Property Expo
×

ခုေခတ္မွာ က်ြႏု္ပ္တုိ႕အတြက္ေတာ့ ဖုန္းဟာ မရွိမျဖစ္အရာတစ္ခု ျဖစ္လာပါတယ္။ ဖုန္းနဲ႕ က်ြႏု္ပ္တုိ႕ရဲ႕ အေရျပား၊ မ်က္ႏွာျပင္တုိ႔နဲ႔ ဆိုရင္ မေရတြက္ႏိုင္ေအာင္ကို အေခါက္ေခါက္အခါခါ ေန႔တုိင္း ထိေတြ႕ေနမိၾကပါတယ္။ ဒါေပမယ့္ မိတ္ကပ္ဘရက္ရွ္ေတြေလာက္ မိမိဖုန္းကို ဂရုစုိက္သန္႔စင္ေပးပါတယ္လုိ႔ ဘယ္ႏွစ္ေယာက္က ရုိးသားစြာ ေျပာႏုိင္သလဲ။ သက္ဆုိင္ရာ ကြ်မ္းက်င္ပညာရွင္ေတြရဲ႕ အၾကံဥာဏ္ေတြ နားေထာင္ရမယ့္ အခ်ိန္ေရာက္ပါျပီ။

ဖုန္းေတြမွာ ေတာ္ေတာ္ေလးကို ညစ္ပတ္တဲ့ အရာမ်ားစြာ ခုိေအာင္းေနတတ္ပါတယ္။ အခုပဲ သင့္ဖုန္းကို ၾကည့္လုိက္မယ္ဆုိရင္ ဆီေပတဲ့လက္ေဗြရာေတြ (အထူးသျဖင့္ home button ေပၚ) ေတြ႔ေကာင္းေတြ႔ႏုိင္ျပီး မိတ္ကပ္အမႈန္အမႊား သုိ႔မဟုတ္ ေနပူခံလိမ္းေဆးေတြနဲ႔ေတာင္ ေပေရေနတာ ေတြ႕ႏိုင္ပါေသးတယ္။ ဒါေပမယ့္ ဒါေတြကို အႏၱရာယ္ရိွတယ္လုိ႔ သင္ မျမင္ပါဘူး။ သင့္ဖုန္းဟာ တစ္ေန႔လုံး ထိေတြ႔ကိုင္တြယ္မႈ အမ်ားဆုံးမို႔ မျမင္ရတဲ့ ဘက္တီးယားပိုးမႊားေတြ ခုိေအာင္းတဲ့ အရာလည္း ျဖစ္ႏုိင္ပါတယ္။ ပါးတစ္ေလွ်ာက္ အဆက္မျပတ္ ဝက္ျခံရိွေနတတ္တယ္ဆုိရင္ သင့္ဖုန္းဟာ တရားခံျဖစ္ႏုိင္ပါတယ္။ ဖုန္းကို ပိုးသတ္ေဆးနဲ႔ အနည္းဆုံး တစ္ေန႔တၾကိမ္ သုတ္ေပးသင့္ပါတယ္။ ဖုန္းကို အျခားတစ္ေယာက္ေယာက္ကို ေပးကိုင္ပါက ျပန္အပ္တဲ့အခါ သုတ္ျဖစ္ေအာင္သုတ္ပါ။

ေနာက္ဆုံး လုပ္တတ္ၾကတာက ဓာတုပစၥည္းသုံးသန္႔စင္ေဆးနဲ႔ ေဆးေၾကာျခင္းပဲ ျဖစ္ပါတယ္။ အဲဒီအစား ဖုန္းကို ပါဝါပိတ္ျပီး မွန္ဘီလူးသုတ္ အဝတ္စလုိ ႏူးညံ့၊ ခ်ည္စခ်ည္နကင္းတဲ့ အဝတ္စနဲ႔ home button က အညစ္အေၾကးနဲ႔ ဆီေတြကို သုတ္ေပးဖုိ႔ အၾကံျပဳထားပါတယ္။ ေန႔တုိင္း ဖုန္းသုတ္တဲ့အက်င့္လုပ္ပါ။ အေရျပားနဲ႔ က်န္းမာေရးအတြက္ အက်ဳိးခံစားရပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar
Unicode Version

