Property Expo
×

သက္တမ္းလြန္ေဆး၀ါးမ်ား ဖ်က္ဆီးေနစဥ္ (ဓာတ္ပုံ-ေက်ာ္ဇင္သန္း)
               
 သက္တမ္းလြန္ေဆး၀ါး မ်ား ဖ်က္ဆီးျခင္းကို အမ်ိဳးသား ေရးအျမင္ျဖင့္ လုပ္ေဆာင္ေနၿပီး ယင္းေဆး၀ါး ျဖန္႔ျဖဴးေရာင္းခ် ထုတ္လုပ္ေနမႈမ်ားကို ဥပေဒႏွင့္ အညီ အေရးယူေဆာင္ရြက္မည္ ဟု ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ ဦး ၿဖိဳးမင္းသိန္းက ေျပာၾကားသည္။

က်ပ္သိန္းေပါင္းရွစ္ေထာင္ ေက်ာ္တန္ဖိုးရွိ သက္တမ္းလြန္ ေဆး၀ါးမ်ားကို ရန္ကုန္တိုင္း ထိန္ ပင္သုသာန္၌ ေအာက္တိုဘာ ၂၃ ရက္က ဖ်က္ဆီးခဲ့သည့္ အခမ္း အနားတြင္ ၀န္ႀကီးခ်ဳပ္ကအထက္ ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္ သည္။

‘‘ေဆးေသာက္ေနေပမယ့္ ေဆး၀ါးရဲ႕ အက်ိဳးဆက္ကိုမရၾက တဲ့အခါမွာ ကုသမႈကပဲ တလြဲ ေလွ်ာက္လုပ္ေနတာလားဆိုၿပီး ယူဆတာေတြေပၚလာၿပီးဆရာ ၀န္ လူနာေဆး႐ံုေတြၾကားမွာ နား လည္မႈေတြလြဲတဲ့ ဆိုးက်ိဳးေတြကို လည္း လူထုစာမ်က္ႏွာေပၚေတြ မွာလည္း ေတြ႕ေနရပါတယ္။ ဒါ ေၾကာင့္ ဒီသက္တမ္းလြန္ေဆး၀ါး ေတြ ဖ်က္ဆီးႏိုင္ဖို႔ဆိုတဲ့အေျခအ ေနက အေရးႀကီးတဲ့ကိစၥရပ္ႀကီး ျဖစ္ပါတယ္။ ဒါကို အမ်ိဳးသားေရး အျမင္နဲ႔ ကြၽန္ေတာ္တို႔လုပ္ ေဆာင္ၾကပါတယ္’’ဟု ၀န္ႀကီး ခ်ဳပ္ကေျပာသည္။

အဆိုပါသက္တမ္းလြန္ ေဆး၀ါးမ်ားကို ရန္ကုန္တိုင္းအ တြင္းရွိ ေရႊျပည့္စံုေစ်း၊ ဗိုလ္ခ်ဳပ္ ေစ်းသစ္ႏွင့္ ေဆးကုမၸဏီမ်ားမွ အပ္ႏွံထားသည္မ်ားကို စုစည္း ထားျခင္းျဖစ္ၿပီး သက္တမ္းလြန္ ေဆး၀ါးမ်ားအျပင္ သက္တမ္းလြန္ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ားႏွင့္ သက္ တမ္းလြန္ ေဆးပစၥည္းမ်ားပါ၀င္ ေနသည္။

‘‘သက္တမ္းလြန္ေဆးေတြ ကိုရွိရင္ အပ္ၾကပါဆိုၿပီး ေျပာ ေတာ့ ေစ်းႏွစ္ခုကလာအပ္တာ က သိန္းတစ္ေထာင္ေက်ာ္ဖိုးရွိပါ တယ္။ က်န္တာက ကုမၸဏီေတြ က လာအပ္တာ။ ဒီလုိမ်ိဳးဖ်က္ဆီး တဲ့အခါမွာ သက္တမ္းလြန္တာ ေတြရွိသလို ဖ်က္ဆီးစရိတ္ႀကီး မားတယ္ဆိုၿပီး သိမ္းထားတဲ့ႏွစ္ ေက်ာ္ေဆးေတြလည္းပါတယ္။  ေဆးကေတာ့အစံုပဲ။ ပိုးသတ္ ေဆးလည္းပါတယ္။ ဒီသက္တမ္း လြန္ေဆးဆိုတာက အာနိသင္မရွိ ေတာ့ဘူး။ အဲဒါကို ျပန္သံုးမယ္ဆို ရင္ က်န္းမာေရးအတြက္ အႏၲ ရာယ္တစ္ခုျဖစ္သြားၿပီး ေဘး ထြက္ဆိုးက်ိဳးေတြလည္းရွိႏိုင္ တယ္။ ဒါက ရွိလည္းမရွိသင့္ဘူး။ ျဖစ္လည္းမျဖစ္သင့္ပါဘူး’’ဟု အ စားအေသာက္ႏွင့္ ေဆး၀ါးကြပ္ ကဲေရးဦးစီးဌာနခြဲ (ရန္ကုန္)မွ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ ေစာလွကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
သက်တမ်းလွန်ဆေးဝါးများ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ-ကျော်ဇင်သန်း)

