Property Expo
×

                                                    (thestar.com)

ဂ်ကာတာၿမိဳ႕လယ္ ေကာင္ရွိ ဗီဒီယိုေၾကာ္ျငာဘုတ္ျပား၏ အီလက္ထရြန္နစ္စနစ္သို႔ ခ်ဳိးေဖာက္၀င္ေရာက္ကာ ေန႔ခင္း ေၾကာင္ေတာင္၌ အျပာကားထုတ္လႊင့္ျပသခဲ့ျခင္းအတြက္ ဖမ္းဆီးခံရေသာ အင္ဒိုနီးရွားႏုိင္ငံသားသည္ ေထာင္ဒဏ္ေျခာက္ႏွစ္က်ခံရႏုိင္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားသည္။


ဂ်ကာတာၿမိဳ႕ရွိ အဓိကလမ္းဆံုတစ္ခုတြင္ စိုက္ထူထားေသာ ေၾကာ္ျငာဘုတ္ျပား ဖန္သားျပင္ ၌ ေသာၾကာေန႔က Watch Tokyo Hot ဂ်ပန္ကားကို ၁၀ မိနစ္ၾကာျပသခဲ့ရာ ယာဥ္ေမာင္းမ်ားက ဖုန္းမ်ားျဖင့္ ႐ိုက္ကူးထားခဲ့ၾကသည္။

 ယင္းေၾကာ္ျငာဘုတ္သို႔ ဆက္သြယ္ထားေသာ လွ်ပ္စစ္ လိုင္းကို အလ်င္အျမန္ ျဖတ္ ေတာက္ပစ္ခဲ့ေသာ္လည္း အျပာ ကားထုတ္လႊင့္ျပသေနပံု ဗီဒီယို မ်ား လူမႈကြန္ရက္ေပၚတြင္ အုတ္ ေအာ္ေသာင္းတင္း ျဖစ္ပြားခဲ့သည္။

ေရွး႐ိုးဆန္ေသာ မြတ္စလင္ အမ်ားစုေနထိုင္ရာ အင္ဒိုနီးရွား ႏိုင္ငံတြင္ ယင္းျဖစ္ရပ္၏ တရားခံ ကို ရဲတပ္ဖြဲ႕ႏွင့္ဆိုင္ေသာ လံုၿခံဳ ေရးကြၽမ္းက်င္သူမ်ားက လိုက္လံရွာေဖြရာ အသက္ (၂၄) ႏွစ္အရြယ္ နည္းပညာ ေလ့လာသူတစ္ဦးကို ႐ုံးခန္းတစ္ခုအတြင္း ဖမ္းမိခဲ့သည္။

အင္ဒိုနီးရွားႏိုင္ငံတြင္ အျပာကား၀က္ဘ္ဆိုက္မ်ားသို႔ ၀င္ ေရာက္ခြင့္ကို တားျမစ္ထားၿပီး ႐ုပ္ရွင္မ်ားႏွင့္ ႐ုပ္သံဇာတ္လမ္းမ်ား တြင္ ခ်စ္ႀကိဳက္ခန္းမ်ားကို လံုး၀ ျဖတ္ေတာက္ပစ္ျခင္း (သို႔မဟုတ္) အစိုးရတည္းျဖတ္ေရး အရာရွိမ်ားက မထင္မရွားျဖစ္ေအာင္ လုပ္ၿပီးမွ ျပသေလ့ရွိ သည္။

 မည္သူမည္၀ါျဖစ္ေၾကာင္း မသိရသည့္ ဖမ္းဆီးခံရသူက ၀န္ခံထားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာ သည္။

 ယင္းေၾကာ္ျငာဘုတ္ျပား ေပၚတြင္ အီလက္ထရြန္နစ္စနစ္ သို႔ ၀င္ေရာက္ႏိုင္သည့္ စကား၀ွက္ေဖာ္ျပထားျခင္းကို ေတြ႕ရွိၿပီးေနာက္ ေနာက္ေျပာင္ခဲ့ျခင္းျဖစ္သည္ဟု တရားခံက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
(thestar.com)

ဂျကာတာမြို့လယ် ကောင်ရှိ ဗီဒီယိုကြော်ငြာဘုတ်ပြား၏ အီလက်ထရွန်နစ်စနစ်သို့ ချိုးဖောက်ဝင်ရောက်ကာ နေ့ခင်း ကြောင်တောင်၌ အပြာကားထုတ်လွှင့်ပြသခဲ့ခြင်းအတွက် ဖမ်းဆီးခံရသော အင်ဒိုနီးရှားနိုင်ငံသားသည် ထောင်ဒဏ်ခြောက်နှစ်ကျခံရနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။


ဂျကာတာမြို့ရှိ အဓိကလမ်းဆုံတစ်ခုတွင် စိုက်ထူထားသော ကြော်ငြာဘုတ်ပြား ဖန်သားပြင် ၌ သောကြာနေ့က Watch Tokyo Hot ဂျပန်ကားကို ၁၀ မိနစ်ကြာပြသခဲ့ရာ ယာဉ်မောင်းများက ဖုန်းများဖြင့် ရိုက်ကူးထားခဲ့ကြသည်။

 ယင်းကြော်ငြာဘုတ်သို့ ဆက်သွယ်ထားသော လျှပ်စစ် လိုင်းကို အလျင်အမြန် ဖြတ် တောက်ပစ်ခဲ့သော်လည်း အပြာ ကားထုတ်လွှင့်ပြသနေပုံ ဗီဒီယို များ လူမှုကွန်ရက်ပေါ်တွင် အုတ် အော်သောင်းတင်း ဖြစ်ပွားခဲ့သည်။

ရှေးရိုးဆန်သော မွတ်စလင် အများစုနေထိုင်ရာ အင်ဒိုနီးရှား နိုင်ငံတွင် ယင်းဖြစ်ရပ်၏ တရားခံ ကို ရဲတပ်ဖွဲ့နှင့်ဆိုင်သော လုံခြုံ ရေးကျွမ်းကျင်သူများက လိုက်လံရှာဖွေရာ အသက် (၂၄) နှစ်အရွယ် နည်းပညာ လေ့လာသူတစ်ဦးကို ရုံးခန်းတစ်ခုအတွင်း ဖမ်းမိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် အပြာကားဝက်ဘ်ဆိုက်များသို့ ဝင် ရောက်ခွင့်ကို တားမြစ်ထားပြီး ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းများ တွင် ချစ်ကြိုက်ခန်းများကို လုံး၀ ဖြတ်တောက်ပစ်ခြင်း (သို့မဟုတ်) အစိုးရတည်းဖြတ်ရေး အရာရှိများက မထင်မရှားဖြစ်အောင် လုပ်ပြီးမှ ပြသလေ့ရှိ သည်။

 မည်သူမည်ဝါဖြစ်ကြောင်း မသိရသည့် ဖမ်းဆီးခံရသူက ဝန်ခံထားကြောင်း ရဲတပ်ဖွဲ့က ပြော သည်။

 ယင်းကြော်ငြာဘုတ်ပြား ပေါ်တွင် အီလက်ထရွန်နစ်စနစ် သို့ ဝင်ရောက်နိုင်သည့် စကားဝှက်ဖော်ပြထားခြင်းကို တွေ့ရှိပြီးနောက် နောက်ပြောင်ခဲ့ခြင်းဖြစ်သည်ဟု တရားခံက ပြောကြားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top