Kantharyar Centre
×

ဘယ္သူမဆုိ ခရီးထြက္ၿပီး အပန္းေျဖရတာကို ႏွစ္ၿခိဳက္ၾကတာခ်ည္းပါပဲ။ သူငယ္ခ်င္းေတြနဲ႔ျဖစ္ျဖစ္၊ ခ်စ္သူနဲ႔ျဖစ္ျဖစ္၊ ကိုယ့္မိသားစုနဲ႔ျဖစ္ျဖစ္ အပန္းေျဖခရီးထြက္ၿပီဆုိရင္ ေပ်ာ္စရာေကာင္းသေလာက္ ခရီးစဥ္အတြင္း စိတ္ႀကိဳက္စားေသာက္ထားသမွ်  ခရီးစဥ္ၿပီးလုိ႔ ျပန္လာၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕ေဘာ္ဒီ၀ိတ္က တက္လာတယ္ဆုိတာ သတိထားမိၿပီေပါ့။ ဒီေတာ့ ခရီးသြားေနတဲ့အခ်ိန္မွာလည္း ၀ိတ္မတက္ေအာင္ ဘယ္လိုနည္းေလးေတြ သံုးၿပီး ကိုယ့္ရဲ႕ ေဘာ္ဒီ၀ိတ္ကို ထိန္းသင့္သလဲဆုိတာ ေျပာျပေပးခ်င္ပါတယ္။

ရွဳခင္းေတြကို လွည့္ပတ္ၾကည့္ရင္း လမ္းေလ်ွာက္ပါ သို႔မဟုတ္ စက္ဘီးစီးပါ။

ကိုယ္သြားလည္ပတ္မယ့္ၿမိဳ႕မွာ ကားေတြနဲ႔ပဲ လည္မယ္လုိ႔ အစီအစဥ္ဆြဲထားရင္ေတာင္ ကားနဲ႔သြားလို႔မလြယ္ကူတဲ့ေနရာေတြကိုေတာ့ ေျခလ်င္ျဖစ္ျဖစ္၊ စက္ဘီးနဲ႔ျဖစ္ျဖစ္သြားလိုက္ေပါ့။ ကိုယ္သြားလာေနတဲ့ ေဒသေတြရဲ႕ အံ့ၾသစရာျမင္ကြင္းေတြ ပန္းရနံ.ေတြ၊ ေပ်ာ္ရႊင္မွဳေတြခံစားျပီး သြားရတဲ့နည္းလမ္းေလာက္ ေကာင္းတာမရွိပါဘူး။ လံုျခဳံစိတ္ခ်ရတဲ့ ေနရာေတြကို သြားဖို႔ ေသခ်ာသြားျပီဆိုရင္ေတာ့ ဟိုတယ္က တာ၀န္ရွိသူတစ္ဦးကို လမ္းေလ်ွက္ဖို.႔ ေျမပံုေတာင္းလိုက္ပါ။ ဒါဆို ေလ့က်င့္ခန္းလုပ္ၿပီးသား ျဖစ္ၿပီေပါ့။

ေလယဥ္ကြင္းမွာ ေလ့က်င့္ခန္းလုပ္ပါ။

ေလယဥ္စီးမယ္ဆိုရင္ ထိုင္ခံုမွာ ထိုင္ေနရတဲ့ အခ်ိန္ကတာ္ေတာ္မ်ားပါတယ္။ အဲဒီေတာ့ ေလယဥ္မထြက္ခင္ အခ်ိန္ေလးယူျပီး ေလ့က်င့္ခန္းလုပ္ႏိုင္ပါတယ္။ အဲ့ဒီေလ့က်င့္ခန္းကေတာ့ လမ္းေလွ်ာက္ျခင္းပါပဲ။ ေျခလွမ္းေတြကို ေရတြက္ၿပီး ေလွ်ာက္ေပးေနလိုက္ပါ။ ဒါဆို အေညာင္းအညာလည္းေျပ ေလ့က်င့္ခန္းလည္းလုပ္သလို ျဖစ္သြားတာမုိ႔ ခရီးသြားေနခ်ိန္အတြင္းေတာင္ သင့္ေဘာ္ဒီကို ဂရုစိုက္ရာ ေရာက္ပါတယ္။

