Kantharyar Centre
×

ထိုင္းႏုိင္ငံ၏ခရီးသြားကြၽန္းစုဆမိြဳင္တြင္ကြယ္လြန္သူထိုင္းဘုရင္ဘူမိေဘာအဒူလ်ာဒက္အား
 ေစာ္ကားခဲ့သည္ဟု စြပ္စဲြခံခဲ့ရေသာ အမ်ဳိးသမီးတစ္ဦးအား ျပန္လည္ေတာင္းပန္ရန္ ရာႏွင့္ခ်ီေသာ လူမ်ားက ေတာင္းဆိုၾကၿပီး ယင္းအမ်ဳိးသမီးသည္ ရဲစခန္းတစ္ခု၏ အျပင္ဘက္တြင္ ဘုရင္၏ပံုတူ ဓာတ္ပံုေရွ႕၌ အတင္းအက်ပ္ ဒူးေထာက္၍ ေတာင္းပန္ခဲ့ရေၾကာင္း သိရသည္။

ေအာက္တိုဘာ ၁၆ ရက္တြင္ ယင္းအမ်ဳိးသမီး ဖမ္းဆီးခံခဲ့ရမႈႏွင့္ လူျမင္ကြင္းတြင္ ဖိအားေပးခံခဲ့ရမႈတို႔က နန္းသက္ အႏွစ္ ၇၀ စိုးစံခဲ့ၿပီးေနာက္ ၿပီးခဲ့ေသာ သီတင္းပတ္တြင္ ကြယ္လြန္ခဲ့သည့္ ထုိင္းဘုရင္ႏွင့္ ပတ္သက္သည့္ ျဖစ္စဥ္မ်ားစြာအနက္ ေနာက္ဆံုးစာရင္း၀င္ျဖစ္သည္။ ရဲတပ္ဖဲြ႕၀င္ႏွစ္ဦးက အသက္ ၄၃ ႏွစ္ရွိ အူမာပြန္းဆာရာဆက္ကို ဆမိြဳင္ရွိ ဘိုဖတ္ရဲစခန္းအေရွ႕ဘက္သို႔ ေခၚလာခဲ့ၿပီး ဘူမိေဘာ ဓာတ္ပံုေရွ႕၌ ဒူးေထာက္၍ ဆုေတာင္းေစခဲ့ေၾကာင္း သိရသည္။

ဘုရင္၏ ပံုတူဓာတ္ပံုမ်ား ကိုင္ေဆာင္ထားသူအခ်ဳိ႕ ပါ၀င္ေသာ လူအုပ္ႀကီးက ယင္းအမ်ဳိးသမီးကို ေခၚေဆာင္လာခ်ိန္တြင္ ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကၿပီး ရဲတပ္ဖဲြ႕၀င္မ်ားက ယင္းလူအုပ္ႀကီး ေရွ႕သို႔မတိုးထြက္ ေစႏိုင္ရန္ ဟန္႔တားခဲ့ရသည္။ အေသးစား လုပ္ငန္းရွင္ တစ္ဦးျဖစ္ေသာ ဆာရာဆက္သည္ ဘုရင္အား ေစာ္ကားသည့္ မွတ္ခ်က္မ်ားကို အြန္လိုင္းတြင္ တင္ခဲ့သည္ဟု စြပ္စဲြခံခဲ့ရၿပီး ဘုရင္မိသားစုအား အသေရဖ်က္မႈ စဲြခ်က္မ်ား ရင္ဆိုင္ရႏိုင္သည္။ ယင္းအမႈႏွင့္ ပတ္သက္၍ အေကာင္းဆံုး လုပ္ေဆာင္သြားမည္ဟု ခ႐ိုင္ရဲခ်ဳပ္ ထီ၀ီပလမ္ဆက္က လူအုပ္ႀကီးကို ကတိျပဳခဲ့သည္။

