Property Expo
×

                               အခ်င္းျဖစ္ျမင္ကြင္း။ ။ ဓါတ္ပုံ - ဟသၤာသတင္းေအဂ်င္စီ

မေကြးၿမိဳ႕နယ္ ခ်မ္းေျမ့သာယာရြာရွိ အိုးအိမ္ဦးစီးဌာန စီမံကိန္းအိမ္ရာဝင္းအတြင္း ေအာက္တိုဘာ ၅ ရက္ ညပိုင္းက လူသတ္မႈျဖစ္၍ တစ္ဦးေသဆုံးကာ တစ္ဦး (စိုးရိမ္ရ)ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း မေကြးၿမိဳ႕မရဲစခန္းက သိရသည္။

ျဖစ္စဥ္မွာ မေကြးၿမိဳ႕ ခ်မ္းေျမ့သာယာရြာရွိ အိုးအိမ္ဦးစီးဌာန စီမံကိန္းအိမ္ရာ တိုက္အမွတ္(၅)၌ ေအာက္တိုဘာ ၅ ရက္ ည ၇ နာရီခန္႕က ေအာ္သံမ်ားၾကားရ သျဖင့္ ေတဇေအာင္ႏွင့္ ဟန္လင္းတို႔ သြားေရာက္ၾကည့္႐ႈခဲ့ရာ ေဗႀကီး(ခ)ေဇာ္မ်ဳိး ေအာင္မွာ လမ္းေပၚတြင္ ဒဏ္ရာမ်ားျဖင့္ လဲက်ေသဆုံးေနၿပီး ၄င္းေဘး၌ အ႐ိုး ေျခာက္လက္မ၊ အသြား ၁၂ လက္မခန္႔ရွိ ထင္းခုတ္ဓားမတစ္ေခ်ာင္းကို ေတြ႕ရွိရ ေၾကာင္း သိရသည္။


အခ်င္းျဖစ္ေဆာက္လုပ္ဆဲအိမ္ယာ၀န္း။ ။ ဓါတ္ပုံ - ဟသၤာသတင္းေအဂ်င္စီ
ထုိ႔ေနာက္ မေကြးၿမိဳ႕နယ္ ခ်မ္းေျမ့သာယာရြာရွိ အိုးအိမ္ဦးစီးဌာန စီမံကိန္း အိမ္ရာဝင္းေနသူ ႏိုင္ဝင္းသည္ ေသြးမ်ားေပေနေသာ အ႐ိုးေလးလက္မခြဲ၊ အသြားခုနစ္ လက္မခန္႔ရွိေသာ ဓားေျမႇာင္တစ္ေခ်ာင္းကို ကိုင္ေဆာင္ေရာက္ရွိလာၿပီး ေတဇ ေအာင္ႏွင့္ သက္ခိုင္တို႔အား ေဗႀကီး(ခ)ေဇာ္မ်ိဳးေအာင္ႏွင့္ သားႀကီး(ခ)ဝင္းရီတို႔ အား ကန္ထ႐ိုက္လုပ္ငန္းမွ ေငြထုတ္မေပးသည့္ကိစၥႏွင့္ပတ္သက္၍ စကားမ်ား ရန္ျဖစ္ကာ မေက်နပ္၍ သတ္ခဲ့ေၾကာင္း ေျပာဆိုေနစဥ္ ဟန္လင္းေရာက္လာၿပီး အတူ ေနသားႀကီး(ခ)ဝင္းရီ (၅၁ႏွစ္) ဆိုက္တာဝန္ခံမွာလည္း တိုက္ႏွစ္ခုၾကား လမ္းေပၚ ၌ ဒဏ္ရာမ်ားျဖင့္ လဲက်ေနေၾကာင္း ေျပာျပသျဖင့္ သြားေရာက္ၾကည့္႐ႈရာ သားႀကီး(ခ)ဝင္းရီတြင္ ဓားဒဏ္ရာမ်ား(စိုးရိမ္ရ)ရရွိထားသည္ကို ထပ္မံေတြရွိခဲ့ ရေၾကာင္း သိရသည္။ ဓားခုတ္ခံရေသာ လူႏွစ္ဦးအနက္ တစ္ဦး ေသဆုံးသြားၿပီး တစ္ဦးမွာ တိုင္းေဒသႀကီး ျပည္သူ႔ေဆး႐ုံ၌ ေဆးကုမႈခံယူလ်က္ရွိေၾကာင္း မေကြးၿမိဳ႕မ ရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး စိန္ေအာင္၏ ေျပာျပခ်က္အရ သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓားျဖင့္ထိုးသူ ႏိုင္ဝင္းအား မေကြးၿမိဳ႕မရဲစခန္းက အမႈဖြင့္ ထားေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmaalinn

