Kantharyar Centre
×

ရန္ကုန္တိုင္း၊ ေရႊျပည္သာၿမိဳ႕နယ္မွာ အသက္ ၆၉ ႏွစ္အရြယ္ အဖုိးအုိက တစ္ၿခံတည္းေနထိုင္တဲ့ အသက္ရွစ္ႏွစ္အရြယ္ မိန္းကေလးငယ္ကုိ သားမယားျပဳက်င့္ခဲ့မႈ ေအာက္တုိဘာလ ၂ ရက္ေန႔က ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ေရႊျပည္သာၿမိဳ႕နယ္က အသက္ ၂၉ ႏွစ္အရြယ္ အမိ်ဳးသမီးက သမီးငယ္ဆီးသြားေနတဲ့အခ်ိန္ ေသြးစေတြပါတာေတြ႕လို႔ ေမးျမန္းခဲ့တာကေန သားမယားျပဳက်င့္တဲ့ ျဖစ္စဥ္ကုိ သိခဲ့ရတာလို႔ ဆိုပါတယ္။

သားမယားျပဳက်င့္ခံခဲ့ရတဲ့ မိန္းကေလးငယ္က စက္တင္ဘာလ ၂၈ ရက္ေန႔ မြန္းလြဲ ၃ ေလာက္က ေရတုံကင္မွာ ေရခ်ိဳးေနတုန္း တစ္ၿခံ၀င္းတည္းအတူေနတဲ့ သိန္းထြန္း(ခ) ဖထီး(၆၉ ႏွစ္)က မီးေသြးေတာင့္ေတြထားတဲ့ ဂိုေထာင္ထဲကုိေခၚယူၿပီး သားမယားအျဖစ္ ျပဳက်င့္ခဲ့ကာ မိဘေတြကုိ ျပန္မေျပာဖို႔ ေျပာၿပီး  မုန္႔ဖုိး၂၀၀ ေပးခဲ့တယ္လို႔ သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး မိခင္ျဖစ္သူက ရဲစခန္းကို တိုင္ၾကားခဲ့တာေၾကာင့္ ေလွာ္ကားနယ္ေျမရဲစခန္း က(ပ) ၅၇၀/၁၆ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ အရအမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အသက် ၆၉ နှစ်အရွယ် အဖိုးအိုက တစ်ခြံတည်းနေထိုင်တဲ့ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့မှု အောက်တိုဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီးက သမီးငယ်ဆီးသွားနေတဲ့အချိန် သွေးစတွေပါတာတွေ့လို့ မေးမြန်းခဲ့တာကနေ သားမယားပြုကျင့်တဲ့ ဖြစ်စဉ်ကို သိခဲ့ရတာလို့ ဆိုပါတယ်။

သားမယားပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်က စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၃ လောက်က ရေတုံကင်မှာ ရေချိုးနေတုန်း တစ်ခြံဝင်းတည်းအတူနေတဲ့ သိန်းထွန်း(ခ) ဖထီး(၆၉ နှစ်)က မီးသွေးတောင့်တွေထားတဲ့ ဂိုထောင်ထဲကိုခေါ်ယူပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကာ မိဘတွေကို ပြန်မပြောဖို့ ပြောပြီး  မုန့်ဖိုး၂၀၀ ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မိခင်ဖြစ်သူက ရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် လှော်ကားနယ်မြေရဲစခန်း က(ပ) ၅၇၀/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရအမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top