Property Expo
×

အိႏၵိယႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ ေဒလီၿမိဳ႕မွာ နာမည္ႀကီး စမူဆာဆိုင္ တစ္ဆိုင္ ရွိတယ္။ စမူဆာေလးေတြဟာ အရသာ အလြန္ရွိတဲ့အတြက္ေၾကာင့္ လူႀကိဳက္အလြန္မ်ားတယ္။

စမူဆာဆိုင္ရဲ႕ မ်က္ႏွာခ်င္းဆိုင္ လမ္းတစ္ဖက္မွာေတာ့ ကုမၸဏီႀကီး တစ္ခုရွိတယ္။ ေန႔စဥ္လိုလိုပဲ ေန႔လည္စာ စားခ်ိန္ဆိုရင္ ကုမၸဏီ ဝန္ထမ္းေတြဟာ အဲဒီ ဆိုင္မွာ လာစား ေလ့ ရွိၾကတယ္။

တစ္ရက္ ေန႔လည္စာစားခ်ိန္မွာေတာ့ ကုမၸဏီ မန္ေနဂ်ာ ကိုယ္တိုင္ နာမည္ႀကီး စမူဆာကို လာဆင္းဝယ္တယ္။

အရသာအလြန္ရွိတဲ့ အတြက္ေၾကာင့္ စမူဆာကို ပါဆယ္ ထုပ္ မသြားေတာ့ပဲ ဆိုင္မွာ အားပါးတရ ထိုင္စားရင္း ဆိုင္ရွင္နဲ႔ စကားစျမည္ ေျပာၾကည့္မိတယ္။

မန္ေနဂ်ာ က ဆိုင္ရွင္ အဘိုးႀကီး ကို စေမးလိုက္တယ္။

"ဦးေလး... ဒီေလာက္ လက္ရာေကာင္းတဲ့ စမူဆာကို ကၽြန္ေတာ္ျဖင့္ ဒီတစ္သက္ တစ္ခါမွ မစားဖူးဘူးဗ်ာ။ ၿပီးေတာ့ ဆိုင္ အျပင္အဆင္ နဲ႔ အခင္းအက်င္းကလည္း တကယ့္ကို သပ္သပ္ရပ္ရပ္နဲ႔ ရွိတယ္။ ဦးေလး အုပ္ခ်ဳပ္စီမံမႈ တကယ္ေကာင္းတယ္ဗ်ာ။ ဟဲဟဲ... ထင္တာေျပာမယ္ေနာ္။ အကယ္၍ ဦးေလးသာ စမူဆာ မေရာင္းပဲ ကုမၸဏီမွာ အလုပ္ဝင္လုပ္ ခဲ့ရင္ ခုခ်ိန္မွာ ကၽြန္ေတာ့္ လိုမ်ိဳး မန္ေနဂ်ာတစ္ေယာက္ေတာ့ ေကာင္းေကာင္း ျဖစ္ေလာက္တယ္။ ႏွိမ္ေျပာတာေတာ့မဟုတ္ဘူးေနာ္။ ဟဲဟဲ။"

အဘိုးႀကီးက သူ႔ကို ၿပံဳးျပတယ္။ ၿပီးတာနဲ႔ သူေၾကာ္လက္စ စမူဆာေတြ ဆက္ေၾကာ္ရင္း ျပန္ေျဖတယ္။

"မႏွိမ္ပါဘူး ဆရာရယ္။ ဘာလို႔ မႏွိမ္ဘူးလို႔ ျမင္ရတာလဲ ဆိုေတာ့ က်ဳပ္ အလုပ္က ဆရာ့အလုပ္ထက္ကို အဆမတန္ ေကာင္း ေနတာကိုးဗ်။ ဘာ့ေၾကာင့္လဲ သိလား။"

ေလွာင္တဲ့အသံနဲ႔ မန္ေနဂ်ာက ရယ္ရင္း "ေျပာၾကည့္ပါဦး ဦးေလးရယ္။ နားေထာင္ေပးရတာေပါ့။"

