Property Expo
×

ဒီရက္ပိုင္းအတြင္း ရုပ္ရွင္ေလာကသားေတြနဲ႕ပရိသတ္ေတြၾကား အျငင္းပြားစရာကိစၥရပ္ေတြ ျဖစ္ေပၚေနတာ အားလံုးအသိပါ။ အထူးသျဖင့္ ႏုိင္ငံျခားကား ကူးေခြေတြကို ဖမ္းဆီးေနတာေၾကာင့္ လူမႈကြန္ယက္ေပၚမွာ ေ၀ဖန္မႈေတြ အဆက္မျပတ္ထြက္ေပၚေနတာပဲျဖစ္ပါတယ္။ ဒီကိစၥနဲ႕ ပတ္သက္ျပီး လူမႈကြန္ယက္ေပၚမွာ ျမန္မာေပါကားမ်ားရပ္ဆိုတဲ့ Event တစ္ခုလဲေပၚလာသလို ပရိသတ္ေတာ္ေတာ္မ်ားမ်ားဟာဆိုရင္ ျမန္မာကားေတြရဲ႕ အပ္ေၾကာင္းထပ္ေနတဲ့ ကာရုိက္တာ၊ ရိုးေနၿပီျဖစ္တဲ့ ဇာတ္လမ္းဇာတ္အိမ္တည္ေဆာက္မႈ၊ ဖန္တရာေတေနျပီျဖစ္တဲ့ စကားလံုးအသံုးအႏႈန္းမ်ား၊ လြဲေခ်ာ္ေနတဲ့ အရာေတြကို ေထာက္ျပေ၀ဖန္မႈေတြနဲ႕ပတ္သက္ၿပီး လူမႈကြန္ယက္ေတြေပၚ ေရးသားလာၾကတာ ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ ရုပ္ရွင္ေလာကမွာ အစည္းအရံုးဥကၠဌတစ္ေယာက္လဲျဖစ္သလို အႏုပညာေလာကထဲမွာလဲ ႏွစ္ ၂၅ နီးပါးျဖတ္သန္းလာခဲ့တဲ့ အန္ကယ္ေလး လူမင္းကုိ အဆိုပါ ေ၀ဖန္မႈေတြအေပၚ သံုးသပ္ခ်က္ေတြကိုသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

 -လူမႈကြန္ယက္ေပၚမွာ ေ၀ဖန္ေနၾကတဲ့ ျမန္မာေပါကားမ်ားရပ္ဆိုတဲ့ Event အေပၚ အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

နံပတ္တစ္ကေတာ့ အရင္၀န္ခံခ်င္တာပါ။ ကၽြန္ေတာ္တို႕ျမန္မာ့ရုပ္ရွင္ေလာကမွာ လုိအပ္ခ်က္ေတြ၊ အားနည္းခ်က္ေတြအမ်ားၾကီးရွိေနတယ္ဆိုတာကေတာ့ အားလံုးလဲသိၿပီးတဲ့အတိုင္း အားနည္းခ်က္ေတြ၊ လိုအပ္ခ်က္ေတြရွိေနတယ္ဆုိတာကို၀န္ခံပါတယ္။ လက္ရွိေရးသားေျပာဆိုေနၾကတဲ့အေပၚမွာလဲ မ်ားေသာအားျဖင့္ ေထာက္ျပေ၀ဖန္တဲ့အခ်က္အလက္ေတြက မွန္ကန္ပါတယ္။ ဒါေပမဲ့တစ္ခုပဲ။ အႏုပညာရွင္နဲ႕ပရိသတ္ဆိုတာက ကိုင္းကၽြန္းမွီ ကၽြန္းကိုင္းမွီရွိတယ္ေလ။ အဲ့ဒီေတာ့ ကိုယ္ခုနကေျပာသလို အားနည္းခ်က္ေတြ ရွိတယ္ဆုိတာကို ၀န္ခံတယ္။ ေ၀ဖန္ေထာက္ျပခ်က္ေတြကိုလဲ လက္ခံပါတယ္။ ဒါေပမဲ့လဲ ဒီအႏုပညာရွင္ေတြကိုခ်စ္တဲ့ ျမန္မာအႏုပညာရွင္ေတြကိုအားေပးတဲ့ပရိသတ္ေတြဆုိတာကလဲ ရွိတယ္ေလ။ အဲ့ဒီေတာ့ပရိသတ္အခ်င္းခ်င္း ထိပ္တိုက္ခြန္းၾကီးခြန္းငယ္မ်ားေစမဲ့ ပံုစံမ်ိဳး၊ အုပ္စုလိုက္ဖြဲ႕ၿပီးေတာ့ ျမန္မာအႏုပညာရွင္ေတြကုိတုိက္ခုိက္တဲ့ပံုစံမ်ိဳး၊ ရႈတ္ခ်တဲ့ပံုစံမ်ိဳးကိုေတာ့ ကိုယ့္အေနနဲ႕မျဖစ္ေစခ်င္ပါဘူး။ ေ၀ဖန္ေထာက္ျပတာေတြကိုေက်းဇူးလဲတင္ပါတယ္။

-ရုပ္ရွင္အစည္းအရံုးရဲ႕ ဥကၠဌလဲျဖစ္သလို အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့အန္ကယ္ေလးအေနနဲ႕ရုပ္ရွင္ေလာကေျပာင္းလဲလာဖို႕အတြက္ ဘာမ်ားေတာင္းဆုိခ်င္လဲ။

