Property Expo
×

 တ႐ုတ္စစ္တပ္သည္ ၎တို႔၏ ပထမဆံုး ျပည္တြင္းျဖစ္ ကိုယ္ေပ်ာက္ တိုက္ေလယာဉ္ J-20ကို ႏုိင္ငံတကာ ျမင္ကြင္းတြင္ ပထမဆံုးအႀကိမ္ ထုတ္ျပရန္ စီစဉ္ေနေၾကာင္း သိရသည္။

ယခုသီတင္းပတ္အတြင္း က်င္းပမည့္ တ႐ုတ္ ႏုိင္ငံတကာ ေလေၾကာင္းႏွင့္ အာကာသ နည္းပညာ ျပပြဲတြင္ အမ်ားေ႐ွ႕ေမွာက္၌ J-20 တစ္စီးကို ပထမဆံုးအႀကိမ္ ခင္းက်င္း ပြဲထုတ္လာမည္ဟု ယံုၾကည္ရသည္။

တ႐ုတ္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္၏ ေလတပ္ဖြဲ႕က ဦးေဆာင္သည့္ ျပပြဲတြင္ တ႐ုတ္ႏွင့္ ႐ုရွား ကာကြယ္ေရး နည္းပညာ ကုမၸဏီႀကီးမ်ားက ပါဝင္ျပသၾကမည္ ျဖစ္သည္။ အဆိုပါ  ျပပြဲသည္ ႏိုဝင္ဘာ ၁ ရက္မွ ၆ ရက္ထိ ၾကာျမင့္မည္ျဖစ္ၿပီး တ႐ုတ္ေတာင္ပိုင္း ဇူဟိုင္ၿမိဳ႕တြင္ က်င္းပသြားမည္ဟု သိရသည္။

တ႐ုတ္သည္ ေရဒါျဖင့္ ေထာက္လွမ္းမႈမ်ားကို အေကာင္းဆံုး ေရွာင္ကြင္းႏုိင္သည္ဟု ေႂကြးေၾကာ္ထားၿပီး ခရီးေဝး ပ်ံသန္းႏုိင္သည့္ J-20 ကိုယ္ေပ်ာက္ တိုက္ေလယာဉ္ကို လွ်ိဳ႕ဝွက္စြာ ထိန္းသိမ္းထားေသာ္လည္း ယခုျပပြဲတြင္ အမ်ားေ႐ွ႕ေမွာက္ ပထမဆံုးအႀကိမ္ သ႐ုပ္ျပသြားရန္ စီစဉ္ထားျခင္း ျဖစ္သည္။

J-20ကို ခ်န္ဒူး ေလယာဉ္စက္မႈလုပ္ငန္းအုပ္စုက ေလတပ္၏ ေငြေၾကးေထာက္ပံ့မႈျဖင့္ တည္ေဆာက္ခဲ့ၿပီး အေမရိကန္လုပ္ နာမည္ေက်ာ္ F-22ႏွင့္ F-35 ကိုယ္ေပ်ာက္ ေလယာဉ္မ်ားကို တိုက္႐ိုက္ ယွဉ္ၿပိဳင္ႏုိင္ရန္ ရည္ရြယ္ထားျခင္း ျဖစ္သည္။

တ႐ုတ္ေလတပ္သည္ J-20အျပင္ ယခင္က လူသိရွင္ၾကား ထုတ္မျပဖူးသည့္ စစ္လက္နက္ အခ်ိဳ႕ကိုပါ အဆိုပါ ျပပြဲတြင္ ခင္းက်င္းလာဖြယ္ ရွိေနသည္။ ေလတပ္၏ J-10B ဘက္စံုသံုး ဗံုးႀကဲတိုက္ေလယာဉ္ႏွင့္ ေနာက္ဆံုးေပၚ Shaanxi KJ-500 ကင္းေထာက္ေလယာဉ္ႀကီးမ်ားအျပင္ Xian H-6K မဟာဗ်ဴဟာ ဗံုးႀကဲေလယာဉ္ႀကီးမ်ားကိုပါ ေတြ႕ျမင္လာရဖြယ္ ရွိေနသည္။

ထို႔အျပင္ Changhe Z-10K တိုက္ခုိက္ေရး ရဟတ္ယာဉ္မ်ားကိုလည္း ႏိုင္ငံတကာ ျပပြဲတစ္ခုတြင္ ပထမဆံုးအႀကိမ္ မိတ္ဆက္ျပသလာမည္ဟု သိရွိရသည္။