အဘိုးႀကီး - ဒီလိုေလဗ်ာ။ လြန္ခဲ့တဲ့ ဆယ္ႏွစ္ကထဲက က်ဳပ္ဟာ ဒီေနရာေလးမွာပဲ စမူဆာေရာင္းခဲ့တာ။ အဲဒီတုန္းကေတာ့ ဗန္းနဲ႔ ေၾကာ္ေရာင္းတာ ေပါ့ဗ်ာ။ ဆိုင္ေတြဘာေတြနဲ႔ ခုလို ဘယ္ ျဖစ္လာဦးမလဲ။ တစ္ခ်ိန္ထဲမွာပဲ ေမာင္ရင္ဟာ အဲဒီ ကုမၸဏီမွာ အလုပ္ စလုပ္တယ္။ ဒါ့ေၾကာင့္ ေမာင္ရင့္ကို က်ဳပ္ ေကာင္းေကာင္းႀကီး မွတ္မိေနတာ။ က်ဳပ္ဟာ အဲဒီတုန္းက တစ္လကို ႐ူပီး တစ္ေထာင္ ဝင္ေငြ ရွိတယ္။ ေမာင္ရင္ကေရာ လစာ ဘယ္ေလာက္ရခဲ့လဲ။

မန္ေနဂ်ာ - စလုပ္လုပ္ခ်င္းတုန္းက ႐ူပီး တစ္ေသာင္းပါ ဦးေလး။ ၿပီးေတာ့ ေအာက္ေျခ ဝန္ထမ္းပါ။

အဘိုးႀကီး - ဟုတ္ၿပီ။ ခု ၁၀ ႏွစ္ဆိုတဲ့ ကာလကို က်ဳပ္တို႔ေတြ ျဖတ္သန္းၿပီးတဲ့ေနာက္ ဘာေတြ အရာထင္ က်န္ခဲ့သလဲ။ က်ဳပ္ဟာ စမူဆာ ဆိုင္တစ္ဆိုင္ပိုင္လာၿပီ။ "စမူဆာ ဝါလား" ဆိုင္ ဆိုတဲ့ နာမည္နဲ႔လည္း လူသိမ်ားေနၿပီ။ ေမာင္ရင္ကလည္း ေအာက္ေျခကေန မန္ေနဂ်ာ ဆိုတဲ့ အဆင့္ကို ေရာက္လာၿပီ။ ကဲ... အခုေရာ ေမာင္ရင္ လစာ ဘယ္ေလာက္ ရသလဲ။

မန္ေနဂ်ာ - ႐ူပီး တစ္သိန္းဝန္းက်င္ေလာက္ရွိပါ့မယ္ ဦးေလး။

အဘိုးႀကီး - က်ဳပ္ဟာလည္း တစ္လတစ္ေလေတာ့ ႐ူပီး ၁ သိန္း ရခဲ့သလို တခ်ိဳ႕လေတြမွာ ဆိုရင္ေတာ့ တစ္သိန္း ေက်ာ္ပါတယ္။ ဒီ အဆင့္အထိ က်ဳပ္တို႔ၾကည့္မယ္ ဆိုရင္ေတာင္ ေမာင္ရင့္ လုပ္အားနဲ႔ က်ဳပ္လုပ္အား အဆင့္ဟာ မကြာေတာ့ဘူး။ ဒါေပမယ့္ က်ဳပ္ဟာ ေမာင္ရင့္ထက္ သာပါတယ္။ ဘာ့ေၾကာင့္လဲဆိုရင္ ကေလးေတြရဲ႕ အနာဂတ္ ေၾကာင့္ ျဖစ္တယ္။