ဟိုတေန႕ကလက္ေ၀ွ႕ပြဲၾကည့္လုိက္ေတာ့ ကခ်င္လက္ေ၀ွ႕ေက်ာ္ေအာင္လေျပာသြားတဲ့ စကားေလးကိုသူေျပာလိုက္ေတာ့ ကိုယ့္ရင္ထဲခံစားလိုက္ရတာေလးေျပာျပခ်င္တယ္။ သူေျပာသြားတာက ကၽြန္ေတာ္တို႕လူမ်ိဳးေတြစည္းလံုးရင္ ဘာမဆုိျဖစ္ႏုိင္တယ္လုိ႕ေျပာပါတယ္။ အဲ့ဒီစည္းလံုးဖို႕ဆိုတဲ့ကိစၥကလဲ ဒီအခ်ိန္မွာအခက္အခဲဆံုးအရာတစ္ခုလိုျဖစ္ေနတယ္။ ကိုယ္ကေတာ့ ဒီအခ်ိန္မွာ အဲ့ဒါပဲေျပာခ်င္ပါတယ္။ ကိုယ္တို႕ေလာကအေနနဲ႕ေျပာရမယ္ဆုိရင္ တစ္စတစ္စေတာ့ျပဳျပင္သြားရမွာပဲ။ ကိုယ္တို႕လဲတတ္စြမ္းသေလာက္ၾကိဳးစား လုပ္ကုိင္ေဆာင္ရြက္ေနၾကတယ္ဆိုေတာ့ ခုနကလိုမ်ိဳးေပါ့။ ဟာသကားေတြ ခုတေလာမွာမ်ားေနတာနဲ႕ပတ္သက္ၿပီး မရုိက္ရလို႕ဘယ္သူဘယ္၀ါကမွ တားဆီးပိတ္ပင္လို႕ပဲမရဘူး။ ဒီမိုကေရစီေခတ္အရေျပာရင္ ဒါဟာသူ႕ရဲ႕လြတ္လပ္ပိုင္ခြင့္ ေနာက္တစ္ခုက အႏုပညာပစၥည္းတစ္ခုဆိုတာ အားေပးတဲ့ပရိသတ္မရွိပဲနဲ႕ဖန္တီးလို႕မရဘူး။ အထူးသျဖင့္ရုပ္ရွင္ေပါ့။ အဲ့ဒီေတာ့ထုတ္လုပ္သူဆုိတာကလဲ အားေပးတဲ့သူ ရွိေနလို႕ပရိသတ္အၾကိဳက္ဟာသကားေတြ အရိုက္မ်ားေနၾကတာပါ။ သရုပ္ေဆာင္ေတြဖက္ကၾကည့္ရင္လဲ ကာရိုက္တာေတြေရြးခ်င္တာေပါ့။ တကယ့္ထူးထူးဆန္းဆန္း မရိုက္ဖူးတာေတြပဲရုိက္ခ်င္တာေပါ့။ ဒါေပမဲ့အႏုပညာ၊ အႏုပညာဆိုေပမဲ့ စီးပြားေရးရဲ႕လႊမ္းမိုးမႈရာခုိင္ႏႈန္းေတာ္ေတာ္မ်ားတယ္။ အဲ့ဒီေတာ့ထုတ္လုပ္သူတစ္ေယာက္ဟာပရိသတ္အၾကိဳက္မ်ားတဲ့ဇာတ္ကားအမ်ိဳးအစားကိုပဲ၀ိုင္းၿပီးေရြးခ်ယ္ေနၾကလို႕ဟာသကားေတြမ်ားေနၾကတာျဖစ္တယ္။ ပရိသတ္သာမၾကိဳက္ဘူးဆိုရင္ ဘယ္ထုတ္လုပ္သူကမွ အမိုက္ခံၿပီး သိန္းငါးရာ၊ ေျခာက္ရာ၊ တစ္ေထာင္ကို ဘယ္သူကမွ အလဟသအျဖစ္မခံပါဘူး။

-လက္ရွိေ၀ဖန္မႈေတြထဲမွာ အစ္ကို႕ကိုဆုိ ပံုေတြနဲ႕ပါ Troll တာမ်ိဳးေတြရွိေတာ့ အဲ့ဒီအေပၚမွာက်ေတာ့ေရာစိတ္အေႏွာင့္အယွက္ျဖစ္တာမ်ိဳးရွိလား။

လူဆိုတဲ့ ပုထုဇဥ္သေဘာကေတာ့ ၀မ္းသာစရာေတြ႕ရင္ ၀မ္းသာမယ္။ စိတ္ညစ္စရာေတြ႕ရင္စိတ္ညစ္မယ္။ ဆိုတဲ့သဘာ၀ကေတာ့ ရွိတာေပါ့။ ဒါေပမဲ့ကိုယ့္အေနနဲ႕ကေတာ့ ကိုယ္သည္ရုပ္ရွင္အစည္းအရံုး ဥကၠဌတစ္ေယာက္တာ၀န္ကိုယူထားရတဲ့ လူတစ္ေယာက္ျဖစ္တဲ့အတြက္ကုိယ့္ကို Personal ပဲေျပာေျပာ ရုပ္ရွင္ေလာကကိုပဲေျပာေျပာ ကိုယ့္မွာတာ၀န္ရွိသလိုလဲ ခံစားရတယ္။ အဲ့ဒီအေပၚမွာ ကိုယ္ဘာလုပ္ရမလဲဆိုတာကိုလဲအျမဲစဥ္းစားတယ္။ ဒီအေပၚမွာစိတ္ဆိုးစြာနဲ႕တုံ႕ျပန္လုိက္မယ္ဆုိတာေတာ့ ကိုယ့္မွာမရွိပါဘူး။

