Property Expo
×


ေတာင္ႀကီးၿမိဳ႕ ကန္ ေရွ႕ရပ္ကြက္ ေရထြက္ဦးလမ္းရွိ အထူးကုေဆး႐ံုသည္ စည္ပင္ လမ္းေျမကို ကားပါကင္အျဖစ္ ေနရာ  က်ဴးေက်ာ္ခ်ဲ႕ထြင္ထား သျဖင့္ ၿမိဳ႕နယ္စည္ပင္သာယာ ေရးဦးစီးဌာနက သတိေပးထားၿပီး မလိုက္နာပါက အေရးယူမည္ဟု သတင္းရရွိသည္။


စည္ပင္သာယာေရးနယ္နိ မိတ္ လမ္းေျမကို ကားပါကင္အ ျဖစ္ အသံုးျပဳ၍ အကာအရံမ်ား ခ်ထားျခင္းသည္ ရွမ္းျပည္နယ္ စည္ပင္သာယာေရး နည္းဥပေဒ အေပၚ ခ်ိဳးေဖာက္ေနျခင္းျဖစ္၍ ဖ်က္သိမ္းရန္ ေအာက္တိုဘာ ၂ ရက္က သတိေပးထားၿပီး တစ္ ပတ္အတြင္း မလိုက္နာပါက စည္ ပင္သာယာေရးနည္းဥပေဒပုဒ္မ ျဖင့္ အေရးယူမည္ဟု ေတာင္ႀကီး စည္ပင္ဦးစီးဌာနမွ ဒုဦးစီးဦးေဝ လိႈင္းက ေျပာသည္။

‘‘ေဆး႐ံုကို အေၾကာင္းၾကား ထားၿပီး ျဖစ္ပါတယ္။ သူတုိ႔ခ် ထားတဲ့ သံပန္းေတြ၊ မီးစက္ေတြ ျဖဳတ္သိမ္းဖို႔၊ လမ္းေျမကို က်ဴး ေက်ာ္ေနတဲ့ ဆုိင္ေတြဖ်က္ဖို႔ကို ေျပာထားၿပီးပါၿပီ။ ဒါကို မလိုက္ နာဘူးဆုိရင္ေတာ့ စည္ပင္သာ ယာေရးဥပေဒပုဒ္မ ၆၈ (ခ)နဲ႔ အ ေရးယူသြားပါမယ္’’ဟု ဦးေဝလိႈင္းက ေျပာသည္။


အဆုိပါ အထူးကုေဆး႐ံုေရွ႕ တြင္ ေဆး႐ံုဝင္းမ်က္ႏွာစာမွ ေပ ၃၀ ေက်ာ္အထိ လမ္းေျမကို ေနရာယူခ်ဲ႕ထြင္ကာ အဂၤေတခင္းျခင္း၊ သံပန္းအကာအရံမ်ားခ်ထားျခင္း ႏွင့္ ယာဥ္ရပ္တန္႔ရန္ ေနရာခ်ဲ႕ထြင္ ထားျခင္းတို႔ေၾကာင့္ ေန႔စဥ္ယာဥ္ က်ပ္တည္းမႈ ျဖစ္ေပၚေနေၾကာင္း ေတာင္ႀကီးေဒသခံ ဦးစိုင္းေနာ္ ခမ္းက ေျပာသည္။

ေဆး႐ံုေရွ႕မ်က္ႏွာစာ ကား ပါကင္ေနရာ ခ်ဲ႕ထြင္မႈေၾကာင့္ ေရထြက္ဦးလမ္းေဘးဝဲယာ က်ဥ္း ေျမာင္းလာၿပီး ေက်ာင္းဆင္း၊ ေက်ာင္းႀကိဳခ်ိန္မ်ားတြင္ ယာဥ္ ေၾကာပိတ္ဆုိ႔မႈ၊ ယာဥ္တိုက္မႈမ်ား ေန႔စဥ္ျဖစ္ေပၚေနေၾကာင္း ေတာင္ႀကီးေဒသခံ  ဦးေနမ်ိဳးက  ေျပာ သည္။

   ‘‘ေဘးမွာက ေက်ာင္းရွိ တယ္။ လမ္းေျမေတြ ဒီေလာက္ အထိ က်ဴးေက်ာ္ၿပီး ေနရာယူထား တာကို စည္ပင္သာယာေရးဌာန က ဘာလို႔မ်က္ကြယ္ျပဳထားတာ လဲဆုိတာ ေမးခြန္းထုတ္ရမွာပါ’’ ဟု ဦးေနမ်ိဳးက ေျပာသည္။