 သက်တမ်းလွန်ဆေးဝါး များ ဖျက်ဆီးခြင်းကို အမျိုးသား ရေးအမြင်ဖြင့် လုပ်ဆောင်နေပြီး ယင်းဆေးဝါး ဖြန့်ဖြူးရောင်းချ ထုတ်လုပ်နေမှုများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းက ပြောကြားသည်။

ကျပ်သိန်းပေါင်းရှစ်ထောင် ကျော်တန်ဖိုးရှိ သက်တမ်းလွန် ဆေးဝါးများကို ရန်ကုန်တိုင်း ထိန် ပင်သုသာန်၌ အောက်တိုဘာ ၂၃ ရက်က ဖျက်ဆီးခဲ့သည့် အခမ်း အနားတွင် ဝန်ကြီးချုပ်ကအထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

‘‘ဆေးသောက်နေပေမယ့် ဆေးဝါးရဲ့ အကျိုးဆက်ကိုမရကြ တဲ့အခါမှာ ကုသမှုကပဲ တလွဲ လျှောက်လုပ်နေတာလားဆိုပြီး ယူဆတာတွေပေါ်လာပြီးဆရာ ဝန် လူနာဆေးရုံတွေကြားမှာ နား လည်မှုတွေလွဲတဲ့ ဆိုးကျိုးတွေကို လည်း လူထုစာမျက်နှာပေါ်တွေ မှာလည်း တွေ့နေရပါတယ်။ ဒါ ကြောင့် ဒီသက်တမ်းလွန်ဆေးဝါး တွေ ဖျက်ဆီးနိုင်ဖို့ဆိုတဲ့အခြေအ နေက အရေးကြီးတဲ့ကိစ္စရပ်ကြီး ဖြစ်ပါတယ်။ ဒါကို အမျိုးသားရေး အမြင်နဲ့ ကျွန်တော်တို့လုပ် ဆောင်ကြပါတယ်’’ဟု ဝန်ကြီး ချုပ်ကပြောသည်။

အဆိုပါသက်တမ်းလွန် ဆေးဝါးများကို ရန်ကုန်တိုင်းအ တွင်းရှိ ရွှေပြည့်စုံဈေး၊ ဗိုလ်ချုပ် ဈေးသစ်နှင့် ဆေးကုမ္ပဏီများမှ အပ်နှံထားသည်များကို စုစည်း ထားခြင်းဖြစ်ပြီး သက်တမ်းလွန် ဆေးဝါးများအပြင် သက်တမ်းလွန် နို့နှင့် နို့ထွက်ပစ္စည်းများနှင့် သက် တမ်းလွန် ဆေးပစ္စည်းများပါဝင် နေသည်။

‘‘သက်တမ်းလွန်ဆေးတွေ ကိုရှိရင် အပ်ကြပါဆိုပြီး ပြော တော့ ဈေးနှစ်ခုကလာအပ်တာ က သိန်းတစ်ထောင်ကျော်ဖိုးရှိပါ တယ်။ ကျန်တာက ကုမ္ပဏီတွေ က လာအပ်တာ။ ဒီလိုမျိုးဖျက်ဆီး တဲ့အခါမှာ သက်တမ်းလွန်တာ တွေရှိသလို ဖျက်ဆီးစရိတ်ကြီး မားတယ်ဆိုပြီး သိမ်းထားတဲ့နှစ် ကျော်ဆေးတွေလည်းပါတယ်။  ဆေးကတော့အစုံပဲ။ ပိုးသတ် ဆေးလည်းပါတယ်။ ဒီသက်တမ်း လွန်ဆေးဆိုတာက အာနိသင်မရှိ တော့ဘူး။ အဲဒါကို ပြန်သုံးမယ်ဆို ရင် ကျန်းမာရေးအတွက် အန္တ ရာယ်တစ်ခုဖြစ်သွားပြီး ဘေး ထွက်ဆိုးကျိုးတွေလည်းရှိနိုင် တယ်။ ဒါက ရှိလည်းမရှိသင့်ဘူး။ ဖြစ်လည်းမဖြစ်သင့်ပါဘူး’’ဟု အ စားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါက်တာခင် စောလှကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top