ခုခေတ်မှာ ကျွနု်ပ်တို့အတွက်တော့ ဖုန်းဟာ မရှိမဖြစ်အရာတစ်ခု ဖြစ်လာပါတယ်။ ဖုန်းနဲ့ ကျွနု်ပ်တို့ရဲ့ အရေပြား၊ မျက်နှာပြင်တို့နဲ့ ဆိုရင် မရေတွက်နိုင်အောင်ကို အခေါက်ခေါက်အခါခါ နေ့တိုင်း ထိတွေ့နေမိကြပါတယ်။ ဒါပေမယ့် မိတ်ကပ်ဘရက်ရှ်တွေလောက် မိမိဖုန်းကို ဂရုစိုက်သန့်စင်ပေးပါတယ်လို့ ဘယ်နှစ်ယောက်က ရိုးသားစွာ ပြောနိုင်သလဲ။ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ နားထောင်ရမယ့် အချိန်ရောက်ပါပြီ။

ဖုန်းတွေမှာ တော်တော်လေးကို ညစ်ပတ်တဲ့ အရာများစွာ ခိုအောင်းနေတတ်ပါတယ်။ အခုပဲ သင့်ဖုန်းကို ကြည့်လိုက်မယ်ဆိုရင် ဆီပေတဲ့လက်ဗွေရာတွေ (အထူးသဖြင့် home button ပေါ်) တွေ့ကောင်းတွေ့နိုင်ပြီး မိတ်ကပ်အမှုန်အမွှား သို့မဟုတ် နေပူခံလိမ်းဆေးတွေနဲ့တောင် ပေရေနေတာ တွေ့နိုင်ပါသေးတယ်။ ဒါပေမယ့် ဒါတွေကို အန္တရာယ်ရှိတယ်လို့ သင် မမြင်ပါဘူး။ သင့်ဖုန်းဟာ တစ်နေ့လုံး ထိတွေ့ကိုင်တွယ်မှု အများဆုံးမို့ မမြင်ရတဲ့ ဘက်တီးယားပိုးမွှားတွေ ခိုအောင်းတဲ့ အရာလည်း ဖြစ်နိုင်ပါတယ်။ ပါးတစ်လျှောက် အဆက်မပြတ် ဝက်ခြံရှိနေတတ်တယ်ဆိုရင် သင့်ဖုန်းဟာ တရားခံဖြစ်နိုင်ပါတယ်။ ဖုန်းကို ပိုးသတ်ဆေးနဲ့ အနည်းဆုံး တစ်နေ့တကြိမ် သုတ်ပေးသင့်ပါတယ်။ ဖုန်းကို အခြားတစ်ယောက်ယောက်ကို ပေးကိုင်ပါက ပြန်အပ်တဲ့အခါ သုတ်ဖြစ်အောင်သုတ်ပါ။

နောက်ဆုံး လုပ်တတ်ကြတာက ဓာတုပစ္စည်းသုံးသန့်စင်ဆေးနဲ့ ဆေးကြောခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအစား ဖုန်းကို ပါဝါပိတ်ပြီး မှန်ဘီလူးသုတ် အဝတ်စလို နူးညံ့၊ ချည်စချည်နကင်းတဲ့ အဝတ်စနဲ့ home button က အညစ်အကြေးနဲ့ ဆီတွေကို သုတ်ပေးဖို့ အကြံပြုထားပါတယ်။ နေ့တိုင်း ဖုန်းသုတ်တဲ့အကျင့်လုပ်ပါ။ အရေပြားနဲ့ ကျန်းမာရေးအတွက် အကျိုးခံစားရပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top