Property Expo
×


ဘ၀ေႏွာင္းပိုင္းတြင္ ဦးေႏွာက္က်န္းမာေရး ေကာင္းမြန္လိုပါက ယခုကတည္းက ကိုယ္အေလးခ်ိန္ကို ေစာင့္ၾကည့္ထိန္းခ်ဳပ္ရန္ လို သည္။ ခႏၶာကိုယ္ၫႊန္းကိန္း (BMI) ျမင့္မားျခင္းေၾကာင့္ ဦးေႏွာက္ လုပ္ေဆာင္ခ်က္ႏွင့္ စဥ္းစားေတြးေတာမႈဆိုင္ရာ ဉာဏ္ရည္ကို ထိခိုက္ႏိုင္ေၾကာင္း ေလ့လာမႈတစ္ခုက ေဖာ္ျပသည္။


ခႏၶာကိုယ္ၫႊန္းကိန္းျမင့္မားေလ ခႏၶာကိုယ္ေရာင္ရမ္းမႈအႏၲ ရာယ္ျမင့္မားေလျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံ အာရီဇုိးနားတကၠ သိုလ္မွ သုေတသီမ်ားကေျပာသည္။

သုေတသီမ်ားက အသက္(၅၀)ႏွင့္ အထက္ အဂၤလန္လူထု၏ လူမႈေရး၊ စီးပြားေရးအေျခအေနမ်ား၊ က်န္းမာေရးႏွင့္ဆိုင္ေသာ ၁၂ ႏွစ္တာ အခ်က္အလက္မ်ား ေလ့လာျခင္းျဖစ္သည္။

အုပ္စုတစ္စုတြင္ လူ ၉,၀၀၀ ခန္႔ ပါ၀င္ၿပီးေနာက္ အုပ္စုတစ္စု တြင္ ၁၂,၅၀၀ ဦးပါ၀င္ေသာ ေလ့လာမႈႏွစ္ခု၌ သုေတသီမ်ားက အသက္ႀကီးလာေသာ လူမ်ားကို ေျခာက္ႏွစ္ၾကာ ေစာင့္ၾကည့္ေလ့ လာျခင္းျဖစ္သည္။

သုေတသီမ်ားက ေလ့လာမႈတြင္ ပါ၀င္သူမ်ား၏ BMI၊ ခႏၶာ ကိုယ္ေရာင္ရမ္းျခင္းႏွင့္ စဥ္းစားေတြးေတာမႈဆိုင္ရာ ဉာဏ္ရည္တို႔ ကို ေလ့လာၿပီး Brain, Behavior and Immunity ဂ်ာနယ္တြင္ ေဖာ္ျပထားသည္။

ခႏၶာကိုယ္ၫႊန္းကိန္း ျမင့္မားသူမ်ားသည္ ေလးႏွစ္အတြင္း ခႏၶာကိုယ္ေရာင္ရမ္းမႈဆိုင္ရာ အေျခအေနမ်ား သိသိသာသာ ေျပာင္း လဲလာေၾကာင္း သုေတသီမ်ားက ေလ့လာေတြ႕ရွိခဲ့သည္။

ခႏၶာကိုယ္တြင္း ေရာင္ရမ္းမႈမ်ား ေလးႏွစ္အၾကာတြင္ ျဖစ္ ေပၚလာၿပီးေနာက္ ေျခာက္ႏွစ္အတြင္း စဥ္းစားေတြးေတာမႈဆိုင္ရာ ဉာဏ္ထိခိုက္မႈ ျဖစ္ေပၚလာေၾကာင္း သုေတသီမ်ားကေျပာသည္။

ယင္းကဲ့သို႔ ေရာင္ရမ္းမႈမ်ား ႀကံဳေတြ႕ၿပီးေနာက္ ကုိယ္ခႏၶာ ၫႊန္းကိန္းျမင့္မားသူမ်ား စဥ္းစားေတြးေတာမႈဆိုင္ရာ ဉာဏ္ရည္ နည္းလာမည္ျဖစ္ေၾကာင္း ႀကိဳတင္ေဟာကိန္းထုတ္ႏိုင္ေသာ အ ေထာက္အထားကို သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 ဘဝနှောင်းပိုင်းတွင် ဦးနှောက်ကျန်းမာရေး ကောင်းမွန်လိုပါက ယခုကတည်းက ကိုယ်အလေးချိန်ကို စောင့်ကြည့်ထိန်းချုပ်ရန် လို သည်။ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) မြင့်မားခြင်းကြောင့် ဦးနှောက် လုပ်ဆောင်ချက်နှင့် စဉ်းစားတွေးတောမှုဆိုင်ရာ ဉာဏ်ရည်ကို ထိခိုက်နိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။


ခန္ဓာကိုယ်ညွှန်းကိန်းမြင့်မားလေ ခန္ဓာကိုယ်ရောင်ရမ်းမှုအန္တ ရာယ်မြင့်မားလေဖြစ်ကြောင်း အမေရိကန်နိုင်ငံ အာရီဇိုးနားတက္က သိုလ်မှ သုတေသီများကပြောသည်။

သုတေသီများက အသက်(၅၀)နှင့် အထက် အင်္ဂလန်လူထု၏ လူမှုရေး၊ စီးပွားရေးအခြေအနေများ၊ ကျန်းမာရေးနှင့်ဆိုင်သော ၁၂ နှစ်တာ အချက်အလက်များ လေ့လာခြင်းဖြစ်သည်။

အုပ်စုတစ်စုတွင် လူ ၉,၀၀၀ ခန့် ပါဝင်ပြီးနောက် အုပ်စုတစ်စု တွင် ၁၂,၅၀၀ ဦးပါဝင်သော လေ့လာမှုနှစ်ခု၌ သုတေသီများက အသက်ကြီးလာသော လူများကို ခြောက်နှစ်ကြာ စောင့်ကြည့်လေ့ လာခြင်းဖြစ်သည်။

သုတေသီများက လေ့လာမှုတွင် ပါဝင်သူများ၏ BMI၊ ခန္ဓာ ကိုယ်ရောင်ရမ်းခြင်းနှင့် စဉ်းစားတွေးတောမှုဆိုင်ရာ ဉာဏ်ရည်တို့ ကို လေ့လာပြီး Brain, Behavior and Immunity ဂျာနယ်တွင် ဖော်ပြထားသည်။

ခန္ဓာကိုယ်ညွှန်းကိန်း မြင့်မားသူများသည် လေးနှစ်အတွင်း ခန္ဓာကိုယ်ရောင်ရမ်းမှုဆိုင်ရာ အခြေအနေများ သိသိသာသာ ပြောင်း လဲလာကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။

ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုများ လေးနှစ်အကြာတွင် ဖြစ် ပေါ်လာပြီးနောက် ခြောက်နှစ်အတွင်း စဉ်းစားတွေးတောမှုဆိုင်ရာ ဉာဏ်ထိခိုက်မှု ဖြစ်ပေါ်လာကြောင်း သုတေသီများကပြောသည်။

ယင်းကဲ့သို့ ရောင်ရမ်းမှုများ ကြုံတွေ့ပြီးနောက် ကိုယ်ခန္ဓာ ညွှန်းကိန်းမြင့်မားသူများ စဉ်းစားတွေးတောမှုဆိုင်ရာ ဉာဏ်ရည် နည်းလာမည်ဖြစ်ကြောင်း ကြိုတင်ဟောကိန်းထုတ်နိုင်သော အ ထောက်အထားကို သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top