Property Expo
×








#Unicode Version

တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုက ဆိုင်ကိုလူလာအောင် အရောင်းအဝယ်ကောင်းအောင်လို့ ပရိုမိုးရှင်းပေးတဲ့ အစီအစဉ်တစ် ခုကို ပြုလုပ်လိုက်ရာကနေ အမှားကြီးမှားသွားပြီး နောင်တရနေ တယ်လို့ ဆိုရမှာပါပဲ။

ကြိုက်သလောက်စား ပေးချင်သလောက်ပေး ဆိုတဲ့ အစီအစဉ်နဲ့ ဧည့်သည်တွေကို ဆွဲဆောင်ခဲ့ရာကနေ တစ်ပတ် ကို ယွမ်ငွေ တစ်သိန်းနီးပါး အရှုံးပေါ်နေလို့ အခက်တွေ့နေရတယ် လို့ သိရပါတယ်။

ဂူဝီယန်းမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ပိုင်ရှင် လီယူရှိုးဂျွမ်နဲ့ အခြားပိုင်ရှင် နှစ်ဦးတို့ တွဲဖက်ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ရဲ့ စိတ်ကူးက လူသိများအောင်မြင်လာခဲ့လိမ့်မယ်လို့ ထင်ထားကြပေမယ့် တကယ် တမ်း ဖွင့်လှစ်ပြီး ရောင်းချချိန်မှာဆိုရင်တော့ ထင်သလိုဖြစ်မလာပဲ အရှုံးကြီးရှုံးနေခဲ့တာပါပဲ။
လာရောက်စားသုံးကြတဲ့ ဧည့်သည်တွေကို မည်သည့်စားစရာအမျိုး အစားကိုမဆို မှာယူစားသောက်ပြီး ပေးချင်သလောက်ပေးအစီအ စဉ်ဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး အရှုံးပေါ် လာနိုင်မယ်ဆိုတဲ့ ရလာဒ်ကိုမတွေးခဲ့ကြပဲ သူတို့သုံးဦးသား စီစဉ်ခဲ့ ကြတာဖြစ်ကာ မျှော်မှန်းထားခဲ့ကြတာက စားသုံးတဲ့ဧည့်သည်တွေ အနေနဲ့ မှာယူတဲ့အစားအသောက်တွေအလိုက် သင့်တင့်တဲ့ဈေးနှုန်း ကျသင့်ငွေကို ပြန်လည်

 ပေးချေပေးကြလိမ့်မယ်လို့ ထင်ခဲ့ကြရာက အမှားယွင်းကြီး မှားယွင်းခဲ့ကြတာက စားသုံးသူတွေက မတန်တ ကြေး ပေးမှာယူစားသောက်ခဲ့ခြင်းတွေသာရှိခဲ့တာကြောင့် တစ်ပတ် တစ်ပတ်ကို သိန်းနဲ့ချီပြီး ငွေအရှုံးပေါ်နေတာပဲ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top