ေလ့က်င့္ခန္းစင္တာေတြကို ေလ့လာစံုစမ္းပါ။

ဟိုတယ္မွာ အခန္းယူတဲ့အခါ ေလ့က်င့္ခန္းစင္တာပါတဲ့ ဟိုတယ္ျဖစ္မျဖစ္ စံုစမ္းလိုက္ပါ။ ကုိယ္တည္းတဲ့ ဟိုတယ္မွာ ေလ့က်င့္ခန္းစင္တာ ပါတယ္ဆုိရင္ေတာ့ မနက္အိပ္ရာက ထျပီးတာနဲ႔  ေနာက္ငါးမိနစ္အၾကာမွာ ေလ့က်င့္ခန္းစင္တာထဲကို  ၀င္ၿပီး ေလ့က်င့္ခန္းလုုပ္ႏိုင္ၿပီေပါ့။ မနက္ပုိင္းေလ့က်င့္ခန္း လုပ္တာဟာ တစ္ေန႔တာလံုးအတြက္ အစာစားခ်င္စိတ္ကို ျဖစ္ေပၚေစသလို တစ္ေန႔လံုး လန္းဆန္းတက္ၾကြေနမယ္လုိ႔လည္း အာမခံပါတယ္။

အျပင္မွာရွိတဲ့ စိတ္၀င္စားစရာေလ့က်င့္ခန္းေတြကို ရွာေဖြပါ။

ခရီးသြားတယ္ဆိုတာ ေပ်ာ္ရႊင္ရမယ္၊ စြန္.စားရမယ့္ အခ်ိန္ေလးပါ။ ဒိုဗင္ထိုးခ်င္မယ္္။ ေရေအာက္ငုပ္ခ်င္မယ္။ ျမစ္ထဲမွာေလွေလွာ္လို႔လည္းရတယ္။ ကမ္းေျခမွာေဘာ္လီေဘာကစားလို႔လည္းရတယ္။ ေရစကိတ္စီးလို႔လည္းရတယ္ ဘာလို႔လည္းဆိုေတာ့ ကိုယ္စိတ္ထဲျဖစ္ခ်င္တာလုပ္ရတာဟာ ကိုယ္အတြက္ေအာင္ျမင္မွဳပါပဲ။ ဒီလို ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္တာကလည္း ေလ့က်င့္ခန္းလုပ္တာနဲ႔ အတူတူပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

ဘယ်သူမဆို ခရီးထွက်ပြီး အပန်းဖြေရတာကို နှစ်ခြိုက်ကြတာချည်းပါပဲ။ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ ချစ်သူနဲ့ဖြစ်ဖြစ်၊ ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ် အပန်းဖြေခရီးထွက်ပြီဆိုရင် ပျော်စရာကောင်းသလောက် ခရီးစဉ်အတွင်း စိတ်ကြိုက်စားသောက်ထားသမျှ  ခရီးစဉ်ပြီးလို့ ပြန်လာပြီဆိုရင်တော့ ကိုယ့်ရဲ့ဘော်ဒီဝိတ်က တက်လာတယ်ဆိုတာ သတိထားမိပြီပေါ့။ ဒီတော့ ခရီးသွားနေတဲ့အချိန်မှာလည်း ဝိတ်မတက်အောင် ဘယ်လိုနည်းလေးတွေ သုံးပြီး ကိုယ့်ရဲ့ ဘော်ဒီဝိတ်ကို ထိန်းသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