ဘုရင္ကြယ္လြန္မႈအတြက္ ၀မ္းနည္းပူေဆြးသည့္ အထိမ္းအမွတ္အျဖစ္ အနက္ႏွင့္ အျဖဴအ၀တ္အထည္မ်ား မ၀တ္သူမ်ားအား လူမႈမီဒီယာတြင္ ၀ိုင္း၀န္းေ၀ဖန္ တုိက္ခိုက္မႈ ျဖစ္ပြားေနစဥ္ စိတ္တည္တည္ၿငိမ္ၿငိမ္ ထားၾကရန္ အာဏာပိုင္မ်ားက တုိက္တြန္းခဲ့သည္။ ေတာ္၀င္သစၥာခံသူ အခ်ဳိ႕က လူျမင္ကြင္းတြင္ ယင္း၀တ္စံုမ်ား မ၀တ္သူမ်ားအား အျပစ္ေပးမႈပင္ ျပဳလုပ္ခဲ့သည္ဟု သိရသည္။ သို႔ေသာ္ လူတစ္ခ်ဳိ႕သည္ အနက္ေရာင္ အ၀တ္အထည္မ်ားကို ၀တ္ဆင္ရန္ အဆင္မေျပ ျဖစ္ေနခ်ိန္တြင္ ထိန္းထိန္းသိမ္းသိမ္း လုပ္ၾကရန္ အစိုးရေျပာခြင့္ရ ပုဂိၢဳလ္တစ္ဦးက တုိက္တြန္းခဲ့သည္။ ေအာက္တုိဘာ ၁၃ ရက္က ထိုင္းဘုရင္ ကြယ္လြန္ခဲ့ၿပီး ေနာက္ပိုင္း ၀ယ္လိုအား အလြန္အမင္း အားေကာင္းခဲ့ၿပီးေနာက္ ယင္းအနက္ေရာင္ အ၀တ္အထည္မ်ား၏ ေစ်းႏႈန္းမ်ား ျမင့္တက္ခဲ့ေၾကာင္း သတင္းထြက္ခဲ့သည္။

ေအာက္တုိဘာ ၁၄ ရက္ကလည္း ဖူးခက္ကမ္းေျခ အပန္းေျဖစခန္းတြင္ ဘုရင္အား ေစာ္ကားခဲ့သည္ဟု ယူဆရေသာ အမ်ဳိးသားတစ္ဦးအား စိန္ေခၚရန္ ႀကိဳးစားသည့္ ရာႏွင့္ခ်ီေသာ လူအုပ္ႀကီးကို ရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ စစ္သားမ်ားက လူစုခဲြခဲ့ရေသးသည္။ ပဲႏို႔ဆုိင္တစ္ဆိုင္ အျပင္ဘက္ရွိ လမ္းကို လူအုပ္ႀကီးက ပိတ္ဆို႔ထားၿပီး တစ္ခ်ဳိ႕က ေဒသအေခၚ ‘ငတံုး’ ဟု အဓိပၸာယ္ရေသာ ‘ကြၽဲ’ ဟူေသာ စာလံုးမ်ား ေရးထားသည့္ စာတန္းမ်ား ကိုင္ေဆာင္ထားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven Media Group

#Unicode Version
ထိုင်းနိုင်ငံ၏ ခရီးသွားကျွန်းစု ဆမွိုင်တွင် ကွယ်လွန်သူ ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်အား စော်ကားခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော အမျိုးသမီးတစ်ဦးအား ပြန်လည်တောင်းပန်ရန် ရာနှင့်ချီသော လူများက တောင်းဆိုကြပြီး ယင်းအမျိုးသမီးသည် ရဲစခန်းတစ်ခု၏ အပြင်ဘက်တွင် ဘုရင်၏ပုံတူ ဓာတ်ပုံရှေ့၌ အတင်းအကျပ် ဒူးထောက်၍ တောင်းပန်ခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီး ဖမ်းဆီးခံခဲ့ရမှုနှင့် လူမြင်ကွင်းတွင် ဖိအားပေးခံခဲ့ရမှုတို့က နန်းသက် အနှစ် ၇၀ စိုးစံခဲ့ပြီးနောက် ပြီးခဲ့သော သီတင်းပတ်တွင် ကွယ်လွန်ခဲ့သည့် ထိုင်းဘုရင်နှင့် ပတ်သက်သည့် ဖြစ်စဉ်များစွာအနက် နောက်ဆုံးစာရင်းဝင်ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အသက် ၄၃ နှစ်ရှိ အူမာပွန်းဆာရာဆက်ကို ဆမွိုင်ရှိ ဘိုဖတ်ရဲစခန်းအရှေ့ဘက်သို့ ခေါ်လာခဲ့ပြီး ဘူမိဘော ဓာတ်ပုံရှေ့၌ ဒူးထောက်၍ ဆုတောင်းစေခဲ့ကြောင်း သိရသည်။