-ဗီဒီယိုတစ္ကားကို ၄၊ ၅ရက္ေလာက္နဲ႕အျပတ္ရုိက္ၾကတယ္။ ဒီအေပၚကိုေ၀ဖန္ၾကတဲ့ ေ၀ဖန္မႈေတြအေပၚကို ဘာမ်ားထပ္ေျပာခ်င္လဲ။

ဒါလဲအမွန္ပါပဲ။ ဒါကစီးပြားေရးပါ။ ေစ်းကြက္က တစ္ရာပဲရႏုိင္မယ္ဆုိရင္ ရင္းႏွီးတဲ့သူကအလြန္ဆံုး ၉၀ပဲ ရင္းႏွီးႏုိင္ပါတယ္။ အဲ့ဒီေတာ့တစ္ရာပဲရွိတဲ့ ေစ်းကြက္အတြက္ ကိုးဆယ္တန္ပစၥည္းပဲ ထုတ္ႏုိင္တဲ့သေဘာပါပဲ။ အဲ့ဒီေတာ့အဲ့ဒီမွာလိုအပ္ခ်က္ေတြ အမ်ားၾကီးျဖစ္သြားၿပီ။ ကိုးဆယ္နဲ႕ကားတစ္ကားျဖစ္ေအာင္ ရုိက္ရမယ္။ ဒီလိုျဖစ္ေအာင္ေစ်းကြက္ေပၚမူတည္ၿပီး ကိုယ့္ေစ်းကြက္နဲ႕ရင္းႏွီးျမွဳပ္ႏွံမႈကို Balcence ခ်ိန္ၿပီးေတာ့ လုပ္ေနရတဲ့အတြက္ အဲ့ဒီလိုဟာမ်ိဳးေတြကျဖစ္ေနၾကတာပါပဲ။

-အႏုပညာရွင္ေတြနဲ႕ပရိသတ္ေတြၾကားျဖစ္ေနတဲ့ ပဋိပကၡေတြအေပၚ အစ္ကို႕အေနနဲ႕ဘယ္လိုမ်ိဳးေလးျဖစ္ေစခ်င္လဲ။

ကိုယ့္အေနနဲ႕ကေတာ့ စိတ္လိုက္မာန္ပါေတြ၊ ေဒါသကိုေရွ႕ထားၿပီး ဘယ္သူ႕ဘယ္သူကိုမွမေျပာေစခ်င္ဘူး။ အထူးသျဖင့္အႏုပညာရွင္ေတြကိုလဲ ကိုယ္ကေမတၱာရပ္ခံခ်င္တယ္။ အႏုပညာရွင္ဆိုတာစကားတစ္လံုးမွားသြားခဲ့ရင္ ဒီအမွားကေတာ္ေတာ္နဲ႕ေဖ်ာက္လို႕ရမွာမဟုတ္ဘူး။ အဲ့ဒီလိုရွိပါတယ္။

-လက္ရွိ ရုပ္ရွင္ေစ်းကြက္အေပၚ အစ္ကို႕အျမင္ေလးကိုလဲသိခ်င္ပါတယ္။

အခုဟာက ေစ်းကြက္ကိုစိန္ေခၚမႈယူၿပီးရိုက္ေနတဲ့ ထုတ္လုပ္သူေတြ၊ ဒါရုိက္တာေတြ၊ သရုပ္ေဆာင္ေတြအမ်ားၾကီးရွိပါတယ္။ အခုေျပာဆိုေနၾကတယ္ဆိုတာ အားလံုးကိုျခံဳငံုၿပီးေျပာလို႕မရပါဘူး။ ၾကိဳးစားပမ္းစား တကယ့္အႏုပညာကိုခ်စ္စိတ္နဲ႕အရည္အတြက္ထက္ အရည္အခ်င္းကိုဦးစားေပးၿပီးရုိက္ေနတဲ့ဇာတ္ကားေတြလဲအမ်ားၾကီးရွိပါတယ္။ ရံႈးခ်င္ရံႈးပါေစကြာ။ ေကာင္းေအာင္ရုိက္မယ္ဆုိတဲ့ထုတ္လုပ္သူေတြလဲအမ်ားၾကီးရွိတယ္။ တကယ့္သရုပ္ေဆာင္ဇာတ္ရုပ္ကိုပီျပင္ေအာင္ ပိုက္ဆံဘယ္ေလာက္ပဲရရ၊ အခ်ိန္ဘယ္ေလာက္ပဲေပးရေပးရ လုပ္မယ္ဆုိတဲ့ သရုပ္ေဆာင္ေတြဒါရုိက္တာေတြလဲ ရွိတယ္။ ေနာက္တစ္ခုက အႏုပညာပစၥည္းတစ္ခုဆိုတာ အႏုပညာပစၥည္းမွ မဟုတ္ပါဘူး။ ဘယ္ေနရာမွာမဆုိပါ။ အားလံုးကတေျပးညီႏွစ္သက္မယ္ဆုိတဲ့ အရာမရွိဘူး။ ကုန္ကုန္ေျပာရရင္ ကုိယ္တို႕ေဂါတမျမတ္စြာဘုရားေတာင္သူ႕ကိုမႏွစ္သက္တဲ့သူရွိတယ္။ အႏုပညာပစၥည္းတစ္ခုဆိုတာကလဲ အဲ့ဒီလိုပါပဲ။  မၾကိဳက္တဲ့သူရွိသလိုၾကိဳက္တဲ့သူေတြလဲရွိတာပါပဲ။

-ဆင္ဆာပိုင္းနဲ႕ပတ္သက္ၿပီးေတာ့လဲ ပရိသတ္အခ်ိဳ႕ေ၀ဖန္ၾကတာမ်ိဳးရွိတယ္။ ဒီအေပၚမွာေရာ ဘာမ်ားေျပာခ်င္လဲ။

