Property Expo
×

ျပန္လည္ေတြ႕ရွိခဲ့ေသာဗန္ဂိုး၏ပန္းခ်ီကားႏွစ္ခ်ပ္ႏွင့္အတူဗန္ဂိုးျပတိုက္ဒါ႐ိုက္တာ ေအဆယ္႐ူဂါကုိ ေတြ႕ရစဥ္ (MARIO LAPORTA/AFP)

 လြန္ခဲ့ေသာ ၁၄ ႏွစ္ က အမ္စတာဒမ္ၿမိဳ႕တြင္ ခိုးယူခံ ခဲ့ရေသာ ဗန္ဂုိး၏ ဂႏၴ၀င္ပန္းခ်ီ ကားႏွစ္ခ်ပ္ကုိ အီတလီႏုိင္ငံ၌ အဖြဲ႕လိုက္ က်ဴးလြန္ေသာ ရာဇ ၀တ္မႈမ်ားကုိ စံုစမ္းစစ္ေဆးေရး အထူးအဖြဲ႕က ျပန္လည္ရရိွခဲ့ ေၾကာင္း ဗန္ဂုိး၏ျပတိုက္က ေျပာၾကားသည္။

၁၈၈၂ လက္ရာ ‘Sea Scapeat Scheveningen’ ပန္းခ်ီကား ႏွင့္ ၁၈၈၄-၈၅ လက္ရာ ‘Long-regation Leaving the Refor-med Church’ ပန္းခ်ီကားႏွစ္ခ်ပ္ အား အထူးအဖြဲ႕က က်ယ္က်ယ္ ျပန္႔ျပန္႔ႏွင့္ ဆက္တိုက္စံုစမ္းစစ္ ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ ျပန္ လည္ရရိွခဲ့သည္ဟု ျပတုိက္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အီတလီအဖြဲ႕၏ ဖိတ္ၾကား မႈေၾကာင့္ ပန္းခ်ီကားမ်ားကုိ စစ္ ေဆးခဲ့ၿပီးေနာက္ ဗန္ဂုိးလက္ရာ အစစ္မ်ားဟု အတည္ျပဳထား ေၾကာင္း ျပတိုက္ကေျပာသည္။

၁၄ ႏွစ္ၾကာ ေပ်ာက္ဆံုးေန ေသာ္လည္း ပန္းခ်ီကားႏွစ္ခ်ပ္မွာ အတန္အသင့္ ေကာင္းမြန္ေသာ အေနအထားတြင္ရိွေၾကာင္း သိရ သည္။

 ေဒၚလာသန္းေပါင္းမ်ားစြာ တန္ေသာ ပန္းခ်ီကားႏွစ္ခ်ပ္ကုိ ၂၀၀၂ က ခိုးယူသူမ်ားသည္ ေလွ ကားတစ္စင္းႏွင့္ ႀကိဳးမ်ားကိုသာ အသံုးျပဳ၍ ခိုးယူသြားခဲ့ျခင္းျဖစ္ သည္။

 အမ္စတာဒမ္ ၿမိဳ႕လယ္ ေကာင္တြင္ရိွေသာ ျပတိုက္မွ ခိုးယူခံခဲ့ရျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 လွန်ခဲ့သော ၁၄ နှစ် က အမ်စတာဒမ်မြို့တွင် ခိုးယူခံ ခဲ့ရသော ဗန်ဂိုး၏ ဂန္ထဝင်ပန်းချီ ကားနှစ်ချပ်ကို အီတလီနိုင်ငံ၌ အဖွဲ့လိုက် ကျူးလွန်သော ရာဇ ဝတ်မှုများကို စုံစမ်းစစ်ဆေးရေး အထူးအဖွဲ့က ပြန်လည်ရရှိခဲ့ ကြောင်း ဗန်ဂိုး၏ပြတိုက်က ပြောကြားသည်။

၁၈၈၂ လက်ရာ ‘Sea Scapeat Scheveningen’ ပန်းချီကား နှင့် ၁၈၈၄-၈၅ လက်ရာ ‘Long-regation Leaving the Refor-med Church’ ပန်းချီကားနှစ်ချပ် အား အထူးအဖွဲ့က ကျယ်ကျယ် ပြန့်ပြန့်နှင့် ဆက်တိုက်စုံစမ်းစစ် ဆေးမှုများ ပြုလုပ်ပြီးနောက် ပြန် လည်ရရှိခဲ့သည်ဟု ပြတိုက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အီတလီအဖွဲ့၏ ဖိတ်ကြား မှုကြောင့် ပန်းချီကားများကို စစ် ဆေးခဲ့ပြီးနောက် ဗန်ဂိုးလက်ရာ အစစ်များဟု အတည်ပြုထား ကြောင်း ပြတိုက်ကပြောသည်။

၁၄ နှစ်ကြာ ပျောက်ဆုံးနေ သော်လည်း ပန်းချီကားနှစ်ချပ်မှာ အတန်အသင့် ကောင်းမွန်သော အနေအထားတွင်ရှိကြောင်း သိရ သည်။

 ဒေါ်လာသန်းပေါင်းများစွာ တန်သော ပန်းချီကားနှစ်ချပ်ကို ၂၀၀၂ က ခိုးယူသူများသည် လှေ ကားတစ်စင်းနှင့် ကြိုးများကိုသာ အသုံးပြု၍ ခိုးယူသွားခဲ့ခြင်းဖြစ် သည်။

 အမ်စတာဒမ် မြို့လယ် ကောင်တွင်ရှိသော ပြတိုက်မှ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top