Kantharyar Centre
×

ငိုတယ္၊ မ်က္ရည္က်တယ္ဆုိတာ မတူညီကြဲျပားတဲ့ အေျခအေနေတြအေပၚ လူေတြရဲ႕ပုံမွန္တုန္႔ျပန္မႈတစ္ခုပဲမုိ႔ အံ့အားသင့္စရာမရိွပါဘူး။ Abraham Lincoln၊ George Washington နဲ႔ သမၼတ Obama တုိ႔လုိ ကမာၻ႔ အထက္ျမတ္ဆုံး၊ ၾသဇာလႊမ္းမုိးႏုိင္မႈ အရိွဆုံးပုဂၢိဳလ္ေတြလည္း လူေရွ႕သူေရွ႕ ငုိခဲ့ဖူးၾကပါတယ္။ ကြ်ႏု္ပ္တုိ႔ယုံၾကည္ခ်က္ေတြနဲ႔ ဆန္႔က်င္ျပီး စိတ္ပညာရွင္ေတြ ေျပာျပခ်က္အရကေတာ့ ငုိတယ္ဆိုတာ စိတ္ပုိင္းဆုိင္ရာၾကံ့ခုိင္မႈတစ္ရပ္ပါတဲ့။

၁။ မ်က္ရည္က်ငုိေၾကြးတာက ေတာင့္ခံႏုိင္မႈ မကုန္ဆုံးမီ စိတ္ဖိစီးမႈေတြကို ကိုယ္တြယ္ေျဖရွင္းနည္းျဖစ္

သင့္ က်န္းမာေရးတစ္ခုလုံး သိသိသာသာ ထိခုိက္ေစတဲ့ စိတ္ဖိစီးမႈေတြကို ငိုေၾကြးျခင္းက သက္သာေစပါလိမ့္မယ္။

၂။ လူမႈေရး စိတ္ဝင္စားမႈ ကင္းမဲ့ျခင္းကို ေဖာ္ျပ

အထက္က ေဖာ္ျပခဲ့သလိုပဲ သမုိင္းမွာ အစဥ္အလာၾကီးမားတဲ့ ပုဂၢိဳလ္မ်ားစြာဟာ လူအမ်ားေရွ႕မွာ ငုိေၾကြးမ်က္ရည္က်ခဲ့ၾကပါတယ္။ ဒီပုဂၢိဳလ္ေတြအနက္ အမ်ားစုမွာ social expectations ကို ဆန္႔က်င္သူေတြ ျဖစ္ၾကပါတယ္။ ဒါေပမယ့္ လူ႔အသုိင္းအဝုိင္းအေနနဲ႔ မ်က္ရည္က်တဲ့အခါ ကဲ့ရဲ႕အျပစ္ဆုိၾကျပီး အမ်ဳိးသမီးေတြကို လြန္တယ္လုိ႔ သတ္မွတ္ထားသလုိ အမ်ဳိးသားေတြကိုလည္း ခ်ိနဲ႔သူေတြ ယူဆၾကပါတယ္။ ဒါေပမယ့္ ငိုတယ္ဆုိတာက ကာယကံရွင္အေနနဲ႔ လူမႈေရးအပိုင္းေတြ ေဘးခ်ိတ္သည့္တိုင္ေအာင္ ျပင္းျပတဲ့ စိတ္ခံစားခ်က္ေတြနဲ႔အတူ အားလံုးကို ရင္ဆုိင္ဖုိ႔ မေၾကာက္ဘူးဆိုတဲ့ လကၡဏာတစ္ခုပဲ ျဖစ္ပါတယ္။

၃။ မ်က္ရည္က်တာက စိတ္လႈပ္ရွားမႈေၾကာင့္ မတုန္လႈပ္ဘူးဆိုတာ ေဖာ္ျပ

ငိုေၾကြးတာက အမ်က္ေဒါသ၊ ခံျပင္းမႈ၊ ဝမ္းနည္းမႈနဲ႔ စိတ္ပ်က္စရာေတြ ရင္ဆုိင္ေျဖရွင္းဖို႔ နည္းလမ္းတစ္ခုပါပဲ။ ဒါက အထူးသျဖင့္ အႏႈတ္လကၡဏာေဆာင္တဲ့အခ်ိန္ စိတ္လႈပ္ရွားမႈေတြ ရင္ဆုိင္ေျဖရွင္းတဲ့အခါ ခက္ခဲတတ္ျပီး ရဲရင့္မႈနဲ႔ ခံႏုိင္အား လုိအပ္ပါတယ္။ အဲဒါက မိမိစိတ္ခံစားခ်က္ေတြကို မ်ဳိသိပ္ထားတာထက္ေတာ့ မ်ားစြာပိုလြယ္ကူပါတယ္။

