Kantharyar Centre
×

စိတ္ၾကြရူးသြတ္ေဆးျပားေတြ စံခ်ိန္တင္ဖမ္းေပးခဲ့တဲ့ ေမာင္ေတာၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ဝင္ခုနစ္ဦးကို ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔မွာ ရာထူးတိုးေပး လိုက္တယ္လို႔ သိရပါတယ္။

စိတ္ႀကြရူးသြပ္ေဆးျပားေတြ သန္းခ်ီဖမ္းဆီးမႈေတြမွာ ပူးေပါင္းပါဝင္ခဲ့တဲ့ ရပ္ကြက္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးနဲ႔ ဆယ္အိမ္မွဴးေတြနဲ႔အတူ ရဲအရာရွိအဆင့္တစ္ဦးနဲ႔ အျခားအဆင့္ေျခာက္ဦးကို  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ေန႔မွာ ရာထူးတိုးျမွင့္ေပးလိုက္တာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ ေမာင္ေတာနယ္စပ္ဟာ မူးယစ္ေဆးဝါးေရာင္းဝယ္မႈနဲ႔ပတ္သက္ၿပီး နာမည္ႀကီးေနတဲ့ေနရာတစ္ခုျဖစ္ၿပီး လက္ရွိအခ်ိန္မွာ မူးယစ္ေဆးဝါးနဲ႔ပတ္သက္လို႔ အရွိန္အဟုန္ျမွင့္ေဆာင္ရြက္ေနတယ္လို႔ ေမာင္ေတာခရို္င္ရဲမႈးႀကီး ဥာဏ္ဝင္းဦးက ေျပာပါတယ္။

စက္တင္ဘာ ၁၉ ရက္ ညေန ၅ နာရီခြဲက ေမာင္ေတာ-ဘူးသီးေတာင္ ကားလမ္းနံေဘးမွာရွိတဲ့ အုတ္၊ သဲ၊ ေက်ာက္ ေရာင္း၀ယ္ေရး လုပ္ငန္း၀င္းထဲကေန က်ပ္သိန္းေပါင္း တစ္သိန္းႏွစ္ေသာင္းေလးေထာင္ေက်ာ္ တန္ဖုိးရွိ စိတ္ၾကြေဆးျပား ၆၂၃၃၀၈၀ ကို ရဲတပ္ဖြဲ႔ ပူးေပါင္းအဖြဲ႕၀င္ေတြက ဖမ္းဆီးရမိခဲ့တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

စိတ်ကြွရူးသွတ်ဆေးပြားတွေ စံချိန်တင်ဖမ်းပေးခဲ့တဲ့ မောင်တောမြို့နယ် ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ရာထူးတိုးပေး လိုက်တယ်လို့ သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားတွေ သန်းချီဖမ်းဆီးမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးတွေနဲ့အတူ ရဲအရာရှိအဆင့်တစ်ဦးနဲ့ အခြားအဆင့်ခြောက်ဦးကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ရာထူးတိုးမြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ပတ်သက်ပြီး နာမည်ကြီးနေတဲ့နေရာတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ မောင်တောခရိုင်ရဲမှုးကြီး ဉာဏ်ဝင်းဦးက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက် ညနေ ၅ နာရီခွဲက မောင်တော-ဘူးသီးတောင် ကားလမ်းနံဘေးမှာရှိတဲ့ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေး လုပ်ငန်းဝင်းထဲကနေ ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆၂၃၃၀၈၀ ကို ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top