iGREEN Promotion Singapore
×

ကုိုယ္ဝန္ေဆာင္မိခင္ မ်ားအတြက္ က်န္းမာေရးဆုိင္ရာ ဗဟုသုတမ်ားကို ႐ုပ္ရွင္သ႐ုပ္ ေဆာင္ သက္မြန္ျမင့္က လူမႈကြန္ ရက္စာမ်က္ႏွာေပၚတြင္ လစဥ္ မွ်ေဝေပးမည့္အစီအစဥ္ စတင္ ၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။

 အဆုိပါ အစီအစဥ္ကို ကေလးသူငယ္ ကာကြယ္ေစာင့္ ေရွာက္ေရးအဖြဲ႕ (Save the Children)၏ ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာျဖစ္သည့္ www.facebook.com/savethechildreninmyan mar ကို Like (လိုက္ခ္)ျပဳလုပ္ထားျခင္းျဖင့္ သက္မြန္ျမင့္က ကိုယ္ဝန္ေဆာင္မိခင္ က်န္းမာေရးႏွင့္ဆုိင္ေသာ အခ်က္အလက္မ်ားႏွင့္ အေလးထားလုပ္ေဆာင္ ရမည့္ လုပ္ငန္းေဆာင္တာမ်ား မွ်ေဝေပးမည္ျဖစ္သည္။

‘‘ႏုိင္ငံတကာနဲ႔ ျပည္တြင္းမွာရွိတဲ့ အာဟာရပညာရွင္ေတြ၊ ကမၻာ့က်န္းမာေရး အဖြဲ႕ေတြရဲ႕ ၫႊန္ၾကားခ်က္ေတြကို ျမန္မာႏုိင္ငံ မွာရွိတဲ့ ကိုယ္ဝန္ေဆာင္မိခင္ေတြ အသိပညာဗဟုသုတရရွိၿပီး လိုက္ ပါေဆာင္ရြက္ႏုိင္ေအာင္ ဒီအစီ အစဥ္ကေန မွ်ေဝေပးမွာ ျဖစ္ပါ တယ္။ ကေလးေတြရဲ႕ဖြံ႕ၿဖိဳးမႈ ရပ္တန္႔ျခင္းနဲ႔ ပုညႇက္ျခင္းေတြ ကင္းေဝးေအာင္ ဒီအစီအစဥ္ကေန ေဆာင္ရြက္သြားမွာပါ’’ဟု သက္မြန္ျမင့္ကေျပာသည္။

 ယင္းအစီအစဥ္အတြင္း သေႏၶသားဘဝမွ ကေလးငယ္ အသက္(၂)ႏွစ္ျပည့္သည့္ ရက္ ေပါင္း ၁,၀၀၀ အတြင္း က်န္းမာၿပီးအာဟာရျပည့္ဝသည့္ အစားအ စာမ်ား စားသံုးျခင္း၊ မိခင္ေကာင္း တစ္ေယာက္၏ က်န္းမာေရးအ ေလးထားလုပ္ေဆာင္ျခင္း စသည္တုိ႔ပါဝင္ၿပီး ယင္းလူမႈကြန္ရက္စာ မ်က္ႏွာ၌ သက္မြန္ျမင့္ႏွင့္ ေဆြး ေႏြးတုိင္ပင္ျခင္းအျပင္ အာဟာရ ပညာရွင္မ်ားႏွင့္ပါ အခမဲ့ေဆြးေႏြးတုိင္ပင္ႏုိင္မည္ျဖစ္သည္။

 ‘‘ရက္ ၁,၀၀၀ ခရီးစဥ္က မိခင္ေတြအတြက္ ဘယ္ေလာက္ အေရးပါတယ္ဆုိတာ ကနဦး သ တင္းျဖန္႔ေဝမယ့္ အစီအစဥ္ျဖစ္ တယ္။ ဒီေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ ကတစ္ဆင့္ သက္မြန္ျမင့္က လ စဥ္ေဝမွ်ေပးသြားမွာပါ။ ဒီကတစ္ဆင့္ ေမးျမန္းႏုိင္ၿပီး အာဟာရပညာရွင္ေတြကလည္း သိလိုသ မွ်ေတြကို ေျဖၾကားေပးသြားမွာ ပါ’’ဟု Save the Children ၏ လူမႈဆက္ဆံေရးမန္ေနဂ်ာ မစၥအန္ဒီနယ္ဆင္ (Mrs.Andy Nil-sen)ကေျပာသည္။

