Property Expo
×




Credit : Duwun

#Uniocde Version

ဘရွတ်ကလင်းမြို့ရှိ မူလတန်းကျောင်းတစ်ခုမှာ ရှေးရိုးစဉ်လာ သင်ကြားရေးစနစ်ဖြစ်တဲ့ အိမ်စာပေးတဲ့စနစ်ကို စတင်ပယ်ဖျက်လိုက်ပါတယ်။

Maurice Sendak လို့ သိကြတဲ့ P.S. 118 သက်မွေးပညာကျောင်းမှာ "ဦးနှောက်လေ့ကျင့်ခန်း" အစီအစဉ်ကို စတင်ပြီး အိမ်စာစနစ်ကို ဖျက်လိုက်တာပါ။ ကျောင်းသားတွေရဲ့ အတန်းအပေါ်အခြေခံပြီး ပုံဆွဲခိုင်းခြင်း၊ ပုံကိုစာညွှန်းတပ်စေခြင်းနဲ့ ပုံနဲ့ပတ်သက်တဲ့ဇာတ်လမ်းကို ဖန်တီးစေပါတယ်။

မဖြစ်မနေ အပြီးသတ်ပြန်ပြရမယ့်အချိန်ကိုလည်း မသတ်မှတ်ထားပါဘူး။ လေ့ကျင့်ခန်းကို အတန်းထဲမှာသာ လုပ်ရမှာဖြစ်ကာ မိမိရဲ့လုပ်ဆောင်ချက်ကို အတန်းထဲကလူတွေသိအောင် ပြရုံပါပဲ။ ဒီလိုလေ့ကျင့်ခန်းတွေလုပ်ဖို့အချိန်မှာ သင်ကြားပေးမယ့် ဆရာတွေကိုလည်း ကျောင်းရဲ့တာဝန်ရှိသူတွေက သေသေချာချာ ထားရှိပေးထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top