Kantharyar Centre
×

ဗီတာမင္ဒီ မလုံေလာက္မႈေၾကာင့္ အင္အားယုတ္ေလ်ာ့ေစႏုိင္ၿပီး ကုိယ္လက္လႈပ္ရွားမႈ စြမ္းေဆာင္ရည္ကို က်ဆင္းေစႏုိင္ေၾကာင္း တူလ္ဆာတကၠသိုလ္မွ သုေတသီမ်ားကေျပာၾကားသည္။

သုေတသီမ်ားက ေကာလိပ္ေက်ာင္းသား အားကစားသမား ၁၀၀ ဦး၏ ေသြးထဲတြင္ပါဝင္ေသာ ဗီတာမင္ဒီပမာဏကို ေလ့လာ ၿပီး ၎တုိ႔၏ ေျပးလႊားႏုိင္မႈ၊ ခုန္လႊားႏုိင္မႈ၊ အေလးမႏုိင္မႈႏႈန္းမ်ားကို ေလ့လာခဲ့သည္။


ဗီတာမင္ဒီ မလံုေလာက္သူမ်ားသည္ ဗီတာမင္ဒီ လံုေလာက္ သူမ်ားထက္ ၇၇ ရာခုိင္ႏႈန္းအထိ  အားပိုနည္းေၾကာင္း သုေတသီ မ်ား ေလ့လာေတြ႕ရွိခဲ့သည္။

ဗီတာမင္ဒီက ႂကြက္သားဆဲလ္မ်ား ႂကြက္သားလႈပ္ရွားမႈလုပ္ ငန္းစဥ္အတြင္း ကယ္လ္ဆီယမ္ဓာတ္ထိေရာက္စြာ ထုတ္လႊတ္ရန္ ကူညီေပးေသာေၾကာင့္ ဗီတာမင္ဒီ မလံုေလာက္ပါက အားနည္းျခင္း ႏွင့္ ႀကံဳေတြ႕ရျခင္းျဖစ္ေၾကာင္း သုေတသီမ်ားကေျပာၾကားသည္။

ဗီတာမင္ဒီ လံုေလာက္ပါက မလံုေလာက္ျဖစ္ေနသူမ်ားထက္ ကိုယ္လက္လႈပ္ရွားႏုိင္မႈ စြမ္းေဆာင္ရည္ ပိုျမင့္မားေၾကာင္း သုေတသီမ်ားက ေျပာသည္။

ယခု ေလ့လာမႈက ဗီတာမင္ဒီႏွင့္ ခႏၶာကိုယ္အင္အားၾကားဆက္ စပ္ပံုကိုသာေဖာ္ျပထားၿပီး ထိခိုက္မႈျဖစ္ေစေသာ အေၾကာင္းရင္းကို ေဖာ္ျပထားျခင္းမရွိဟု လက္မန္းေကာလိပ္မွ ေဒါက္တာဘရဒ္စခို ယန္ဖီးက ေျပာၾကားၿပီး လူအမ်ားႀကီးပါဝင္ေသာ ေလ့လာမႈ ထပ္မံ ျပဳလုပ္ရန္ လိုအပ္သည္ဟုေျပာသည္။

သို႔ေသာ္ ဗီတာမင္ဒီသည္ ႂကြက္သားမ်ား သန္မာေရးႏွင့္ ဖြံ႕ၿဖိဳး ေရးတုိ႔အတြက္ အဓိကေနရာမွ စြမ္းေဆာင္ေပးေၾကာင္း အေထာက္ အထားေတြ႕ရသည္ဟု ၎က ေျပာသည္။

ဗီတာမင္ဒီကို တစ္ေန႔လွ်င္ ၁၅၀၀ IU မွ ၂၀၀၀ IU အထိ စားသံုးေပးရန္လိုသည္။ အဆီမ်ားေသာ ငါးမ်ား၊ ႏို႔ကဲ့သို႔ အစား အေသာက္မ်ားတြင္ ဗီတာမင္ဒီႂကြယ္ဝစြာပါဝင္ၿပီး ေနေရာင္ျခည္ ျဖင့္ ထိေတြ႕ျခင္းျဖင့္လည္း ဗီတာမင္ဒီရရွိႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ဗီတာမင်ဒီ မလုံလောက်မှုကြောင့် အင်အားယုတ်လျော့စေနိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ကြောင်း တူလ်ဆာတက္ကသိုလ်မှ သုတေသီများကပြောကြားသည်။

သုတေသီများက ကောလိပ်ကျောင်းသား အားကစားသမား ၁၀၀ ဦး၏ သွေးထဲတွင်ပါဝင်သော ဗီတာမင်ဒီပမာဏကို လေ့လာ ပြီး ၎င်းတို့၏ ပြေးလွှားနိုင်မှု၊ ခုန်လွှားနိုင်မှု၊ အလေးမနိုင်မှုနှုန်းများကို လေ့လာခဲ့သည်။


ဗီတာမင်ဒီ မလုံလောက်သူများသည် ဗီတာမင်ဒီ လုံလောက် သူများထက် ၇၇ ရာခိုင်နှုန်းအထိ  အားပိုနည်းကြောင်း သုတေသီ များ လေ့လာတွေ့ရှိခဲ့သည်။

ဗီတာမင်ဒီက ကြွက်သားဆဲလ်များ ကြွက်သားလှုပ်ရှားမှုလုပ် ငန်းစဉ်အတွင်း ကယ်လ်ဆီယမ်ဓာတ်ထိရောက်စွာ ထုတ်လွှတ်ရန် ကူညီပေးသောကြောင့် ဗီတာမင်ဒီ မလုံလောက်ပါက အားနည်းခြင်း နှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း သုတေသီများကပြောကြားသည်။

ဗီတာမင်ဒီ လုံလောက်ပါက မလုံလောက်ဖြစ်နေသူများထက် ကိုယ်လက်လှုပ်ရှားနိုင်မှု စွမ်းဆောင်ရည် ပိုမြင့်မားကြောင်း သုတေသီများက ပြောသည်။

ယခု လေ့လာမှုက ဗီတာမင်ဒီနှင့် ခန္ဓာကိုယ်အင်အားကြားဆက် စပ်ပုံကိုသာဖော်ပြထားပြီး ထိခိုက်မှုဖြစ်စေသော အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိဟု လက်မန်းကောလိပ်မှ ဒေါက်တာဘရဒ်စခို ယန်ဖီးက ပြောကြားပြီး လူအများကြီးပါဝင်သော လေ့လာမှု ထပ်မံ ပြုလုပ်ရန် လိုအပ်သည်ဟုပြောသည်။

သို့သော် ဗီတာမင်ဒီသည် ကြွက်သားများ သန်မာရေးနှင့် ဖွံ့ဖြိုး ရေးတို့အတွက် အဓိကနေရာမှ စွမ်းဆောင်ပေးကြောင်း အထောက် အထားတွေ့ရသည်ဟု ၎င်းက ပြောသည်။

ဗီတာမင်ဒီကို တစ်နေ့လျှင် ၁၅၀၀ IU မှ ၂၀၀၀ IU အထိ စားသုံးပေးရန်လိုသည်။ အဆီများသော ငါးများ၊ နို့ကဲ့သို့ အစား အသောက်များတွင် ဗီတာမင်ဒီကြွယ်ဝစွာပါဝင်ပြီး နေရောင်ခြည် ဖြင့် ထိတွေ့ခြင်းဖြင့်လည်း ဗီတာမင်ဒီရရှိနိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top