မန္ေနဂ်ာ - ဘယ္လို။ ဘယ္လို။ ရွင္းျပပါဦး ဦးေလးရဲ႕။

အဘိုးႀကီး- ခုေျပာတာေလးကို ေသခ်ာနားေထာင္ပါ ေမာင္ရင္။ က်ဳပ္ဟာ ဘဝနာခဲ့ရတယ္။ ဗန္းနဲ႔ရြက္ေၾကာ္ခဲ့ရတဲ့ဘဝက စလို႔ ခုလိုျဖစ္လာတဲ့အထိပင္ပန္းခဲ့ရတာေတြ အမ်ားႀကီးပါ။ ဒါေတြကို က်ဳပ္ သားဟာ ျပန္ေက်ာ္ျဖတ္ဖို႔ မလိုေတာ့ဘူး။ သူ႔အေနနဲ႔ ပညာကို ေကာင္းေကာင္းသင္ၿပီး သူ႔ပညာနဲ႔ ေတာ္တဲ့ အလုပ္တစ္ခုကို လုပ္ခ်င္လုပ္။ မလုပ္ခ်င္ပဲ တစ္ေန႔က်ရင္ မိဘအလုပ္ဝင္လုပ္ခ်င္တယ္ဆိုရင္ က်ဳပ္က အသာအယာ လက္လႊဲလိုက္ရံုပဲ။ က်ဳပ္ရွာသမွ် ေငြ ဟာ သူ႔အတြက္ ျဖစ္တယ္။ သူဘယ္ေတာ့မွ သုညဆိုတဲ့ အဆင့္က စဖို႔ မလိုေတာ့ဘူး။ ေမာင္ရင္ ရွာသမွ်ေငြကေရာ ဘယ္သူ႔အတြက္လဲ။ ေမာင္ရင့္ သားသမီး အတြက္လား။ ကုမၸဏီပိုင္ရွင္ သူေဌးရဲ႕ သားသမီး အတြက္လား။ ေမာင္ရင့္ထိုင္ခံုကိုုေရာ သူတို႔ကို လက္လႊဲခဲ့လို႔ ရသလား။ ဘယ္ရလိမ့္မလဲကြယ္။ သူတို႔လိုခ်င္ရင္ သူတို႔ အေဖ လြန္ခဲ့တဲ့ ဆယ္ႏွစ္က ေလွ်ာက္ခဲ့ရတဲ့ လမ္းအတိုင္း အစအဆံုး ထပ္ေလွ်ာက္ ရေတာ့မွာ မဟုတ္လား။ သူတို႔ ေလွ်ာက္ေနခ်ိန္မွာေတာ့ က်ဳပ္သားဟာ လုပ္ငန္းေတြ တစ္ခုၿပီး တစ္ခုခ်ဲ႕ထြင္ေနမွာ။ သူတို႔ဟာ အေဖ့လို မန္ေနဂ်ာ ျဖစ္တဲ့အခ်ိန္မွာေတာ့ က်ဳပ္သားဟာ လိုက္လို႔ မမီွေအာင္ကို ဟိုးထိပ္ကို ေရာက္ေနေလာက္ၿပီကြယ့္။ ကဲ... ဒီေတာ့ ေမာင္ရင္ပဲ က်ဳပ္ကိုေျပာျပပါ။ ဘယ္သူဟာ အနာဂတ္အတြက္ အလုပ္လုပ္ေနၿပီးေတာ့ ဘယ္သူကေတာ့ အခ်ိန္ေတြကို ျဖဳန္းပစ္ေနသလဲ။

စမူဆာ ၅ ခုဖိုးကို စားပြဲေပၚတင္ေပးၿပီးေတာ့ မန္ေနဂ်ာဟာ တစ္ခြန္းမွ မေျပာႏိုင္ေတာ့ပဲ ထထြက္သြားခဲ့တယ္။

ကိုးကား - Logical Indian ၏ မွ်ေ၀မႈကို ဘာသာျပန္ေဖာ္ျပသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မွတ္စုၾကမ္း

#Unicode Version
အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင် ရှိတယ်။ စမူဆာလေးတွေဟာ အရသာ အလွန်ရှိတဲ့အတွက်ကြောင့် လူကြိုက်အလွန်များတယ်။

စမူဆာဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ ကုမ္ပဏီကြီး တစ်ခုရှိတယ်။ နေ့စဉ်လိုလိုပဲ နေ့လည်စာ စားချိန်ဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေဟာ အဲဒီ ဆိုင်မှာ လာစား လေ့ ရှိကြတယ်။

တစ်ရက် နေ့လည်စာစားချိန်မှာတော့ ကုမ္ပဏီ မန်နေဂျာ ကိုယ်တိုင် နာမည်ကြီး စမူဆာကို လာဆင်းဝယ်တယ်။

အရသာအလွန်ရှိတဲ့ အတွက်ကြောင့် စမူဆာကို ပါဆယ် ထုပ် မသွားတော့ပဲ ဆိုင်မှာ အားပါးတရ ထိုင်စားရင်း ဆိုင်ရှင်နဲ့ စကားစမြည် ပြောကြည့်မိတယ်။