#Unicode Version
အချင်းဖြစ်မြင်ကွင်း။ ။ ဓါတ်ပုံ - ဟင်္သာသတင်းအေဂျင်စီ

မကွေးမြို့နယ် ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်းအိမ်ရာဝင်းအတွင်း အောက်တိုဘာ ၅ ရက် ညပိုင်းက လူသတ်မှုဖြစ်၍ တစ်ဦးသေဆုံးကာ တစ်ဦး (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း မကွေးမြို့မရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့ ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်းအိမ်ရာ တိုက်အမှတ်(၅)၌ အောက်တိုဘာ ၅ ရက် ည ၇ နာရီခန့်က အော်သံများကြားရ သဖြင့် တေဇအောင်နှင့် ဟန်လင်းတို့ သွားရောက်ကြည့်ရှုခဲ့ရာ ဗေကြီး(ခ)ဇော်မျိုး အောင်မှာ လမ်းပေါ်တွင် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေပြီး ၎င်းဘေး၌ အရိုး ခြောက်လက်မ၊ အသွား ၁၂ လက်မခန့်ရှိ ထင်းခုတ်ဓားမတစ်ချောင်းကို တွေ့ရှိရ ကြောင်း သိရသည်။

အချင်းဖြစ်ဆောက်လုပ်ဆဲအိမ်ယာဝန်း။ ။ ဓါတ်ပုံ - ဟင်္သာသတင်းအေဂျင်စီ

ထို့နောက် မကွေးမြို့နယ် ချမ်းမြေ့သာယာရွာရှိ အိုးအိမ်ဦးစီးဌာန စီမံကိန်း အိမ်ရာဝင်းနေသူ နိုင်ဝင်းသည် သွေးများပေနေသော အရိုးလေးလက်မခွဲ၊ အသွားခုနစ် လက်မခန့်ရှိသော ဓားမြှောင်တစ်ချောင်းကို ကိုင်ဆောင်ရောက်ရှိလာပြီး တေဇ အောင်နှင့် သက်ခိုင်တို့အား ဗေကြီး(ခ)ဇော်မျိုးအောင်နှင့် သားကြီး(ခ)ဝင်းရီတို့ အား ကန်ထရိုက်လုပ်ငန်းမှ ငွေထုတ်မပေးသည့်ကိစ္စနှင့်ပတ်သက်၍ စကားများ ရန်ဖြစ်ကာ မကျေနပ်၍ သတ်ခဲ့ကြောင်း ပြောဆိုနေစဉ် ဟန်လင်းရောက်လာပြီး အတူ နေသားကြီး(ခ)ဝင်းရီ (၅၁နှစ်) ဆိုက်တာဝန်ခံမှာလည်း တိုက်နှစ်ခုကြား လမ်းပေါ် ၌ ဒဏ်ရာများဖြင့် လဲကျနေကြောင်း ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ သားကြီး(ခ)ဝင်းရီတွင် ဓားဒဏ်ရာများ(စိုးရိမ်ရ)ရရှိထားသည်ကို ထပ်မံတွေရှိခဲ့ ရကြောင်း သိရသည်။ ဓားခုတ်ခံရသော လူနှစ်ဦးအနက် တစ်ဦး သေဆုံးသွားပြီး တစ်ဦးမှာ တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ ဆေးကုမှုခံယူလျက်ရှိကြောင်း မကွေးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိန်အောင်၏ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ နိုင်ဝင်းအား မကွေးမြို့မရဲစခန်းက အမှုဖွင့် ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmaalinn 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top