက ေတြ႕ရွိခဲ့သည္။

သို႔ေသာ္ သတင္းေကာင္းမွာ ေဆးလိပ္ေသာက္ျခင္းရပ္တန္႔ လိုက္ပါက ခံတြင္းဗက္တီးရီးယားပါဝင္မႈ မူလအတိုင္း ပံုမွန္ျပန္ျဖစ္ သြားသည္ဟု သုေတသီမ်ားက ေျပာၾကားသည္။ ယခင္က ေဆး လိပ္ေသာက္ခဲ့ေသာ္လည္း ေဆးလိပ္ျဖတ္လိုက္သည္မွာ ဆယ္ႏွစ္ခန္႔ၾကာျမင့္ၿပီျဖစ္ေသာ သူမ်ား၌ ခံတြင္းဗက္တီးရီးယားပါဝင္မႈမွာ  ေဆးလိပ္ လံုးဝမေသာက္သူမ်ား၌ ဗက္တီးရီးယားပါဝင္မႈႏွင့္ တူညီေန ေၾကာင္း သုေတသီမ်ားက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

  ဆေးလိပ်သောက်ခြင်းကြောင့် ခံတွင်းအတွင်း၌ ဗက် တီးရီးယားပါဝင်မှုမျှခြေကို ကြီးမားစွာ အပြောင်းအလဲဖြစ်စေနိုင်ပြီး ယင်းမှာ ခံတွင်း၊ အဆုတ်နှင့် အစာချေဖျက်စနစ်ရောဂါများဖြစ်ပွား နိုင်သည့် အန္တရာယ်ရှိသည်ဟု သုတေသနသစ်တစ်ရပ်တွင် ဖော်ပြ ထားသည်။

ဆေးလိပ်ဖြတ်လိုက်ပါက ခံတွင်းအတွင်း ဗက်တီးရီးယားပေါင်း စပ်ပါဝင်မှု ပြန်လည်မှန်ကန်သွားသည်ကို သုတေသီများက တွေ့ရှိခဲ့သည်။

သုတေသီများသည် အမေရိကန်နိုင်ငံသား ၁,၂၀၀ ကျော်၏ခံ တွင်းဗက်တီးရီးယားမျိုးစိတ်ပေါင်း ၆၀၀ ခန့်ကို ခွဲခြမ်းစိတ်ဖြာလေ့ လာခဲ့ကြသည်။ အားလုံးအသက်(၅၀)ကျော်များဖြစ်ပြီး ဆေးလိပ် သောက်သူများ၊ ယခင်က ဆေးလိပ်သောက်ခဲ့သူများနှင့် ဆေးလိပ် လုံးဝမသောက်ဖူးသူများပါဝင်သည်။

လက်ရှိ ဆေးလိပ်သောက်နေသူများတွင် ဗက်တီးရီးယားမျိုး စိတ် ၁၅၀ ခန့်၏ သိသာစွာများပြားနေပြီး ကျန်ဗက်တီးရီးယားမျိုးစိတ် ၇၀ ခန့် လျော့ကျနေသည်ကို တွေ့ရှိခဲ့သည်။

ဥပမာအားဖြင့် ဆေးလိပ်သောက်သူများ၏ခံတွင်းအတွင်း ပရို တီယိုဗက်တီးရီးယားပါဝင်မှုမှာ ၅ ရာခိုင်နှုန်းသာရှိပြီး ဆေးလိပ်မ သောက်သူများတွင် ယင်းဗက်တီးရီးယား ၁၂ ရာခိုင်နှုန်းခန့် ပါဝင် သည်။ အဆိုပါ ပရိုတီယိုဗက်တီးရီးယားမှာ ဆေးလိပ်သောက်ရာမှ ဖြစ်ပေါ်လာသော အန္တရာယ်ရှိ ဓာတုပစ္စည်းများကို ချေဖျက်ပေးသောဗက်တီးရီးယားဖြစ်သည်။

ထို့အပြင် သွားပျက်စီးမှုကိုဖြစ်စေသော စထရက်တိုကော့ ကပ်စ်ဗက်တီးရီးယားများမှာလည်း ဆေးလိပ်မသောက်သူများထက်  ဆေးလိပ်သောက်သူများတွင် ၁၀ ရာခိုင်နှုန်းအထက် ပိုများနေ ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။

သို့သော် သတင်းကောင်းမှာ ဆေးလိပ်သောက်ခြင်းရပ်တန့် လိုက်ပါက ခံတွင်းဗက်တီးရီးယားပါဝင်မှု မူလအတိုင်း ပုံမှန်ပြန်ဖြစ် သွားသည်ဟု သုတေသီများက ပြောကြားသည်။ ယခင်က ဆေး လိပ်သောက်ခဲ့သော်လည်း ဆေးလိပ်ဖြတ်လိုက်သည်မှာ ဆယ်နှစ်ခန့်ကြာမြင့်ပြီဖြစ်သော သူများ၌ ခံတွင်းဗက်တီးရီးယားပါဝင်မှုမှာ  ဆေးလိပ် လုံးဝမသောက်သူများ၌ ဗက်တီးရီးယားပါဝင်မှုနှင့် တူညီနေ ကြောင်း သုတေသီများက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top