အထူးကုေဆး႐ံု၏ ကားပါ ကင္ေနရာ ခ်ဲ႕ထြင္ယူထားမႈႏွင့္ ပတ္သက္၍ ယင္းေဆး႐ံုသုိ႔ ဆက္သြယ္ေမးျမန္းေသာ္လည္း ျပန္ လည္ေျဖၾကားျခင္းမရွိခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  တောင်ကြီးမြို့ ကန် ရှေ့ရပ်ကွက် ရေထွက်ဦးလမ်းရှိ အထူးကုဆေးရုံသည် စည်ပင် လမ်းမြေကို ကားပါကင်အဖြစ် နေရာ  ကျူးကျော်ချဲ့ထွင်ထား သဖြင့် မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနက သတိပေးထားပြီး မလိုက်နာပါက အရေးယူမည်ဟု သတင်းရရှိသည်။

စည်ပင်သာယာရေးနယ်နိ မိတ် လမ်းမြေကို ကားပါကင်အ ဖြစ် အသုံးပြု၍ အကာအရံများ ချထားခြင်းသည် ရှမ်းပြည်နယ် စည်ပင်သာယာရေး နည်းဥပဒေ အပေါ် ချိုးဖောက်နေခြင်းဖြစ်၍ ဖျက်သိမ်းရန် အောက်တိုဘာ ၂ ရက်က သတိပေးထားပြီး တစ် ပတ်အတွင်း မလိုက်နာပါက စည် ပင်သာယာရေးနည်းဥပဒေပုဒ်မ ဖြင့် အရေးယူမည်ဟု တောင်ကြီး စည်ပင်ဦးစီးဌာနမှ ဒုဦးစီးဦးဝေ လှိုင်းက ပြောသည်။

‘‘ဆေးရုံကို အကြောင်းကြား ထားပြီး ဖြစ်ပါတယ်။ သူတို့ချ ထားတဲ့ သံပန်းတွေ၊ မီးစက်တွေ ဖြုတ်သိမ်းဖို့၊ လမ်းမြေကို ကျူး ကျော်နေတဲ့ ဆိုင်တွေဖျက်ဖို့ကို ပြောထားပြီးပါပြီ။ ဒါကို မလိုက် နာဘူးဆိုရင်တော့ စည်ပင်သာ ယာရေးဥပဒေပုဒ်မ ၆၈ (ခ)နဲ့ အ ရေးယူသွားပါမယ်’’ဟု ဦးဝေလှိုင်းက ပြောသည်။


အဆိုပါ အထူးကုဆေးရုံရှေ့ တွင် ဆေးရုံဝင်းမျက်နှာစာမှ ပေ ၃၀ ကျော်အထိ လမ်းမြေကို နေရာယူချဲ့ထွင်ကာ အင်္ဂတေခင်းခြင်း၊ သံပန်းအကာအရံများချထားခြင်း နှင့် ယာဉ်ရပ်တန့်ရန် နေရာချဲ့ထွင် ထားခြင်းတို့ကြောင့် နေ့စဉ်ယာဉ် ကျပ်တည်းမှု ဖြစ်ပေါ်နေကြောင်း တောင်ကြီးဒေသခံ ဦးစိုင်းနော် ခမ်းက ပြောသည်။

ဆေးရုံရှေ့မျက်နှာစာ ကား ပါကင်နေရာ ချဲ့ထွင်မှုကြောင့် ရေထွက်ဦးလမ်းဘေးဝဲယာ ကျဉ်း မြောင်းလာပြီး ကျောင်းဆင်း၊ ကျောင်းကြိုချိန်များတွင် ယာဉ် ကြောပိတ်ဆို့မှု၊ ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပေါ်နေကြောင်း တောင်ကြီးဒေသခံ  ဦးနေမျိုးက  ပြော သည်။

   ‘‘ဘေးမှာက ကျောင်းရှိ တယ်။ လမ်းမြေတွေ ဒီလောက် အထိ ကျူးကျော်ပြီး နေရာယူထား တာကို စည်ပင်သာယာရေးဌာန က ဘာလို့မျက်ကွယ်ပြုထားတာ လဲဆိုတာ မေးခွန်းထုတ်ရမှာပါ’’ ဟု ဦးနေမျိုးက ပြောသည်။

အထူးကုဆေးရုံ၏ ကားပါ ကင်နေရာ ချဲ့ထွင်ယူထားမှုနှင့် ပတ်သက်၍ ယင်းဆေးရုံသို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန် လည်ဖြေကြားခြင်းမရှိခဲ့ပေ။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top