ရက္ေပါင္း ၁,၀၀၀ အတြင္း အာဟာရျပည့္ဝစြာမရရွိမႈေၾကာင့္ ကိုုယ္အေလးခ်ိန္ မျပည့္မီသည့္ ကေလးငယ္မ်ား ေမြးဖြားေစျခင္း၊ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ တစ္ႏွစ္ ေအာက္ကေလး ေသဆံုးမႈ ပိုမို မ်ားျပားေစျခင္းႏွင့္ အာဟာရ ျပည့္ဝစြာ မစားသံုးရသည့္ ကေလးမ်ားသည္ အာဟာရျပည့္ဝစြာ စားသံုးရသည့္ ကေလးမ်ားထက္ ေသဆံုးမႈႏႈန္း ကိုးဆပိုမ်ားေနျခင္းမ်ား ျဖစ္ေပၚေနသည္ဟု အာဟာရပညာရွင္မ်ားက သံုး သပ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ကိုယ်ဝန်ဆောင်မိခင် များအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ရုပ်ရှင်သရုပ် ဆောင် သက်မွန်မြင့်က လူမှုကွန် ရက်စာမျက်နှာပေါ်တွင် လစဉ် မျှဝေပေးမည့်အစီအစဉ် စတင် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 အဆိုပါ အစီအစဉ်ကို ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေးအဖွဲ့ (Save the Children)၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာဖြစ်သည့် www.facebook.com/savethechildreninmyan mar ကို Like (လိုက်ခ်)ပြုလုပ်ထားခြင်းဖြင့် သက်မွန်မြင့်က ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးနှင့်ဆိုင်သော အချက်အလက်များနှင့် အလေးထားလုပ်ဆောင် ရမည့် လုပ်ငန်းဆောင်တာများ မျှဝေပေးမည်ဖြစ်သည်။


‘‘နိုင်ငံတကာနဲ့ ပြည်တွင်းမှာရှိတဲ့ အာဟာရပညာရှင်တွေ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေကို မြန်မာနိုင်ငံ မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အသိပညာဗဟုသုတရရှိပြီး လိုက် ပါဆောင်ရွက်နိုင်အောင် ဒီအစီ အစဉ်ကနေ မျှဝေပေးမှာ ဖြစ်ပါ တယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးမှု ရပ်တန့်ခြင်းနဲ့ ပုညှက်ခြင်းတွေ ကင်းဝေးအောင် ဒီအစီအစဉ်ကနေ ဆောင်ရွက်သွားမှာပါ’’ဟု သက်မွန်မြင့်ကပြောသည်။

 ယင်းအစီအစဉ်အတွင်း သန္ဓေသားဘဝမှ ကလေးငယ် အသက်(၂)နှစ်ပြည့်သည့် ရက် ပေါင်း ၁,၀၀၀ အတွင်း ကျန်းမာပြီးအာဟာရပြည့်ဝသည့် အစားအ စာများ စားသုံးခြင်း၊ မိခင်ကောင်း တစ်ယောက်၏ ကျန်းမာရေးအ လေးထားလုပ်ဆောင်ခြင်း စသည်တို့ပါဝင်ပြီး ယင်းလူမှုကွန်ရက်စာ မျက်နှာ၌ သက်မွန်မြင့်နှင့် ဆွေး နွေးတိုင်ပင်ခြင်းအပြင် အာဟာရ ပညာရှင်များနှင့်ပါ အခမဲ့ဆွေးနွေးတိုင်ပင်နိုင်မည်ဖြစ်သည်။

 ‘‘ရက် ၁,၀၀၀ ခရီးစဉ်က မိခင်တွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ ကနဦး သ တင်းဖြန့်ဝေမယ့် အစီအစဉ်ဖြစ် တယ်။ ဒီဖေ့စ်ဘွတ်ခ်စာမျက်နှာ ကတစ်ဆင့် သက်မွန်မြင့်က လ စဉ်ဝေမျှပေးသွားမှာပါ။ ဒီကတစ်ဆင့် မေးမြန်းနိုင်ပြီး အာဟာရပညာရှင်တွေကလည်း သိလိုသ မျှတွေကို ဖြေကြားပေးသွားမှာ ပါ’’ဟု Save the Children ၏ လူမှုဆက်ဆံရေးမန်နေဂျာ မစ္စအန်ဒီနယ်ဆင် (Mrs.Andy Nil-sen)ကပြောသည်။

ရက်ပေါင်း ၁,၀၀၀ အတွင်း အာဟာရပြည့်ဝစွာမရရှိမှုကြောင့် ကိုုယ်အလေးချိန် မပြည့်မီသည့် ကလေးငယ်များ မွေးဖွားစေခြင်း၊ အာဟာရချို့တဲ့မှုကြောင့် တစ်နှစ် အောက်ကလေး သေဆုံးမှု ပိုမို များပြားစေခြင်းနှင့် အာဟာရ ပြည့်ဝစွာ မစားသုံးရသည့် ကလေးများသည် အာဟာရပြည့်ဝစွာ စားသုံးရသည့် ကလေးများထက် သေဆုံးမှုနှုန်း ကိုးဆပိုများနေခြင်းများ ဖြစ်ပေါ်နေသည်ဟု အာဟာရပညာရှင်များက သုံး သပ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top