ဘုရင်၏ ပုံတူဓာတ်ပုံများ ကိုင်ဆောင်ထားသူအချို့ ပါဝင်သော လူအုပ်ကြီးက ယင်းအမျိုးသမီးကို ခေါ်ဆောင်လာချိန်တွင် အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက ယင်းလူအုပ်ကြီး ရှေ့သို့မတိုးထွက် စေနိုင်ရန် ဟန့်တားခဲ့ရသည်။ အသေးစား လုပ်ငန်းရှင် တစ်ဦးဖြစ်သော ဆာရာဆက်သည် ဘုရင်အား စော်ကားသည့် မှတ်ချက်များကို အွန်လိုင်းတွင် တင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရပြီး ဘုရင်မိသားစုအား အသရေဖျက်မှု စွဲချက်များ ရင်ဆိုင်ရနိုင်သည်။ ယင်းအမှုနှင့် ပတ်သက်၍ အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု ခရိုင်ရဲချုပ် ထီဝီပလမ်ဆက်က လူအုပ်ကြီးကို ကတိပြုခဲ့သည်။

ဘုရင်ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်အဖြစ် အနက်နှင့် အဖြူအဝတ်အထည်များ မဝတ်သူများအား လူမှုမီဒီယာတွင် ဝိုင်းဝန်းဝေဖန် တိုက်ခိုက်မှု ဖြစ်ပွားနေစဉ် စိတ်တည်တည်ငြိမ်ငြိမ် ထားကြရန် အာဏာပိုင်များက တိုက်တွန်းခဲ့သည်။ တော်ဝင်သစ္စာခံသူ အချို့က လူမြင်ကွင်းတွင် ယင်းဝတ်စုံများ မဝတ်သူများအား အပြစ်ပေးမှုပင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ သို့သော် လူတစ်ချို့သည် အနက်ရောင် အဝတ်အထည်များကို ဝတ်ဆင်ရန် အဆင်မပြေ ဖြစ်နေချိန်တွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက တိုက်တွန်းခဲ့သည်။ အောက်တိုဘာ ၁၃ ရက်က ထိုင်းဘုရင် ကွယ်လွန်ခဲ့ပြီး နောက်ပိုင်း ဝယ်လိုအား အလွန်အမင်း အားကောင်းခဲ့ပြီးနောက် ယင်းအနက်ရောင် အဝတ်အထည်များ၏ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သတင်းထွက်ခဲ့သည်။

အောက်တိုဘာ ၁၄ ရက်ကလည်း ဖူးခက်ကမ်းခြေ အပန်းဖြေစခန်းတွင် ဘုရင်အား စော်ကားခဲ့သည်ဟု ယူဆရသော အမျိုးသားတစ်ဦးအား စိန်ခေါ်ရန် ကြိုးစားသည့် ရာနှင့်ချီသော လူအုပ်ကြီးကို ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများက လူစုခွဲခဲ့ရသေးသည်။ ပဲနို့ဆိုင်တစ်ဆိုင် အပြင်ဘက်ရှိ လမ်းကို လူအုပ်ကြီးက ပိတ်ဆို့ထားပြီး တစ်ချို့က ဒေသအခေါ် ‘ငတုံး’ ဟု အဓိပ္ပာယ်ရသော ‘ကျွဲ’ ဟူသော စာလုံးများ ရေးထားသည့် စာတန်းများ ကိုင်ဆောင်ထားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven Media Group
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top