မန်နေဂျာ က ဆိုင်ရှင် အဘိုးကြီး ကို စမေးလိုက်တယ်။

"ဦးလေး... ဒီလောက် လက်ရာကောင်းတဲ့ စမူဆာကို ကျွန်တော်ဖြင့် ဒီတစ်သက် တစ်ခါမှ မစားဖူးဘူးဗျာ။ ပြီးတော့ ဆိုင် အပြင်အဆင် နဲ့ အခင်းအကျင်းကလည်း တကယ့်ကို သပ်သပ်ရပ်ရပ်နဲ့ ရှိတယ်။ ဦးလေး အုပ်ချုပ်စီမံမှု တကယ်ကောင်းတယ်ဗျာ။ ဟဲဟဲ... ထင်တာပြောမယ်နော်။ အကယ်၍ ဦးလေးသာ စမူဆာ မရောင်းပဲ ကုမ္ပဏီမှာ အလုပ်ဝင်လုပ် ခဲ့ရင် ခုချိန်မှာ ကျွန်တော့် လိုမျိုး မန်နေဂျာတစ်ယောက်တော့ ကောင်းကောင်း ဖြစ်လောက်တယ်။ နှိမ်ပြောတာတော့မဟုတ်ဘူးနော်။ ဟဲဟဲ။"

အဘိုးကြီးက သူ့ကို ပြုံးပြတယ်။ ပြီးတာနဲ့ သူကြော်လက်စ စမူဆာတွေ ဆက်ကြော်ရင်း ပြန်ဖြေတယ်။

"မနှိမ်ပါဘူး ဆရာရယ်။ ဘာလို့ မနှိမ်ဘူးလို့ မြင်ရတာလဲ ဆိုတော့ ကျုပ် အလုပ်က ဆရာ့အလုပ်ထက်ကို အဆမတန် ကောင်း နေတာကိုးဗျ။ ဘာ့ကြောင့်လဲ သိလား။"

လှောင်တဲ့အသံနဲ့ မန်နေဂျာက ရယ်ရင်း "ပြောကြည့်ပါဦး ဦးလေးရယ်။ နားထောင်ပေးရတာပေါ့။"

အဘိုးကြီး - ဒီလိုလေဗျာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကထဲက ကျုပ်ဟာ ဒီနေရာလေးမှာပဲ စမူဆာရောင်းခဲ့တာ။ အဲဒီတုန်းကတော့ ဗန်းနဲ့ ကြော်ရောင်းတာ ပေါ့ဗျာ။ ဆိုင်တွေဘာတွေနဲ့ ခုလို ဘယ် ဖြစ်လာဦးမလဲ။ တစ်ချိန်ထဲမှာပဲ မောင်ရင်ဟာ အဲဒီ ကုမ္ပဏီမှာ အလုပ် စလုပ်တယ်။ ဒါ့ကြောင့် မောင်ရင့်ကို ကျုပ် ကောင်းကောင်းကြီး မှတ်မိနေတာ။ ကျုပ်ဟာ အဲဒီတုန်းက တစ်လကို ရူပီး တစ်ထောင် ဝင်ငွေ ရှိတယ်။ မောင်ရင်ကရော လစာ ဘယ်လောက်ရခဲ့လဲ။

မန်နေဂျာ - စလုပ်လုပ်ချင်းတုန်းက ရူပီး တစ်သောင်းပါ ဦးလေး။ ပြီးတော့ အောက်ခြေ ဝန်ထမ်းပါ။

အဘိုးကြီး - ဟုတ်ပြီ။ ခု ၁၀ နှစ်ဆိုတဲ့ ကာလကို ကျုပ်တို့တွေ ဖြတ်သန်းပြီးတဲ့နောက် ဘာတွေ အရာထင် ကျန်ခဲ့သလဲ။ ကျုပ်ဟာ စမူဆာ ဆိုင်တစ်ဆိုင်ပိုင်လာပြီ။ "စမူဆာ ဝါလား" ဆိုင် ဆိုတဲ့ နာမည်နဲ့လည်း လူသိများနေပြီ။ မောင်ရင်ကလည်း အောက်ခြေကနေ မန်နေဂျာ ဆိုတဲ့ အဆင့်ကို ရောက်လာပြီ။ ကဲ... အခုရော မောင်ရင် လစာ ဘယ်လောက် ရသလဲ။

