Shwe Zabu River View Condominium Promotion
×




Credit : Duwun

#Unicode Version

သစ်ကြမ်းပိုးခေါက်ဟာ အစားအစာတွေမှာ မွှေးစေရုံတင်မကဘဲ အစာအိမ်ကျန်းမာရေးကိုလည်း အထောက်အကူပြုတယ်လို့ သြစတြေးလျသုတေသနတစ်ခုက ဖော်ပြပါတယ်။

သစ်ကြမ်းပိုးခေါက်နဲ့ သစ်ကြမ်းပိုးခေါက်မှုန့် ထည့်စားခြင်းဟာ အစာအိမ်ရဲ့ အပူချိန်ကို လျှော့ချပေးပြီး အစာခြေစနစ်ကိုလည်း အကူအညီပေးပါတယ်။ အစာအိမ်နံရံတွေ ထိခိုက်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်းနဲ့ စတဲ့အစာအိမ် ရောဂါတွေကို လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။

သြစတြေးလျ နိုင်ငံ RMIT တက္ကသိုလ်က သုတေသနသမားတွေရဲ့ လေ့လာချက်အရ သစ်ကြမ်းပိုးခေါက်ဟာ အစာအိမ်အပူချိန်ကို ၂ ဒီဂရီဆက်စီးယပ်စ်လောက် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အပူပိုင်းဒေသတွေမှာ သစ်ကြမ်းပိုးခေါက် အသုံးများရခြင်းဟာ အံ့သြစရာမရှိဘူးလို့ သုတေသနကို ပြုလုပ်ခဲ့သူ ဒေါက်တာ ကျန်ကျန်အိုက ပြောကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top