ဆင္ဆာကို ေျပာရမယ္ဆုိရင္ႏွစ္မ်ိဳးရွိတာေပါ့။ ဟိုးေရွ႕ႏွစ္ႏွစ္သံုးႏွစ္ေလာက္က ဆင္ဆာေတြတင္းၾကပ္လြန္းတဲ့အတြက္ကုိယ္တို႕ေလာကသားေတြစုရံုးၿပီး ေတာင္းဆိုခဲ့ဖူးတယ္။ ေဆြးေႏြးခဲ့ဖူးတယ္။ တင္ျပခဲ့ဖူးတယ္။ ဆင္ဆာဆိုတာကို ေတာ္ေတာ္မ်ားမ်ားၾကီး ေျဖေလ်ာ့ေပးလိုက္တယ္။ တစ္ခါေျဖေလ်ာ့ေပးလိုက္ျပန္ေတာ့လဲ ခုနကေျပာသလို ေျဖေလ်ာ့ေပးတဲ့အေပၚမွာအခြင့္ေကာင္းယူၿပီး ဖန္တီးၾကတဲ့ ဖန္တီးသူေတြလဲရွိတယ္။ အဲ့ဒီလိုအခ်ိန္မ်ိဳးေတာ္ေတာ္ၾကာျဖတ္သန္းၿပီးေတာ့ အခုျပန္ၿပီးစိစစ္လာတဲ့အပုိင္းျပန္ေရာက္လာတယ္။ ဆင္ဆာကိုေျပာရရင္ ႏွစ္ပိုင္းရွိတယ္။ ဖန္တီးထုတ္လုပ္သူေတြအပိုင္းေရာ၊ ၾကည့္ရႈတဲ့ပရိသတ္အပုိင္းေရာႏွစ္ပိုင္းလံုးမွာတာ၀န္ရွိတယ္။ Rating စနစ္ဆိုတာ တစ္ေန႕ေန႕တစ္ခ်ိန္ခ်ိန္ကိုယ္တို႕လုပ္ဖို႕အတြက္ေတာ္ေတာ္ေလးေတာ့ေလ့လာျပဳစု စုေဆာင္းထားတာေတြေတာ့ရွိေနၿပီ။ ဒါေပမဲ့အခက္အခဲတစ္ခုက ဒီေန႕ဒီအခ်ိန္မွာ Rating သတ္မွတ္ၿပီးေတာ့  ပရိသတ္လဲကိုယ့္တာ၀န္ကုိယ္ယူငါတို႕ ၁၈ႏွစ္ေအာက္မၾကည့္ရကားလို႕သတ္မွတ္ထားတာ ၾကည့္ရင္ေတာ့မင္းထုိက္နဲ႕မင္းကံပဲဆိုတာမ်ိဳးလုပ္ခ်လိုက္ဖို႕ဒီတိုင္းျပည္အေနအထားနဲ႕က အခ်ိန္ကမတန္ေသးဘူး။ ေနာက္တစ္ခုကရံုေတြမွာထားပါေတာ့။ ၁၈ ႏွစ္ေအာက္မၾကည့္ရဆိုတာမ်ိဳးသတ္မွတ္မယ္။ ရုပ္ရွင္ရံုကေရာ မွတ္ပံုတင္စစ္ၿပီး ၀င္ခြင့္ထြက္ခြင့္ကို စစ္ေဆးကန္႕သတ္ႏုိင္တဲ့အေနအထားမရွိဘူး။ အဲ့ဒီလိုအခ်က္ကေလးေတြေၾကာင့္ကိုယ္တို႕မွာ Rating System ကုိသြားဖို႕ရာ အခ်ိန္ကလုိအပ္ေနေသးတယ္။ ပရိသတ္နဲ႕ဖန္တီးသူၾကားမွာ ဒါေလးကို use to ျဖစ္လာဖို႕၊ သူ႕သိကၡာ၊ ကိုယ့္သိကၡာ ထိန္းသိမ္းႏုိင္တဲ့အေနအထားေရာက္ဖုိ႕ကအခ်ိန္လိုေနေသးတယ္ေပါ့။ အဲ့ဒီလိုျဖစ္ေနတာပါ။

-အန္ကယ္ေလးကိုအားေပးေနတဲ့ ပရိသတ္ၾကီးကိုေရာ ေနာက္ဆက္ရုိက္သြားမဲ့ ဇာတ္ကားေတြနဲ႕ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ေသးလဲ။

ခုနကေျပာသလိုေပါ့။ မၾကိဳက္သူေတြရွိသလို အားေပးတဲ့ပရိသတ္ေတြလဲရွိလို႕ အႏုပညာရွင္တစ္ေယာက္ ကိုယ့္အေနနဲ႕ဆို ဒါ အႏုပညာသက္တမ္း ႏွစ္အစိတ္ေလာက္ရွိသြားၿပီ။ ဒီအခ်ိန္ထိ ကိုယ္၀ါသနာပါတဲ့အလုပ္တစ္ခုကိုလုပ္ကုိင္ခြင့္ရေနတယ္ဆိုတာ အားေပးတဲ့ ပရိသတ္အခုိင္အမာေတြရွိေနလို႕ပါ။ အဲ့ဒီေတာ့ကိုယ့္ကို အားေပးေနတဲ့ပရိသတ္ေတြထဲကေလ်ာ့မသြားေအာင္၊ ထပ္တိုးလာေအာင္၊ မၾကိဳက္ေသးတဲ့ပရိသတ္ေတြလဲကုိယ့္အႏုပညာကိုၾကိဳက္လာေအာင္ၾကိဳးစားပါဦးမယ္။

