Kantharyar Centre
×

 မိဘမ်ား ကြာရွင္းျပတ္စဲျခင္း (သုိ႔မဟုတ္) ေသဆံုးျခင္းေၾကာင့္ ကေလးမ်ား ဆယ္ေက်ာ္သက္အရြယ္သုိ႔မေရာက္မီ ေဆးလိပ္ႏွင့္ အရက္ စတင္ေသာက္သံုးႏုိင္သည့္ အႏၲရာယ္ပုိမ်ားေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။

မိဘမ်ားမရိွျခင္းႏွင့္ ကေလးမ်ား ေဆးလိပ္ႏွင့္အရက္ ေဆာလ်င္စြာ ေသာက္သံုးမႈၾကား ဆက္စပ္မႈသည္ မိဘအုပ္ထိန္းမႈေလ်ာ့က်သြားျခင္း၊ ကုိယ့္သေဘာျဖင့္ေဆး၀ါးသံုးစြဲျခင္း၊ က်န္းမာေရးႏွင့္မညီၫြတ္ေသာ အျပဳအမူမ်ား ျပဳလုပ္ျခင္းမွတစ္ဆင့္ ျဖစ္ေပၚလာႏုိင္သည္ဟု သုေတသီမ်ားကေျပာသည္။

ယခုေလ့လာမႈကို လန္ဒန္တကၠသုိလ္မွ သုေတသီမ်ား ျပဳလုပ္ ခဲ့ျခင္းျဖစ္ၿပီး အသက္ (၃)ႏွစ္၊ (၅)ႏွစ္၊ (၁၁)ႏွစ္အရြယ္ ကေလး ၁၉,၀၀၀ ခန္႔ ပါ၀င္သည္။

အသက္(၇)ႏွစ္မျပည့္မီ မိဘအုပ္ထိန္းမႈမရိွျခင္း ေတြ႕ႀကံဳရ ေသာ ကေလးမ်ားသည္ ေဆးလိပ္ေသာက္သံုးႏုိင္ေျခ ႏွစ္ဆပိုျမင့္ မားၿပီး အသက္(၁၁)ႏွစ္အရြယ္တြင္ အရက္စတင္ေသာက္သံုးႏုိင္ ေျခ ၄၆ ရာခိုင္ႏႈန္းပိုျမင့္မားေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရိွ ခဲ့သည္။

မိဘႏွစ္ပါးစလံုးရိွေသာ ကေလးငယ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါကဖခင္ (သုိ႔မဟုတ္) မိခင္မရိွေသာ ကေလးငယ္မ်ားသည္ ငယ္ငယ္ရြယ္ရြယ္ႏွင့္ ေဆးလိပ္ႏွင့္အရက္ ေသာက္သံုးႏုိင္ေျခပိုမ်ားသည္။

ကေလးဘ၀အေစာပုိင္းတြင္ မိဘႏွင့္ သားသမီးၾကား ဆက္ဆံ ေရးအေႏွာင့္အယွက္ျဖစ္ျခင္းေၾကာင့္ ကေလးငယ္၏ စိတ္ခံစားခ်က္ ဆုိင္ရာ၊ အျပဳအမူဆုိင္ရာႏွင့္ စိတ္ပုိင္းဆုိင္ရာ ဖြံ႕ၿဖိဳးတုိးတက္မႈကို ထိခိုက္ႏုိင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

ကေလးမ်ား ငယ္ငယ္ရြယ္ရြယ္ျဖင့္ ေဆးလိပ္ႏွင့္ အရက္ေသာက္သံုးမႈေၾကာင့္ ဘ၀ေႏွာင္းပုိင္းတြင္ အဆုတ္ကင္ဆာႏွင့္ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါ ျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္မားၿပီး နီကုိတင္းႏွင့္ အရက္စြဲႏုိင္သည့္ အႏၲရာယ္လည္း ျမင့္မားေၾကာင္း သုေတသီမ်ားကေျပာသည္။

ထုိ႔အျပင္မိန္းကေလးမ်ားထက္ ေယာက်္ားေလးမ်ားသည္ေဆးလိပ္ႏွင့္အရက္ကုိ ငယ္ရြယ္စဥ္ စမ္းေသာက္ၾကည့္ႏုိင္သည့္ အႏၲရာယ္ျမင့္မားသည္ဟု သုေတသီမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မိဘများ ကွာရှင်းပြတ်စဲခြင်း (သို့မဟုတ်) သေဆုံးခြင်းကြောင့် ကလေးများ ဆယ်ကျော်သက်အရွယ်သို့မရောက်မီ ဆေးလိပ်နှင့် အရက် စတင်သောက်သုံးနိုင်သည့် အန္တရာယ်ပိုများကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။

မိဘများမရှိခြင်းနှင့် ကလေးများ ဆေးလိပ်နှင့်အရက် ဆောလျင်စွာ သောက်သုံးမှုကြား ဆက်စပ်မှုသည် မိဘအုပ်ထိန်းမှုလျော့ကျသွားခြင်း၊ ကိုယ့်သဘောဖြင့်ဆေးဝါးသုံးစွဲခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သော အပြုအမူများ ပြုလုပ်ခြင်းမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည်ဟု သုတေသီများကပြောသည်။


ယခုလေ့လာမှုကို လန်ဒန်တက္ကသိုလ်မှ သုတေသီများ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အသက် (၃)နှစ်၊ (၅)နှစ်၊ (၁၁)နှစ်အရွယ် ကလေး ၁၉,၀၀၀ ခန့် ပါဝင်သည်။

အသက်(၇)နှစ်မပြည့်မီ မိဘအုပ်ထိန်းမှုမရှိခြင်း တွေ့ကြုံရ သော ကလေးများသည် ဆေးလိပ်သောက်သုံးနိုင်ခြေ နှစ်ဆပိုမြင့် မားပြီး အသက်(၁၁)နှစ်အရွယ်တွင် အရက်စတင်သောက်သုံးနိုင် ခြေ ၄၆ ရာခိုင်နှုန်းပိုမြင့်မားကြောင်း သုတေသီများ လေ့လာတွေ့ရှိ ခဲ့သည်။

မိဘနှစ်ပါးစလုံးရှိသော ကလေးငယ်များနှင့် နှိုင်းယှဉ်ပါကဖခင် (သို့မဟုတ်) မိခင်မရှိသော ကလေးငယ်များသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဆေးလိပ်နှင့်အရက် သောက်သုံးနိုင်ခြေပိုများသည်။

ကလေးဘဝအစောပိုင်းတွင် မိဘနှင့် သားသမီးကြား ဆက်ဆံ ရေးအနှောင့်အယှက်ဖြစ်ခြင်းကြောင့် ကလေးငယ်၏ စိတ်ခံစားချက် ဆိုင်ရာ၊ အပြုအမူဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ကြောင်း သုတေသီများကပြောသည်။

ကလေးများ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆေးလိပ်နှင့် အရက်သောက်သုံးမှုကြောင့် ဘဝနှောင်းပိုင်းတွင် အဆုတ်ကင်ဆာနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားပြီး နီကိုတင်းနှင့် အရက်စွဲနိုင်သည့် အန္တရာယ်လည်း မြင့်မားကြောင်း သုတေသီများကပြောသည်။

ထို့အပြင်မိန်းကလေးများထက် ယောကျ်ားလေးများသည်ဆေးလိပ်နှင့်အရက်ကို ငယ်ရွယ်စဉ် စမ်းသောက်ကြည့်နိုင်သည့် အန္တရာယ်မြင့်မားသည်ဟု သုတေသီများကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top