Yone Min ကြန္ဒို အထူးအေရာင္းပြဲေတာ္
×


 မယ္လ္တာႏုိင္ငံ ၏ ႏုိင္ငံတကာေလဆိပ္တြင္ တနလၤာေန႔က ေလယာဥ္တစ္စီး ထြက္ခြာစဥ္ ပ်က္က်၍ လုိက္ပါသူ ငါးဦးစလံုး ေသဆံုးသြားေၾကာင္း အရာရိွမ်ားက ေျပာၾကားသည္။

Fairchild Metroliner အမ်ိဳးအစား ေလယာဥ္ငယ္သည္ ထြက္ ခြာၿပီး မၾကာမီ ပ်က္က်သြားခဲ့ ေၾကာင္း ႏုိင္ငံတကာေလဆိပ္၏ ေၾကညာခ်က္တြင္ ေဖာ္ျပထား သည္။


ေလယာဥ္ေပၚတြင္ လုိက္ပါ သြားေသာ အမႈထမ္း ငါးဦးလံုး ေသဆံုးေၾကာင္း မိမိတို႔ အတည္ ျပဳႏုိင္သည္ဟု ယင္းေၾကညာခ်က္ တြင္ ေဖာ္ျပထားၿပီး ေလဆိပ္ကုိ ေနာက္ထပ္ အသိမေပးမီအခ်ိန္ အထိ ပိတ္ထားမည္ျဖစ္ကာ စံု စမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေန ေၾကာင္း ေဖာ္ျပထားသည္။

ဥေရာပသမဂၢ၏ နယ္စပ္ ထိန္းခ်ဳပ္ေရးေအဂ်င္စီက ငွားရမ္းထားေသာ ယင္းေလယာဥ္သည္ လစ္ဗ်ားႏုိင္ငံသုိ႔ ထြက္ခြာရန္ ျပင္ ဆင္စဥ္ ပ်က္က်ခဲ့ျခင္းျဖစ္သည္ ဟု အေစာပုိင္းသတင္းမ်ားက ေဖာ္ျပသည္။

ဥေရာပသမဂၢ နယ္စပ္ထိန္း ခ်ဳပ္ေရးေအဂ်င္စီက ယင္းေလ ယာဥ္ေပၚတြင္ ၎တုိ႔ ဥေရာပ အရာရိွတစ္ဦးမွ် လိုက္ပါသြားျခင္း မရိွဟု အီးယူႏုိင္ငံျခားေရးမူ၀ါဒ ကုိယ္စားလွယ္ ဖရက္ဒရဇ္မုိဂါရီ ႏုိကေျပာသည္။

ယင္းေလယာဥ္သည္ အီးယူ ၏ လုပ္ငန္းမ်ားႏွင့္ လံုး၀ဆက္စပ္ မႈမရိွဟု ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version



 မယ်လ်တာနိုင်ငံ ၏ နိုင်ငံတကာလေဆိပ်တွင် တနင်္လာနေ့က လေယာဉ်တစ်စီး ထွက်ခွာစဉ် ပျက်ကျ၍ လိုက်ပါသူ ငါးဦးစလုံး သေဆုံးသွားကြောင်း အရာရှိများက ပြောကြားသည်။

Fairchild Metroliner အမျိုးအစား လေယာဉ်ငယ်သည် ထွက် ခွာပြီး မကြာမီ ပျက်ကျသွားခဲ့ ကြောင်း နိုင်ငံတကာလေဆိပ်၏ ကြေညာချက်တွင် ဖော်ပြထား သည်။


လေယာဉ်ပေါ်တွင် လိုက်ပါ သွားသော အမှုထမ်း ငါးဦးလုံး သေဆုံးကြောင်း မိမိတို့ အတည် ပြုနိုင်သည်ဟု ယင်းကြေညာချက် တွင် ဖော်ပြထားပြီး လေဆိပ်ကို နောက်ထပ် အသိမပေးမီအချိန် အထိ ပိတ်ထားမည်ဖြစ်ကာ စုံ စမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း ဖော်ပြထားသည်။

ဥရောပသမဂ္ဂ၏ နယ်စပ် ထိန်းချုပ်ရေးအေဂျင်စီက ငှားရမ်းထားသော ယင်းလေယာဉ်သည် လစ်ဗျားနိုင်ငံသို့ ထွက်ခွာရန် ပြင် ဆင်စဉ် ပျက်ကျခဲ့ခြင်းဖြစ်သည် ဟု အစောပိုင်းသတင်းများက ဖော်ပြသည်။

ဥရောပသမဂ္ဂ နယ်စပ်ထိန်း ချုပ်ရေးအေဂျင်စီက ယင်းလေ ယာဉ်ပေါ်တွင် ၎င်းတို့ ဥရောပ အရာရှိတစ်ဦးမျှ လိုက်ပါသွားခြင်း မရှိဟု အီးယူနိုင်ငံခြားရေးမူဝါဒ ကိုယ်စားလှယ် ဖရက်ဒရဇ်မိုဂါရီ နိုကပြောသည်။

ယင်းလေယာဉ်သည် အီးယူ ၏ လုပ်ငန်းများနှင့် လုံးဝဆက်စပ် မှုမရှိဟု ၎င်းကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top