ရှုခင်းတွေကို လှည့်ပတ်ကြည့်ရင်း လမ်းလျှောက်ပါ သို့မဟုတ် စက်ဘီးစီးပါ။

ကိုယ်သွားလည်ပတ်မယ့်မြို့မှာ ကားတွေနဲ့ပဲ လည်မယ်လို့ အစီအစဉ်ဆွဲထားရင်တောင် ကားနဲ့သွားလို့မလွယ်ကူတဲ့နေရာတွေကိုတော့ ခြေလျင်ဖြစ်ဖြစ်၊ စက်ဘီးနဲ့ဖြစ်ဖြစ်သွားလိုက်ပေါ့။ ကိုယ်သွားလာနေတဲ့ ဒေသတွေရဲ့ အံ့သြစရာမြင်ကွင်းတွေ ပန်းရနံ.တွေ၊ ပျော်ရွှင်မှုတွေခံစားပြီး သွားရတဲ့နည်းလမ်းလောက် ကောင်းတာမရှိပါဘူး။ လုံခြုံစိတ်ချရတဲ့ နေရာတွေကို သွားဖို့ သေချာသွားပြီဆိုရင်တော့ ဟိုတယ်က တာဝန်ရှိသူတစ်ဦးကို လမ်းလျေှက်ဖို.့ မြေပုံတောင်းလိုက်ပါ။ ဒါဆို လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်ပြီပေါ့။

လေယဉ်ကွင်းမှာ လေ့ကျင့်ခန်းလုပ်ပါ။

လေယဉ်စီးမယ်ဆိုရင် ထိုင်ခုံမှာ ထိုင်နေရတဲ့ အချိန်ကတာ်တော်များပါတယ်။ အဲဒီတော့ လေယဉ်မထွက်ခင် အချိန်လေးယူပြီး လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။ အဲ့ဒီလေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါပဲ။ ခြေလှမ်းတွေကို ရေတွက်ပြီး လျှောက်ပေးနေလိုက်ပါ။ ဒါဆို အညောင်းအညာလည်းပြေ လေ့ကျင့်ခန်းလည်းလုပ်သလို ဖြစ်သွားတာမို့ ခရီးသွားနေချိန်အတွင်းတောင် သင့်ဘော်ဒီကို ဂရုစိုက်ရာ ရောက်ပါတယ်။

လေ့ကျင့်ခန်းစင်တာတွေကို လေ့လာစုံစမ်းပါ။

ဟိုတယ်မှာ အခန်းယူတဲ့အခါ လေ့ကျင့်ခန်းစင်တာပါတဲ့ ဟိုတယ်ဖြစ်မဖြစ် စုံစမ်းလိုက်ပါ။ ကိုယ်တည်းတဲ့ ဟိုတယ်မှာ လေ့ကျင့်ခန်းစင်တာ ပါတယ်ဆိုရင်တော့ မနက်အိပ်ရာက ထပြီးတာနဲ့  နောက်ငါးမိနစ်အကြာမှာ လေ့ကျင့်ခန်းစင်တာထဲကို  ဝင်ပြီး လေ့ကျင့်ခန်းလုုပ်နိုင်ပြီပေါ့။ မနက်ပိုင်းလေ့ကျင့်ခန်း လုပ်တာဟာ တစ်နေ့တာလုံးအတွက် အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသလို တစ်နေ့လုံး လန်းဆန်းတက်ကြွနေမယ်လို့လည်း အာမခံပါတယ်။

အပြင်မှာရှိတဲ့ စိတ်ဝင်စားစရာလေ့ကျင့်ခန်းတွေကို ရှာဖွေပါ။

ခရီးသွားတယ်ဆိုတာ ပျော်ရွှင်ရမယ်၊ စွန်.စားရမယ့် အချိန်လေးပါ။ ဒိုဗင်ထိုးချင်မယ်။ ရေအောက်ငုပ်ချင်မယ်။ မြစ်ထဲမှာလှေလှော်လို့လည်းရတယ်။ ကမ်းခြေမှာဘော်လီဘောကစားလို့လည်းရတယ်။ ရေစကိတ်စီးလို့လည်းရတယ် ဘာလို့လည်းဆိုတော့ ကိုယ်စိတ်ထဲဖြစ်ချင်တာလုပ်ရတာဟာ ကိုယ်အတွက်အောင်မြင်မှုပါပဲ။ ဒီလို ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာကလည်း လေ့ကျင့်ခန်းလုပ်တာနဲ့ အတူတူပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top