ယခုႏွစ္ ျပပြဲတြင္ ေမာင္းသူမဲ့ႏွင့္ အေဝးထိန္း တိုက္ခုိက္ေရး စနစ္မ်ားသည္ အဓိက အက်ဆံုး ခင္းက်င္းျပသမည့္ က႑ျဖစ္လာႏုိင္ၿပီး ေထာက္လွမ္းေရးႏွင့္ တိုက္ခိုက္ေရးအတြက္ အသံုးခ်ႏုိင္သည့္ ေမာင္းသူမဲ့ ေလယာဉ္ အမ်ိဳးအစား အမ်ားအျပားကိုလည္း ေတြ႕ျမင္လာရႏိုင္ေၾကာင္း သတင္းမ်ားက ေဖာ္ျပသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 တရုတ်စစ်တပ်သည် ၎င်းတို့၏ ပထမဆုံး ပြည်တွင်းဖြစ် ကိုယ်ပျောက် တိုက်လေယာဉ် J-20ကို နိုင်ငံတကာ မြင်ကွင်းတွင် ပထမဆုံးအကြိမ် ထုတ်ပြရန် စီစဉ်နေကြောင်း သိရသည်။


ယခုသီတင်းပတ်အတွင်း ကျင်းပမည့် တရုတ် နိုင်ငံတကာ လေကြောင်းနှင့် အာကာသ နည်းပညာ ပြပွဲတွင် အများရှေ့မှောက်၌ J-20 တစ်စီးကို ပထမဆုံးအကြိမ် ခင်းကျင်း ပွဲထုတ်လာမည်ဟု ယုံကြည်ရသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်၏ လေတပ်ဖွဲ့က ဦးဆောင်သည့် ပြပွဲတွင် တရုတ်နှင့် ရုရှား ကာကွယ်ရေး နည်းပညာ ကုမ္ပဏီကြီးများက ပါဝင်ပြသကြမည် ဖြစ်သည်။ အဆိုပါ  ပြပွဲသည် နိုဝင်ဘာ ၁ ရက်မှ ၆ ရက်ထိ ကြာမြင့်မည်ဖြစ်ပြီး တရုတ်တောင်ပိုင်း ဇူဟိုင်မြို့တွင် ကျင်းပသွားမည်ဟု သိရသည်။

တရုတ်သည် ရေဒါဖြင့် ထောက်လှမ်းမှုများကို အကောင်းဆုံး ရှောင်ကွင်းနိုင်သည်ဟု ကြွေးကြော်ထားပြီး ခရီးဝေး ပျံသန်းနိုင်သည့် J-20 ကိုယ်ပျောက် တိုက်လေယာဉ်ကို လျှို့ဝှက်စွာ ထိန်းသိမ်းထားသော်လည်း ယခုပြပွဲတွင် အများရှေ့မှောက် ပထမဆုံးအကြိမ် သရုပ်ပြသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

J-20ကို ချန်ဒူး လေယာဉ်စက်မှုလုပ်ငန်းအုပ်စုက လေတပ်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ပြီး အမေရိကန်လုပ် နာမည်ကျော် F-22နှင့် F-35 ကိုယ်ပျောက် လေယာဉ်များကို တိုက်ရိုက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

တရုတ်လေတပ်သည် J-20အပြင် ယခင်က လူသိရှင်ကြား ထုတ်မပြဖူးသည့် စစ်လက်နက် အချို့ကိုပါ အဆိုပါ ပြပွဲတွင် ခင်းကျင်းလာဖွယ် ရှိနေသည်။ လေတပ်၏ J-10B ဘက်စုံသုံး ဗုံးကြဲတိုက်လေယာဉ်နှင့် နောက်ဆုံးပေါ် Shaanxi KJ-500 ကင်းထောက်လေယာဉ်ကြီးများအပြင် Xian H-6K မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများကိုပါ တွေ့မြင်လာရဖွယ် ရှိနေသည်။

ထို့အပြင် Changhe Z-10K တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုလည်း နိုင်ငံတကာ ပြပွဲတစ်ခုတွင် ပထမဆုံးအကြိမ် မိတ်ဆက်ပြသလာမည်ဟု သိရှိရသည်။

ယခုနှစ် ပြပွဲတွင် မောင်းသူမဲ့နှင့် အဝေးထိန်း တိုက်ခိုက်ရေး စနစ်များသည် အဓိက အကျဆုံး ခင်းကျင်းပြသမည့် ကဏ္ဍဖြစ်လာနိုင်ပြီး ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးအတွက် အသုံးချနိုင်သည့် မောင်းသူမဲ့ လေယာဉ် အမျိုးအစား အများအပြားကိုလည်း တွေ့မြင်လာရနိုင်ကြောင်း သတင်းများက ဖော်ပြသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top