Kantharyar Centre
×






Credit:Momolay

Unicode Version

လတ်ဆတ်တဲ့အသီးအများစုဟာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် သုက်ပိုးတွေရဲ့ စွမ်းရည်နဲ့အရည်အသွေးကို တိုးတက်စေပါတယ်။ သံပရာသီး၊ လိမ္မော်သီး၊ သရက်သီးနဲ့ ကန်စွန်းဥတွေ စားသုံးခြင်းက သားသမီးရဖို့ အခွင့်အလမ်း ရှိပါလိမ့်တယ်။



ကြက်သွန်ဖြူ က သွေးလှည့်ပတ်မှုကို ကောင်းစေပြီး လိင်အင်္ဂါထောင်မတ်နိုင်ဖို့ကို အားပေးပါတယ်။ ငါးအမျိုးမျိုးကို စားသုံးပေးခြင်းဖြင့်လည်း ငါးအများစုမှာ Fatty acid ကြွယ်ဝစွာ ပါဝင်တာကြောင့် လိင်အင်္ဂါတစ်ဝိုက်ကို သွေးလှည့်ပတ်မှု ကောင်းစေပြီး သုက်ပိုးတွေရဲ့ အရည်အသွေးကိုလည်း ကောင်းမွန်စေပါတယ်။


ဖုတ်ထားတဲ့အာလူးက အာဟာရမျိုးစုံအပြင် ဗီတာမင်ဘီနဲ့ ဗီတာမင်အီး ကြွယ်ဝတာကြောင့် အမျိုးသမီးတွေအတွက် မမျိုးဥကြွေမှုကို အားပေးပါတယ်။ ဒါ့အပြင် အခွံမာသီးတွေဖြစ်တဲ့ မြေပဲ၊ ဗာဒံစတဲ့အသီးတွေဟာလည်း ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်တဲ့အတွက် အမျိုးသမီးတွေကို လိင်စိတ်ပိုမိုတက်ကြွစေပြီး ကိုယ်ဝန်ဆောင်စဉ်မှာလည်း ကိုယ်ဝန်ပျက်ကျမှုကို လျော့နည်းစေပါတယ်။

ဥအမျိုးမျိုးမှာတော့ ဗီတာမင်ဘီ ၁၂ နဲ့ ဖောလိတ်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားကို ချို့ယွင်းချက်မရှိစေဖို့ ကူညီပေးပြီး အန်တီအောက်ဆီဒန့်နဲ့ ကယ်ရိုတီး နွိုက်တို့ ပါဝင်တဲ့အတွက် အမျိုးသမီးတွေရဲ့ မျိုးပွားစွမ်းရည်ကို မြင့်တက်စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Momolay
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top