Property Expo
×

တစ္ရႈးေတြထဲမွာမွ ေစ်းေပါျပီး ေနရာတကာေတြ႕ႏိုင္တဲ့ တစ္ရႈးေတြကေတာ့ အေရာင္ေတြ၊ အနံ႕ေတြပါတဲ့ အသားၾကမ္းၾကမ္း တစ္ရႈးမ်ိဳးေတြပါ။ တျခားတစ္ရႈးအမ်ိဳးအစားေတြထက္ ေစ်းခ်ိဳတာေၾကာင့္ ဒီတစ္ရႈးသံုးျခင္းက ရရွိႏိုင္တဲ့ အႏၱရာယ္ေတြကို သတိမမူမိပဲ သံုးစြဲေနၾကပါတယ္။  တကယ္ေတာ့ ဒါကို အိမ္သာမွာသံုးဖုိ႕အတြက္ သီးသန္႕ထုတ္ထားခဲ့တာျဖစ္ပါတယ္။ ၁၉၈၇ မွာကတည္းက အေမရိကမွာ ဒီလို အနံ႔အသက္နဲ႔ အေရာင္ရိွ အိမ္သာစကၠဴ အသုံးျပဳျခင္း တားျမစ္ထားျပီးသားပါ။ ဒီကိစၥဟာ အေရာင္နဲ႔ အန႔ံအသက္ ထိေတြ႔မႈ ရျပီးေနာက္ပုိင္း တိရိ စာၦန္ေတြ ဓာတ္ခြဲစမ္းသပ္လုိ႔ အၾကိတ္ေတြ ေတြ႔ရိွခဲ့ရာကေန တားျမစ္ခဲ့ျခင္း ျဖစ္ပါတယ္။  အဲ့ဒီ အေရာင္နဲ႕ အနံ႕အသက္ပါ အိမ္သာသံုးစကၠဴ သံုးျခင္းကေန ျဖစ္ႏိုင္တဲ့ ေရာဂါေ၀ဒနာေတြကေတာ့

(၁) သားအိမ္ေခါင္းကင္ဆာ

၁၉၈၇ မွာ FDA နဲ႔ Department of Health and Human Services က တိရိ စာၦန္ေတြ ဓာတ္ခြဲ စမ္းသပ္မႈ ျပဳလုပ္ရာမွာ သားအိမ္ေခါင္း ကင္ဆာ အႏၱရာယ္ မ်ားျပားလာတာေၾကာင့္ အိမ္သာသုံး စကၠဴထုတ္လုပ္မႈမွာ အေရာင္ေတြ အသုံးျပဳျခင္း တားျမစ္ခဲ့ပါတယ္။ ဒီလုိ အိမ္သာစကၠဴ အမ်ဳိးအစားေတြက အမ်ဳိးသမီးေတြမွာလည္း အလားတူ အက်ဳိးသက္ေရာက္မႈ ရိွပါတယ္။

(၂) ဆီးလမ္းေၾကာင္း ကူးစက္ေရာဂါ

အေရာင္ျခယ္ထားတဲ့ အိမ္သာစကၠဴေတြက ဆီးအိမ္ကူးစက္ေရာဂါျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းထဲ တစ္ခုျဖစ္ပါတယ္။ ဒီေရာဂါ ကူးစက္မႈမ်ဳိးက သားအိမ္လမ္းေၾကာင္းမွာ အျဖစ္မ်ားတတ္ပါတယ္။

(၃) မႈိေရာဂါကူးစက္

လူနာေတြကို အနံ႔အသက္နဲ႔ အရာင္ပါတဲ့ အိမ္သာသံုး စကၠဴေတြ သုံးသလားဆုိတာ မီးယပ္ေရာဂါပါရဂူေတြ မၾကခဏေမးတဲ့ ေမးခြန္းျဖစ္ပါတယ္။ အေရာင္ဆုိး အိမ္သာစကၠဴဟာ မႈိကူးစက္ေရာဂါျဖစ္ေစတဲ့ အဓိက အေၾကာင္းရင္းျဖစ္ပါတယ္။