-အခုရုိက္ေနတဲ့ကားေလးအေၾကာင္းကုိ အရင္ေျပာျပေပးပါဦး။

ေလာေလာဆယ္ကမ်က္ရည္ဖက္ရွင္ဆိုၿပီး နာမည္ေပးထားတယ္။ ဇာတ္လမ္းအမ်ိဳးအစားကေတာ့ မိသားစုဇာတ္ေလးပါ။ ကိုယ္ပါမယ္။ ေက်ာ္ေက်ာ္ပါမယ္။ ခုိင္ႏွင္းေ၀ပါမယ္။ ရတနာဗိုပါပါတယ္။

-ဒီကားၿပီးရင္ေရာ ဘာကားေတြလက္ခံထားတာရွိဦးမလဲ။

မနက္ျဖန္မွာ ဗ်စ္ရည္ဆိုင္ေစာင့္တဲ့ ဘီလူးဆိုတဲ့ကားၾကီး၀င္ပါမယ္။ ဒါရုိက္တာက ၾသရသ ၊ ကိုယ္ပါမယ္။ ထြန္းထြန္းပါမယ္။ ခင္လႈိင္၊ အိေခ်ာပို ၊ နန္းျမတ္ျဖိဳးသင္းနဲ႕ေမပန္းခ်ီတို႕ပါပါမယ္။ သူကေတာ့ ရပ္ကြက္ပံုစံမ်ိဳးေပါ့။ ဗ်စ္ရည္ဆိုင္ဆိုတာ အရက္ဆုိင္ေပါ့။ အရက္ဆုိင္မွာကိုပဲ အရက္သမားေတြ ေၾကာက္ရတဲ့ တာေႏွာဆုိတဲ့ လူဆိုးၾကီးေပါ့။ အဲ့ဒီလိုကာရိုက္တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ဒီရက်ပိုင်းအတွင်း ရုပ်ရှင်လောကသားတွေနဲ့ပရိသတ်တွေကြား အငြင်းပွားစရာကိစ္စရပ်တွေ ဖြစ်ပေါ်နေတာ အားလုံးအသိပါ။ အထူးသဖြင့် နိုင်ငံခြားကား ကူးခွေတွေကို ဖမ်းဆီးနေတာကြောင့် လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေ အဆက်မပြတ်ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ မြန်မာပေါကားများရပ်ဆိုတဲ့ Event တစ်ခုလဲပေါ်လာသလို ပရိသတ်တော်တော်များများဟာဆိုရင် မြန်မာကားတွေရဲ့ အပ်ကြောင်းထပ်နေတဲ့ ကာရိုက်တာ၊ ရိုးနေပြီဖြစ်တဲ့ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်မှု၊ ဖန်တရာတေနေပြီဖြစ်တဲ့ စကားလုံးအသုံးအနှုန်းများ၊ လွဲချော်နေတဲ့ အရာတွေကို ထောက်ပြဝေဖန်မှုတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေပေါ် ရေးသားလာကြတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ရုပ်ရှင်လောကမှာ အစည်းအရုံးဥက္ကဌတစ်ယောက်လဲဖြစ်သလို အနုပညာလောကထဲမှာလဲ နှစ် ၂၅ နီးပါးဖြတ်သန်းလာခဲ့တဲ့ အန်ကယ်လေး လူမင်းကို အဆိုပါ ဝေဖန်မှုတွေအပေါ် သုံးသပ်ချက်တွေကိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

 -လူမှုကွန်ယက်ပေါ်မှာ ဝေဖန်နေကြတဲ့ မြန်မာပေါကားများရပ်ဆိုတဲ့ Event အပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

နံပတ်တစ်ကတော့ အရင်ဝန်ခံချင်တာပါ။ ကျွန်တော်တို့မြန်မာ့ရုပ်ရှင်လောကမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေအများကြီးရှိနေတယ်ဆိုတာကတော့ အားလုံးလဲသိပြီးတဲ့အတိုင်း အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိနေတယ်ဆိုတာကိုဝန်ခံပါတယ်။ လက်ရှိရေးသားပြောဆိုနေကြတဲ့အပေါ်မှာလဲ များသောအားဖြင့် ထောက်ပြဝေဖန်တဲ့အချက်အလက်တွေက မှန်ကန်ပါတယ်။ ဒါပေမဲ့တစ်ခုပဲ။ အနုပညာရှင်နဲ့ပရိသတ်ဆိုတာက ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီရှိတယ်လေ။ အဲ့ဒီတော့ ကိုယ်ခုနကပြောသလို အားနည်းချက်တွေ ရှိတယ်ဆိုတာကို ဝန်ခံတယ်။ ဝေဖန်ထောက်ပြချက်တွေကိုလဲ လက်ခံပါတယ်။ ဒါပေမဲ့လဲ ဒီအနုပညာရှင်တွေကိုချစ်တဲ့ မြန်မာအနုပညာရှင်တွေကိုအားပေးတဲ့ပရိသတ်တွေဆိုတာကလဲ ရှိတယ်လေ။ အဲ့ဒီတော့ပရိသတ်အချင်းချင်း ထိပ်တိုက်ခွန်းကြီးခွန်းငယ်များစေမဲ့ ပုံစံမျိုး၊ အုပ်စုလိုက်ဖွဲ့ပြီးတော့ မြန်မာအနုပညာရှင်တွေကိုတိုက်ခိုက်တဲ့ပုံစံမျိုး၊ ရှုတ်ချတဲ့ပုံစံမျိုးကိုတော့ ကိုယ့်အနေနဲ့မဖြစ်စေချင်ပါဘူး။ ဝေဖန်ထောက်ပြတာတွေကိုကျေးဇူးလဲတင်ပါတယ်။

-ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌလဲဖြစ်သလို အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အန်ကယ်လေးအနေနဲ့ရုပ်ရှင်လောကပြောင်းလဲလာဖို့အတွက် ဘာများတောင်းဆိုချင်လဲ။

ဟိုတနေ့ကလက်ဝှေ့ပွဲကြည့်လိုက်တော့ ကချင်လက်ဝှေ့ကျော်အောင်လပြောသွားတဲ့ စကားလေးကိုသူပြောလိုက်တော့ ကိုယ့်ရင်ထဲခံစားလိုက်ရတာလေးပြောပြချင်တယ်။ သူပြောသွားတာက ကျွန်တော်တို့လူမျိုးတွေစည်းလုံးရင် ဘာမဆိုဖြစ်နိုင်တယ်လို့ပြောပါတယ်။ အဲ့ဒီစည်းလုံးဖို့ဆိုတဲ့ကိစ္စကလဲ ဒီအချိန်မှာအခက်အခဲဆုံးအရာတစ်ခုလိုဖြစ်နေတယ်။ ကိုယ်ကတော့ ဒီအချိန်မှာ အဲ့ဒါပဲပြောချင်ပါတယ်။ ကိုယ်တို့လောကအနေနဲ့ပြောရမယ်ဆိုရင် တစ်စတစ်စတော့ပြုပြင်သွားရမှာပဲ။ ကိုယ်တို့လဲတတ်စွမ်းသလောက်ကြိုးစား လုပ်ကိုင်ဆောင်ရွက်နေကြတယ်ဆိုတော့ ခုနကလိုမျိုးပေါ့။ ဟာသကားတွေ ခုတလောမှာများနေတာနဲ့ပတ်သက်ပြီး မရိုက်ရလို့ဘယ်သူဘယ်ဝါကမှ တားဆီးပိတ်ပင်လို့ပဲမရဘူး။ ဒီမိုကရေစီခေတ်အရပြောရင် ဒါဟာသူ့ရဲ့လွတ်လပ်ပိုင်ခွင့် နောက်တစ်ခုက အနုပညာပစ္စည်းတစ်ခုဆိုတာ အားပေးတဲ့ပရိသတ်မရှိပဲနဲ့ဖန်တီးလို့မရဘူး။ အထူးသဖြင့်ရုပ်ရှင်ပေါ့။ အဲ့ဒီတော့ထုတ်လုပ်သူဆိုတာကလဲ အားပေးတဲ့သူ ရှိနေလို့ပရိသတ်အကြိုက်ဟာသကားတွေ အရိုက်များနေကြတာပါ။ သရုပ်ဆောင်တွေဖက်ကကြည့်ရင်လဲ ကာရိုက်တာတွေရွေးချင်တာပေါ့။ တကယ့်ထူးထူးဆန်းဆန်း မရိုက်ဖူးတာတွေပဲရိုက်ချင်တာပေါ့။ ဒါပေမဲ့အနုပညာ၊ အနုပညာဆိုပေမဲ့ စီးပွားရေးရဲ့လွှမ်းမိုးမှုရာခိုင်နှုန်းတော်တော်များတယ်။ အဲ့ဒီတော့ထုတ်လုပ်သူတစ်ယောက်ဟာပရိသတ်အကြိုက်များတဲ့ဇာတ်ကားအမျိုးအစားကိုပဲဝိုင်းပြီးရွေးချယ်နေကြလို့ဟာသကားတွေများနေကြတာဖြစ်တယ်။ ပရိသတ်သာမကြိုက်ဘူးဆိုရင် ဘယ်ထုတ်လုပ်သူကမှ အမိုက်ခံပြီး သိန်းငါးရာ၊ ခြောက်ရာ၊ တစ်ထောင်ကို ဘယ်သူကမှ အလဟသအဖြစ်မခံပါဘူး။

-လက်ရှိဝေဖန်မှုတွေထဲမှာ အစ်ကို့ကိုဆို ပုံတွေနဲ့ပါ Troll တာမျိုးတွေရှိတော့ အဲ့ဒီအပေါ်မှာကျတော့ရောစိတ်အနှောင့်အယှက်ဖြစ်တာမျိုးရှိလား။

လူဆိုတဲ့ ပုထုဇဉ်သဘောကတော့ ဝမ်းသာစရာတွေ့ရင် ဝမ်းသာမယ်။ စိတ်ညစ်စရာတွေ့ရင်စိတ်ညစ်မယ်။ ဆိုတဲ့သဘာဝကတော့ ရှိတာပေါ့။ ဒါပေမဲ့ကိုယ့်အနေနဲ့ကတော့ ကိုယ်သည်ရုပ်ရှင်အစည်းအရုံး ဥက္ကဌတစ်ယောက်တာဝန်ကိုယူထားရတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက်ကိုယ့်ကို Personal ပဲပြောပြော ရုပ်ရှင်လောကကိုပဲပြောပြော ကိုယ့်မှာတာဝန်ရှိသလိုလဲ ခံစားရတယ်။ အဲ့ဒီအပေါ်မှာ ကိုယ်ဘာလုပ်ရမလဲဆိုတာကိုလဲအမြဲစဉ်းစားတယ်။ ဒီအပေါ်မှာစိတ်ဆိုးစွာနဲ့တုံ့ပြန်လိုက်မယ်ဆိုတာတော့ ကိုယ့်မှာမရှိပါဘူး။

-ဗီဒီယိုတစ်ကားကို ၄၊ ၅ရက်လောက်နဲ့အပြတ်ရိုက်ကြတယ်။ ဒီအပေါ်ကိုဝေဖန်ကြတဲ့ ဝေဖန်မှုတွေအပေါ်ကို ဘာများထပ်ပြောချင်လဲ။