မန်နေဂျာ - ရူပီး တစ်သိန်းဝန်းကျင်လောက်ရှိပါ့မယ် ဦးလေး။

အဘိုးကြီး - ကျုပ်ဟာလည်း တစ်လတစ်လေတော့ ရူပီး ၁ သိန်း ရခဲ့သလို တချို့လတွေမှာ ဆိုရင်တော့ တစ်သိန်း ကျော်ပါတယ်။ ဒီ အဆင့်အထိ ကျုပ်တို့ကြည့်မယ် ဆိုရင်တောင် မောင်ရင့် လုပ်အားနဲ့ ကျုပ်လုပ်အား အဆင့်ဟာ မကွာတော့ဘူး။ ဒါပေမယ့် ကျုပ်ဟာ မောင်ရင့်ထက် သာပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကလေးတွေရဲ့ အနာဂတ် ကြောင့် ဖြစ်တယ်။

မန်နေဂျာ - ဘယ်လို။ ဘယ်လို။ ရှင်းပြပါဦး ဦးလေးရဲ့။

အဘိုးကြီး- ခုပြောတာလေးကို သေချာနားထောင်ပါ မောင်ရင်။ ကျုပ်ဟာ ဘဝနာခဲ့ရတယ်။ ဗန်းနဲ့ရွက်ကြော်ခဲ့ရတဲ့ဘဝက စလို့ ခုလိုဖြစ်လာတဲ့အထိပင်ပန်းခဲ့ရတာတွေ အများကြီးပါ။ ဒါတွေကို ကျုပ် သားဟာ ပြန်ကျော်ဖြတ်ဖို့ မလိုတော့ဘူး။ သူ့အနေနဲ့ ပညာကို ကောင်းကောင်းသင်ပြီး သူ့ပညာနဲ့ တော်တဲ့ အလုပ်တစ်ခုကို လုပ်ချင်လုပ်။ မလုပ်ချင်ပဲ တစ်နေ့ကျရင် မိဘအလုပ်ဝင်လုပ်ချင်တယ်ဆိုရင် ကျုပ်က အသာအယာ လက်လွှဲလိုက်ရုံပဲ။ ကျုပ်ရှာသမျှ ငွေ ဟာ သူ့အတွက် ဖြစ်တယ်။ သူဘယ်တော့မှ သုညဆိုတဲ့ အဆင့်က စဖို့ မလိုတော့ဘူး။ မောင်ရင် ရှာသမျှငွေကရော ဘယ်သူ့အတွက်လဲ။ မောင်ရင့် သားသမီး အတွက်လား။ ကုမ္ပဏီပိုင်ရှင် သူဌေးရဲ့ သားသမီး အတွက်လား။ မောင်ရင့်ထိုင်ခုံကိုုရော သူတို့ကို လက်လွှဲခဲ့လို့ ရသလား။ ဘယ်ရလိမ့်မလဲကွယ်။ သူတို့လိုချင်ရင် သူတို့ အဖေ လွန်ခဲ့တဲ့ ဆယ်နှစ်က လျှောက်ခဲ့ရတဲ့ လမ်းအတိုင်း အစအဆုံး ထပ်လျှောက် ရတော့မှာ မဟုတ်လား။ သူတို့ လျှောက်နေချိန်မှာတော့ ကျုပ်သားဟာ လုပ်ငန်းတွေ တစ်ခုပြီး တစ်ခုချဲ့ထွင်နေမှာ။ သူတို့ဟာ အဖေ့လို မန်နေဂျာ ဖြစ်တဲ့အချိန်မှာတော့ ကျုပ်သားဟာ လိုက်လို့ မမှီအောင်ကို ဟိုးထိပ်ကို ရောက်နေလောက်ပြီကွယ့်။ ကဲ... ဒီတော့ မောင်ရင်ပဲ ကျုပ်ကိုပြောပြပါ။ ဘယ်သူဟာ အနာဂတ်အတွက် အလုပ်လုပ်နေပြီးတော့ ဘယ်သူကတော့ အချိန်တွေကို ဖြုန်းပစ်နေသလဲ။

စမူဆာ ၅ ခုဖိုးကို စားပွဲပေါ်တင်ပေးပြီးတော့ မန်နေဂျာဟာ တစ်ခွန်းမှ မပြောနိုင်တော့ပဲ ထထွက်သွားခဲ့တယ်။

ကိုးကား - Logical Indian ၏ မျှဝေမှုကို ဘာသာပြန်ဖော်ပြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:မှတ်စုကြမ်း
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top