(၄) စအုိျပသနာ

အနံ႔အသက္နဲ႔ အေရာင္ပါတဲ့ အိမ္သာစကၠဴက စအိုေရာင္ျခင္းနဲ႔ ယားယံျခင္းျဖစ္ေစပါတယ္။ ဒီ့အျပင္ ဝမ္းသြားတဲ့အခါ ေသြးပါမပါ သိရဖုိ႔ မၾကာမၾကာ စစ္ေဆးသင့္တယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

တစ်ရှုးတွေထဲမှာမှ ဈေးပေါပြီး နေရာတကာတွေ့နိုင်တဲ့ တစ်ရှုးတွေကတော့ အရောင်တွေ၊ အနံ့တွေပါတဲ့ အသားကြမ်းကြမ်း တစ်ရှုးမျိုးတွေပါ။ တခြားတစ်ရှုးအမျိုးအစားတွေထက် ဈေးချိုတာကြောင့် ဒီတစ်ရှုးသုံးခြင်းက ရရှိနိုင်တဲ့ အန္တရာယ်တွေကို သတိမမူမိပဲ သုံးစွဲနေကြပါတယ်။  တကယ်တော့ ဒါကို အိမ်သာမှာသုံးဖို့အတွက် သီးသန့်ထုတ်ထားခဲ့တာဖြစ်ပါတယ်။ ၁၉၈၇ မှာကတည်းက အမေရိကမှာ ဒီလို အနံ့အသက်နဲ့ အရောင်ရှိ အိမ်သာစက္ကူ အသုံးပြုခြင်း တားမြစ်ထားပြီးသားပါ။ ဒီကိစ္စဟာ အရောင်နဲ့ အနံ့အသက် ထိတွေ့မှု ရပြီးနောက်ပိုင်း တိရိ စ္ဆာန်တွေ ဓာတ်ခွဲစမ်းသပ်လို့ အကြိတ်တွေ တွေ့ရှိခဲ့ရာကနေ တားမြစ်ခဲ့ခြင်း ဖြစ်ပါတယ်။  အဲ့ဒီ အရောင်နဲ့ အနံ့အသက်ပါ အိမ်သာသုံးစက္ကူ သုံးခြင်းကနေ ဖြစ်နိုင်တဲ့ ရောဂါဝေဒနာတွေကတော့

(၁) သားအိမ်ခေါင်းကင်ဆာ

၁၉၈၇ မှာ FDA နဲ့ Department of Health and Human Services က တိရိ စ္ဆာန်တွေ ဓာတ်ခွဲ စမ်းသပ်မှု ပြုလုပ်ရာမှာ သားအိမ်ခေါင်း ကင်ဆာ အန္တရာယ် များပြားလာတာကြောင့် အိမ်သာသုံး စက္ကူထုတ်လုပ်မှုမှာ အရောင်တွေ အသုံးပြုခြင်း တားမြစ်ခဲ့ပါတယ်။ ဒီလို အိမ်သာစက္ကူ အမျိုးအစားတွေက အမျိုးသမီးတွေမှာလည်း အလားတူ အကျိုးသက်ရောက်မှု ရှိပါတယ်။

(၂) ဆီးလမ်းကြောင်း ကူးစက်ရောဂါ

အရောင်ခြယ်ထားတဲ့ အိမ်သာစက္ကူတွေက ဆီးအိမ်ကူးစက်ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းထဲ တစ်ခုဖြစ်ပါတယ်။ ဒီရောဂါ ကူးစက်မှုမျိုးက သားအိမ်လမ်းကြောင်းမှာ အဖြစ်များတတ်ပါတယ်။

(၃) မှိုရောဂါကူးစက်

လူနာတွေကို အနံ့အသက်နဲ့ အရာင်ပါတဲ့ အိမ်သာသုံး စက္ကူတွေ သုံးသလားဆိုတာ မီးယပ်ရောဂါပါရဂူတွေ မကြခဏမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ အရောင်ဆိုး အိမ်သာစက္ကူဟာ မှိုကူးစက်ရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။

(၄) စအိုပြသနာ

အနံ့အသက်နဲ့ အရောင်ပါတဲ့ အိမ်သာစက္ကူက စအိုရောင်ခြင်းနဲ့ ယားယံခြင်းဖြစ်စေပါတယ်။ ဒီ့အပြင် ဝမ်းသွားတဲ့အခါ သွေးပါမပါ သိရဖို့ မကြာမကြာ စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top