ဒါလဲအမှန်ပါပဲ။ ဒါကစီးပွားရေးပါ။ ဈေးကွက်က တစ်ရာပဲရနိုင်မယ်ဆိုရင် ရင်းနှီးတဲ့သူကအလွန်ဆုံး ၉၀ပဲ ရင်းနှီးနိုင်ပါတယ်။ အဲ့ဒီတော့တစ်ရာပဲရှိတဲ့ ဈေးကွက်အတွက် ကိုးဆယ်တန်ပစ္စည်းပဲ ထုတ်နိုင်တဲ့သဘောပါပဲ။ အဲ့ဒီတော့အဲ့ဒီမှာလိုအပ်ချက်တွေ အများကြီးဖြစ်သွားပြီ။ ကိုးဆယ်နဲ့ကားတစ်ကားဖြစ်အောင် ရိုက်ရမယ်။ ဒီလိုဖြစ်အောင်ဈေးကွက်ပေါ်မူတည်ပြီး ကိုယ့်ဈေးကွက်နဲ့ရင်းနှီးမြှုပ်နှံမှုကို Balcence ချိန်ပြီးတော့ လုပ်နေရတဲ့အတွက် အဲ့ဒီလိုဟာမျိုးတွေကဖြစ်နေကြတာပါပဲ။

-အနုပညာရှင်တွေနဲ့ပရိသတ်တွေကြားဖြစ်နေတဲ့ ပဋိပက္ခတွေအပေါ် အစ်ကို့အနေနဲ့ဘယ်လိုမျိုးလေးဖြစ်စေချင်လဲ။

ကိုယ့်အနေနဲ့ကတော့ စိတ်လိုက်မာန်ပါတွေ၊ ဒေါသကိုရှေ့ထားပြီး ဘယ်သူ့ဘယ်သူကိုမှမပြောစေချင်ဘူး။ အထူးသဖြင့်အနုပညာရှင်တွေကိုလဲ ကိုယ်ကမေတ္တာရပ်ခံချင်တယ်။ အနုပညာရှင်ဆိုတာစကားတစ်လုံးမှားသွားခဲ့ရင် ဒီအမှားကတော်တော်နဲ့ဖျောက်လို့ရမှာမဟုတ်ဘူး။ အဲ့ဒီလိုရှိပါတယ်။

-လက်ရှိ ရုပ်ရှင်ဈေးကွက်အပေါ် အစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။

အခုဟာက ဈေးကွက်ကိုစိန်ခေါ်မှုယူပြီးရိုက်နေတဲ့ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေအများကြီးရှိပါတယ်။ အခုပြောဆိုနေကြတယ်ဆိုတာ အားလုံးကိုခြုံငုံပြီးပြောလို့မရပါဘူး။ ကြိုးစားပမ်းစား တကယ့်အနုပညာကိုချစ်စိတ်နဲ့အရည်အတွက်ထက် အရည်အချင်းကိုဦးစားပေးပြီးရိုက်နေတဲ့ဇာတ်ကားတွေလဲအများကြီးရှိပါတယ်။ ရှုံးချင်ရှုံးပါစေကွာ။ ကောင်းအောင်ရိုက်မယ်ဆိုတဲ့ထုတ်လုပ်သူတွေလဲအများကြီးရှိတယ်။ တကယ့်သရုပ်ဆောင်ဇာတ်ရုပ်ကိုပီပြင်အောင် ပိုက်ဆံဘယ်လောက်ပဲရရ၊ အချိန်ဘယ်လောက်ပဲပေးရပေးရ လုပ်မယ်ဆိုတဲ့ သရုပ်ဆောင်တွေဒါရိုက်တာတွေလဲ ရှိတယ်။ နောက်တစ်ခုက အနုပညာပစ္စည်းတစ်ခုဆိုတာ အနုပညာပစ္စည်းမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆိုပါ။ အားလုံးကတပြေးညီနှစ်သက်မယ်ဆိုတဲ့ အရာမရှိဘူး။ ကုန်ကုန်ပြောရရင် ကိုယ်တို့ဂေါတမမြတ်စွာဘုရားတောင်သူ့ကိုမနှစ်သက်တဲ့သူရှိတယ်။ အနုပညာပစ္စည်းတစ်ခုဆိုတာကလဲ အဲ့ဒီလိုပါပဲ။  မကြိုက်တဲ့သူရှိသလိုကြိုက်တဲ့သူတွေလဲရှိတာပါပဲ။

-ဆင်ဆာပိုင်းနဲ့ပတ်သက်ပြီးတော့လဲ ပရိသတ်အချို့ဝေဖန်ကြတာမျိုးရှိတယ်။ ဒီအပေါ်မှာရော ဘာများပြောချင်လဲ။

