Property Expo
×

ပါကစၥတန္ႏုိင္ငံ အေနာက္ေတာင္ပုိင္း ကြတ္တာၿမဳိ႕႐ွိ ရဲတပ္ဖြဲ႕သင္တန္းေက်ာင္းကုိ လက္နက္ကုိင္ စစ္ေသြးၾကြမ်ားက ယမန္ေန႕ (ေအာက္တုိဘာ ၂၄ ရက္) ည ေႏွာင္းပုိင္းမွာ စီးနင္းတုိက္ခိုက္ခဲ့ရာ အနည္းဆုံး ၄၄ ဦးေသဆုံးၿပီး ရဲတပ္ဖြဲ႕ တပ္သားသစ္မ်ား အပါအဝင္ ၁၁၈ ဦး ဒဏ္ရာရခဲ့ေၾကာင္း အာဏာပုိင္ေတြက ေျပာပါတယ္။

ကြတ္တာၿမဳိ႕႐ွိ ဘာလုိခ်ီစတန္ ရဲသင္တန္းေက်ာင္းမွာ တပ္သားသစ္ ၂၀၀ မွ ၂၅၀ ခန္႕ သင္တန္းတက္ေရာက္ေနၿပီး စီးနင္းတုိက္ခိုက္ခံမႈအတြင္း စစ္ေသြးၾကြေတြက အခ်ဳိ႕ကုိ ဓားစာခံအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားခဲ့တယ္လို႕လည္း သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္။

စစ္ေသြးၾကြ အၾကမ္းဖက္သမား ငါးဦးမွ ေျခာက္ဦးက ယမန္ေန႕ည ေဒသစံေတာ္ခ်ိန္ ၁၁း၃၀ ခန္႕မွာ ရဲသင္တန္းေက်ာင္း တည္းခိုေဆာင္ကုိ စီးနင္းတုိက္ခုိက္ခဲ့တာ ျဖစ္ပါတယ္။ ရဲသင္တန္းေက်ာင္း တုိက္ခုိက္ခံရမႈဟာ ပါကစၥတန္မွာ ယခုႏွစ္အတြင္း တတိယေျမာက္ ေသဆုံးဒဏ္ရာရမႈ အမ်ားဆုံးလည္း ျဖစ္ခဲ့ပါတယ္။

အၾကမ္းဖက္သမားေတြဟာ ရဲသင္တန္းေက်ာင္း အေ႐ွ႕ဖက္ဂိတ္ေပါက္မွ ဝင္ေရာက္လာခဲ့ၿပီးေနာက္ တပ္သားသစ္မ်ား ေနထုိင္ရာ တည္းခိုေဆာင္ကုိ စီးနင္းတုိက္ခုိက္ခဲ့ေၾကာင္း သိရပါတယ္။ ရဲသင္တန္းေက်ာင္းကုိ အၾကမ္းဖက္တုိက္ခိုက္သူေတြဟာ ေကာင္းစြာေလ့က်င့္ထားသူေတြ ျဖစ္ႏုိင္ေၾကာင္းလည္း ပါကစၥတန္အာဏာပိုင္ေတြက ေျပာပါတယ္။

၎တို႕ဟာ ရဲသင္တန္းေက်ာင္းကုိ မတူညီတဲ့ ေနရာငါးခုမွ မီး႐ႈိ႕ခဲ့ေၾကာင္း လုံၿခဳံေရးအရာ႐ွိေတြက ဆုိပါတယ္။ ရဲသင္တန္းေက်ာင္း စီးနင္းတိုက္ခိုက္ခံရၿပီးေနာက္ အျပန္အလွန္ ပစ္ခတ္မႈမ်ား ယေန႕ (ေအာက္တုိဘာ ၂၅ ရက္) နံနက္အေစာပိုင္းအထိ ဆက္လက္ ျဖစ္ေနတယ္လို႕ သိရပါတယ္။

ရဲသင္တန္းေက်ာင္းကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ အၾကမ္းသမားႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚခဲ့ပါတယ္။

ရဲသင္တန္းေက်ာင္းတုိက္ခုိက္မႈကုိ လုပ္ေဆာင္ခဲ့တယ္လို႕ မည္သည့္ အဖြဲ႕အစည္းကမွ် ထုတ္ေဖာ္ေျပာၾကားျခင္း မ႐ွိေသးပါဘူး။ အၾကမ္းဖက္သမားမ်ား စီးနင္းတုိက္ခုိက္ခံရတဲ့ ရဲသင္တန္းေက်ာင္းဟာ ကြတ္တာၿမဳိ႕ျပင္ ၈ မုိင္အကြာမွာ တည္႐ွိေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကွတ်တာမြို့ရှိ ရဲတပ်ဖွဲ့သင်တန်းကျောင်းကို လက်နက်ကိုင် စစ်သွေးကြွများက ယမန်နေ့ (အောက်တိုဘာ ၂၄ ရက်) ည နှောင်းပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄၄ ဦးသေဆုံးပြီး ရဲတပ်ဖွဲ့ တပ်သားသစ်များ အပါအဝင် ၁၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကွတ်တာမြို့ရှိ ဘာလိုချီစတန် ရဲသင်တန်းကျောင်းမှာ တပ်သားသစ် ၂၀၀ မှ ၂၅၀ ခန့် သင်တန်းတက်ရောက်နေပြီး စီးနင်းတိုက်ခိုက်ခံမှုအတွင်း စစ်သွေးကြွတွေက အချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့လည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

စစ်သွေးကြွ အကြမ်းဖက်သမား ငါးဦးမှ ခြောက်ဦးက ယမန်နေ့ည ဒေသစံတော်ချိန် ၁၁း၃၀ ခန့်မှာ ရဲသင်တန်းကျောင်း တည်းခိုဆောင်ကို စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှုဟာ ပါကစ္စတန်မှာ ယခုနှစ်အတွင်း တတိယမြောက် သေဆုံးဒဏ်ရာရမှု အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

အကြမ်းဖက်သမားတွေဟာ ရဲသင်တန်းကျောင်း အရှေ့ဖက်ဂိတ်ပေါက်မှ ဝင်ရောက်လာခဲ့ပြီးနောက် တပ်သားသစ်များ နေထိုင်ရာ တည်းခိုဆောင်ကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ရဲသင်တန်းကျောင်းကို အကြမ်းဖက်တိုက်ခိုက်သူတွေဟာ ကောင်းစွာလေ့ကျင့်ထားသူတွေ ဖြစ်နိုင်ကြောင်းလည်း ပါကစ္စတန်အာဏာပိုင်တွေက ပြောပါတယ်။

၎င်းတို့ဟာ ရဲသင်တန်းကျောင်းကို မတူညီတဲ့ နေရာငါးခုမှ မီးရှို့ခဲ့ကြောင်း လုံခြုံရေးအရာရှိတွေက ဆိုပါတယ်။ ရဲသင်တန်းကျောင်း စီးနင်းတိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုများ ယနေ့ (အောက်တိုဘာ ၂၅ ရက်) နံနက်အစောပိုင်းအထိ ဆက်လက် ဖြစ်နေတယ်လို့ သိရပါတယ်။

ရဲသင်တန်းကျောင်းကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ အကြမ်းသမားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။

ရဲသင်တန်းကျောင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တယ်လို့ မည်သည့် အဖွဲ့အစည်းကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ အကြမ်းဖက်သမားများ စီးနင်းတိုက်ခိုက်ခံရတဲ့ ရဲသင်တန်းကျောင်းဟာ ကွတ်တာမြို့ပြင် ၈ မိုင်အကွာမှာ တည်ရှိကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top