၄။ ငိုေၾကြးတာက သင့္ကို ေခါင္းေဆာင္တစ္ဦးျဖစ္ေစတာ

မ်ားေသာအားျဖင့္ ငုိေၾကြးျခင္းက သင့္ေဘးနားက လူေတြကို ခ်ဳပ္ခ်ယ္မႈကင္းေစပါတယ္။ ဥပမာ -  ရင္ဆုိင္ရတဲ့ အခက္အခဲခ်င္းတူရင္ေတာင္ စိတ္ခံစားခ်က္ေတြ ေဖာ္ျပဖုိ႔ လုံးဝအဆင္ေျပတဲ့ စကားလက္ေဆာင္ကို အျခားသူေတြ သိပါလိမ့္မယ္။ သင့္ရဲ႕ ေဝဖန္ပုိင္းျခားႏုိင္စြမ္းကို သံသယရိွမွာ မဟုတ္ၾကပါဘူး။ ဒါက သင့္ကို အျမင့္သုိ႔ ေရာက္ေစပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ငိုတယ်၊ မျက်ရည်ကျတယ်ဆိုတာ မတူညီကွဲပြားတဲ့ အခြေအနေတွေအပေါ် လူတွေရဲ့ပုံမှန်တုန့်ပြန်မှုတစ်ခုပဲမို့ အံ့အားသင့်စရာမရှိပါဘူး။ Abraham Lincoln၊ George Washington နဲ့ သမ္မတ Obama တို့လို ကမ္ဘာ့ အထက်မြတ်ဆုံး၊ သြဇာလွှမ်းမိုးနိုင်မှု အရှိဆုံးပုဂ္ဂိုလ်တွေလည်း လူရှေ့သူရှေ့ ငိုခဲ့ဖူးကြပါတယ်။ ကျွနု်ပ်တို့ယုံကြည်ချက်တွေနဲ့ ဆန့်ကျင်ပြီး စိတ်ပညာရှင်တွေ ပြောပြချက်အရကတော့ ငိုတယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတစ်ရပ်ပါတဲ့။

၁။ မျက်ရည်ကျငိုကြွေးတာက တောင့်ခံနိုင်မှု မကုန်ဆုံးမီ စိတ်ဖိစီးမှုတွေကို ကိုယ်တွယ်ဖြေရှင်းနည်းဖြစ်

သင့် ကျန်းမာရေးတစ်ခုလုံး သိသိသာသာ ထိခိုက်စေတဲ့ စိတ်ဖိစီးမှုတွေကို ငိုကြွေးခြင်းက သက်သာစေပါလိမ့်မယ်။

၂။ လူမှုရေး စိတ်ဝင်စားမှု ကင်းမဲ့ခြင်းကို ဖော်ပြ

အထက်က ဖော်ပြခဲ့သလိုပဲ သမိုင်းမှာ အစဉ်အလာကြီးမားတဲ့ ပုဂ္ဂိုလ်များစွာဟာ လူအများရှေ့မှာ ငိုကြွေးမျက်ရည်ကျခဲ့ကြပါတယ်။ ဒီပုဂ္ဂိုလ်တွေအနက် အများစုမှာ social expectations ကို ဆန့်ကျင်သူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် လူ့အသိုင်းအဝိုင်းအနေနဲ့ မျက်ရည်ကျတဲ့အခါ ကဲ့ရဲ့အပြစ်ဆိုကြပြီး အမျိုးသမီးတွေကို လွန်တယ်လို့ သတ်မှတ်ထားသလို အမျိုးသားတွေကိုလည်း ချိနဲ့သူတွေ ယူဆကြပါတယ်။ ဒါပေမယ့် ငိုတယ်ဆိုတာက ကာယကံရှင်အနေနဲ့ လူမှုရေးအပိုင်းတွေ ဘေးချိတ်သည့်တိုင်အောင် ပြင်းပြတဲ့ စိတ်ခံစားချက်တွေနဲ့အတူ အားလုံးကို ရင်ဆိုင်ဖို့ မကြောက်ဘူးဆိုတဲ့ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

၃။ မျက်ရည်ကျတာက စိတ်လှုပ်ရှားမှုကြောင့် မတုန်လှုပ်ဘူးဆိုတာ ဖော်ပြ

ငိုကြွေးတာက အမျက်ဒေါသ၊ ခံပြင်းမှု၊ ဝမ်းနည်းမှုနဲ့ စိတ်ပျက်စရာတွေ ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတစ်ခုပါပဲ။ ဒါက အထူးသဖြင့် အနှုတ်လက္ခဏာဆောင်တဲ့အချိန် စိတ်လှုပ်ရှားမှုတွေ ရင်ဆိုင်ဖြေရှင်းတဲ့အခါ ခက်ခဲတတ်ပြီး ရဲရင့်မှုနဲ့ ခံနိုင်အား လိုအပ်ပါတယ်။ အဲဒါက မိမိစိတ်ခံစားချက်တွေကို မျိုသိပ်ထားတာထက်တော့ များစွာပိုလွယ်ကူပါတယ်။

၄။ ငိုကြွေးတာက သင့်ကို ခေါင်းဆောင်တစ်ဦးဖြစ်စေတာ

များသောအားဖြင့် ငိုကြွေးခြင်းက သင့်ဘေးနားက လူတွေကို ချုပ်ချယ်မှုကင်းစေပါတယ်။ ဥပမာ -  ရင်ဆိုင်ရတဲ့ အခက်အခဲချင်းတူရင်တောင် စိတ်ခံစားချက်တွေ ဖော်ပြဖို့ လုံးဝအဆင်ပြေတဲ့ စကားလက်ဆောင်ကို အခြားသူတွေ သိပါလိမ့်မယ်။ သင့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို သံသယရှိမှာ မဟုတ်ကြပါဘူး။ ဒါက သင့်ကို အမြင့်သို့ ရောက်စေပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top