ဆင်ဆာကို ပြောရမယ်ဆိုရင်နှစ်မျိုးရှိတာပေါ့။ ဟိုးရှေ့နှစ်နှစ်သုံးနှစ်လောက်က ဆင်ဆာတွေတင်းကြပ်လွန်းတဲ့အတွက်ကိုယ်တို့လောကသားတွေစုရုံးပြီး တောင်းဆိုခဲ့ဖူးတယ်။ ဆွေးနွေးခဲ့ဖူးတယ်။ တင်ပြခဲ့ဖူးတယ်။ ဆင်ဆာဆိုတာကို တော်တော်များများကြီး ဖြေလျော့ပေးလိုက်တယ်။ တစ်ခါဖြေလျော့ပေးလိုက်ပြန်တော့လဲ ခုနကပြောသလို ဖြေလျော့ပေးတဲ့အပေါ်မှာအခွင့်ကောင်းယူပြီး ဖန်တီးကြတဲ့ ဖန်တီးသူတွေလဲရှိတယ်။ အဲ့ဒီလိုအချိန်မျိုးတော်တော်ကြာဖြတ်သန်းပြီးတော့ အခုပြန်ပြီးစိစစ်လာတဲ့အပိုင်းပြန်ရောက်လာတယ်။ ဆင်ဆာကိုပြောရရင် နှစ်ပိုင်းရှိတယ်။ ဖန်တီးထုတ်လုပ်သူတွေအပိုင်းရော၊ ကြည့်ရှုတဲ့ပရိသတ်အပိုင်းရောနှစ်ပိုင်းလုံးမှာတာဝန်ရှိတယ်။ Rating စနစ်ဆိုတာ တစ်နေ့နေ့တစ်ချိန်ချိန်ကိုယ်တို့လုပ်ဖို့အတွက်တော်တော်လေးတော့လေ့လာပြုစု စုဆောင်းထားတာတွေတော့ရှိနေပြီ။ ဒါပေမဲ့အခက်အခဲတစ်ခုက ဒီနေ့ဒီအချိန်မှာ Rating သတ်မှတ်ပြီးတော့  ပရိသတ်လဲကိုယ့်တာဝန်ကိုယ်ယူငါတို့ ၁၈နှစ်အောက်မကြည့်ရကားလို့သတ်မှတ်ထားတာ ကြည့်ရင်တော့မင်းထိုက်နဲ့မင်းကံပဲဆိုတာမျိုးလုပ်ချလိုက်ဖို့ဒီတိုင်းပြည်အနေအထားနဲ့က အချိန်ကမတန်သေးဘူး။ နောက်တစ်ခုကရုံတွေမှာထားပါတော့။ ၁၈ နှစ်အောက်မကြည့်ရဆိုတာမျိုးသတ်မှတ်မယ်။ ရုပ်ရှင်ရုံကရော မှတ်ပုံတင်စစ်ပြီး ဝင်ခွင့်ထွက်ခွင့်ကို စစ်ဆေးကန့်သတ်နိုင်တဲ့အနေအထားမရှိဘူး။ အဲ့ဒီလိုအချက်ကလေးတွေကြောင့်ကိုယ်တို့မှာ Rating System ကိုသွားဖို့ရာ အချိန်ကလိုအပ်နေသေးတယ်။ ပရိသတ်နဲ့ဖန်တီးသူကြားမှာ ဒါလေးကို use to ဖြစ်လာဖို့၊ သူ့သိက္ခာ၊ ကိုယ့်သိက္ခာ ထိန်းသိမ်းနိုင်တဲ့အနေအထားရောက်ဖို့ကအချိန်လိုနေသေးတယ်ပေါ့။ အဲ့ဒီလိုဖြစ်နေတာပါ။

-အန်ကယ်လေးကိုအားပေးနေတဲ့ ပရိသတ်ကြီးကိုရော နောက်ဆက်ရိုက်သွားမဲ့ ဇာတ်ကားတွေနဲ့ပတ်သက်ပြီး ဘာများပြောချင်သေးလဲ။

ခုနကပြောသလိုပေါ့။ မကြိုက်သူတွေရှိသလို အားပေးတဲ့ပရိသတ်တွေလဲရှိလို့ အနုပညာရှင်တစ်ယောက် ကိုယ့်အနေနဲ့ဆို ဒါ အနုပညာသက်တမ်း နှစ်အစိတ်လောက်ရှိသွားပြီ။ ဒီအချိန်ထိ ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုကိုလုပ်ကိုင်ခွင့်ရနေတယ်ဆိုတာ အားပေးတဲ့ ပရိသတ်အခိုင်အမာတွေရှိနေလို့ပါ။ အဲ့ဒီတော့ကိုယ့်ကို အားပေးနေတဲ့ပရိသတ်တွေထဲကလျော့မသွားအောင်၊ ထပ်တိုးလာအောင်၊ မကြိုက်သေးတဲ့ပရိသတ်တွေလဲကိုယ့်အနုပညာကိုကြိုက်လာအောင်ကြိုးစားပါဦးမယ်။

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

လောလောဆယ်ကမျက်ရည်ဖက်ရှင်ဆိုပြီး နာမည်ပေးထားတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ မိသားစုဇာတ်လေးပါ။ ကိုယ်ပါမယ်။ ကျော်ကျော်ပါမယ်။ ခိုင်နှင်းဝေပါမယ်။ ရတနာဗိုပါပါတယ်။

-ဒီကားပြီးရင်ရော ဘာကားတွေလက်ခံထားတာရှိဦးမလဲ။

မနက်ဖြန်မှာ ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူးဆိုတဲ့ကားကြီးဝင်ပါမယ်။ ဒါရိုက်တာက သြရသ ၊ ကိုယ်ပါမယ်။ ထွန်းထွန်းပါမယ်။ ခင်လှိုင်၊ အိချောပို ၊ နန်းမြတ်ဖြိုးသင်းနဲ့မေပန်းချီတို့ပါပါမယ်။ သူကတော့ ရပ်ကွက်ပုံစံမျိုးပေါ့။ ဗျစ်ရည်ဆိုင်ဆိုတာ အရက်ဆိုင်ပေါ့။ အရက်ဆိုင်မှာကိုပဲ အရက်သမားတွေ ကြောက်ရတဲ့ တာနှောဆိုတဲ့ လူဆိုးကြီးပေါ့။ အဲ့ဒီလိုကာရိုက်တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top