Property Expo
×



Credit:Trend Myanmar

#Unicode Version
ကျွန်မတို့တော်တော်များများက ခေါင်းကိုက်ခြင်းကို ကြုံဖူးကြပေမဲ့ တစ်ယောက်ချင်းစီမှာ အနည်းငယ်စီ ကွဲပြားကြပါတယ်။ တခါတလေ စိတ်အနှောင့်အယှက်ဖြစ်ရုံလောက်သာ ဖြစ်တတ်ပေမဲ့ တခါတလေ သေလုမြောပါးဖြစ်တဲ့အထိ ခေါင်းကိုက်တာမျိုး ကြုံရတတ်ပါတယ်။ ခေါင်းကိုက်ခြင်းက စိတ်ဖိစီးမှုကြောင့်၊ ရာသီဥတုကြောင့် ကိုက်တာအပြင် ဒီ့ထက်ပိုအန္တရာယ်များတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုလည်း ဖြစ်တတ်ပါတယ်။ သာမန်ခေါင်းကိုက်တာ မဟုတ်ဘဲ ရောဂါတစ်ခုရဲ့ ရှေ့ပြေးလက္ခဏာဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်းများ ရှိပါတယ်။

လည်ပင်းနဲ့ မျက်နှာတစ်ဝိုက်ပါနာကျင်ပြီး ခေါင်းကိုက်တယ်ဆိုရင် လည်ပင်းရဲ့ ဘေးတစ်လျှောက်မှာရှိတဲ့ သွေးလွှတ်ကြောတွေထဲမှာ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်တဲ့ သွေးခဲခြင်းကြောင့်ဖြစ်ပြီး လေဖြတ်နိုင်သည်အထိ ဖြစ်စေနိုင်ပါတယ်။
ခေါင်းကိုက်တဲ့အခါ ခေါင်းတစ်ခြမ်းထုံနေသလို ဖြစ်နေမယ်ဆိုရင်တော့ ဦးနှောက်ထဲကို သွေးစီးဆင်းမှုများတာ၊ ဦးနှောက်ထဲမှာသွေးယိုနေတာတွေကြောင့် ဖြစ်တတ်ပြီး လေဖြတ်ခြင်းဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။
မျက်လုံး၊လည်ပင်းအပေါ်ပိုင်းနဲ့ ခေါင်းအနောက်ပိုင်းတစ်ဝိုက်နာကျင်ပြီး ခေါင်းကိုက်မယ်ဆိုရင် ဦးခေါင်းအတွင်းမှာရှိတဲ့ သွေးလွှတ်ကြောများ ယောင်ရမ်းခြင်းကြောင့်ဖြစ်ပြီး အမြင်အာရုံချို့ယွင်း လာစေတတ်ပါတယ်။ မကုသဘဲကြာရှည်ထားခဲ့ရင် လေဖြတ်ခြင်းနဲ့ အမြင်အာရုံလုံးဝ ဆုံးရှုံးသွားခြင်းတို့ ဖြစ်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်။ ဦးနှောက်အမြှေးရောင်ရောဂါ ခံစားရသူ 95%က ဇက်ကြောတောင့်တင်းပြီး ခေါင်းမကြာခဏ ကိုက်ခဲခြင်းဝေဒနာ ခံစားရတဲ့အတွက် သတိထားသင့်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။
တစ်ညတာအမှားဖြစ်ပြီးနောက်ပိုင်းနဲ့ အခြားအန္တရာယ်ရှိတဲ့ အပြုအမူတစ်ခုခုပြုလုပ်ပြီးနောက်ပိုင်း ခေါင်းကိုက်ခြင်းကို ခံစားလာရမယ်ဆိုရင် HIV ရောဂါပိုးကို စစ်ဆေးသင့်ပါတယ်။ ခေါင်းကိုက်ခြင်းက HIV ရောဂါရဲ့ အဓိကလက္ခဏာတစ်ရပ်ဖြစ်လို့ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားကြရတဲ့ လက္ခဏာတစ်ရပ်ကတော့ ခေါင်းကိုက်တာဖြစ်ပေမဲ့ ပုံမှန်ထက်ထူးခြားနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top