Property Expo
×

သင္ဟာ ေဆးလိပ္အျပင္းအထန္ေသာက္သူ ဒါမွမဟုတ္ ေဆးလိမ္မေသာက္ေပမယ့္ အျခားေဆးလိပ္ေသာက္သူေတြဆီက ေဆးလိပ္မီးခုိးေတြ ပုံမွန္ရွဴရုိက္ေနရသူျဖစ္ပါက သင့္ေနစဥ္ပုံမွန္အစားအစာထဲ ဒီအ့ံမခန္းဖြယ္အစားအစာေတြ ထည့္ေပးသင့္ပါတယ္။ ဒီအစားအစာေတြမွာ အဆုတ္ေပၚ အက်ဳိးျပဳတဲ့ သက္ေရာက္မႈရိွတယ္၊ အဆုတ္ကို ေသခ်ာေဆးေၾကာသန္႔စင္ေပးျပီး အလုပ္လုပ္ေဆာင္မႈ ပိုမိုေကာင္းမြန္ေစပါတယ္။

နီကုိတင္းနဲ႔ ေဆးေခ်း ခုခံတုိက္ဖ်က္ရာမွာ အထူးေကာင္းမြန္တဲ့ ထိပ္တန္းအစားအစာေတြထဲက တစ္ခုက ၾကက္သြန္နီ ျဖစ္ပါတယ္။ ၾကက္သြန္နီက အဆုတ္ကို အဆိပ္အေတာက္မ်ဳိးစုံ သန္႔စင္ေပးျပီး ပုံမွန္အေနအထားအတုိင္း သစ္လြင္ေစတဲ့ သဘာဝေဆးနည္းေကာင္းတစ္ခုျဖစ္ပါတယ္။

ေနာက္ထိပ္တန္း အစားအစာတစ္ခုက ေရွာက္ခါးသီးၾကီးပါပဲ။ ဒီအသီးက အဆုတ္ကင္ဆာခုခံတုိက္ဖ်က္ရာမွာ ထိေရာက္ျပီး ကင္ဆာဆဲလ္မ်ားပ်ံ႕ႏွံ႔မႈ ေလွ်ာ့နည္းေစပါတယ္။

တတိယထိပ္တန္းအစားအစာက ဂ်င္းပါ။  သူက အသက္ရွဴေလျပြန္ သန္႔ရွင္းေစျပီး ဘက္တီးရီးယားကာကြယ္ေဆးအျဖစ္ ေဆာင္ရြက္ေပးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

သင်ဟာ ဆေးလိပ်အပြင်းအထန်သောက်သူ ဒါမှမဟုတ် ဆေးလိမ်မသောက်ပေမယ့် အခြားဆေးလိပ်သောက်သူတွေဆီက ဆေးလိပ်မီးခိုးတွေ ပုံမှန်ရှူရိုက်နေရသူဖြစ်ပါက သင့်နေစဉ်ပုံမှန်အစားအစာထဲ ဒီအံ့မခန်းဖွယ်အစားအစာတွေ ထည့်ပေးသင့်ပါတယ်။ ဒီအစားအစာတွေမှာ အဆုတ်ပေါ် အကျိုးပြုတဲ့ သက်ရောက်မှုရှိတယ်၊ အဆုတ်ကို သေချာဆေးကြောသန့်စင်ပေးပြီး အလုပ်လုပ်ဆောင်မှု ပိုမိုကောင်းမွန်စေပါတယ်။

နီကိုတင်းနဲ့ ဆေးချေး ခုခံတိုက်ဖျက်ရာမှာ အထူးကောင်းမွန်တဲ့ ထိပ်တန်းအစားအစာတွေထဲက တစ်ခုက ကြက်သွန်နီ ဖြစ်ပါတယ်။ ကြက်သွန်နီက အဆုတ်ကို အဆိပ်အတောက်မျိုးစုံ သန့်စင်ပေးပြီး ပုံမှန်အနေအထားအတိုင်း သစ်လွင်စေတဲ့ သဘာဝဆေးနည်းကောင်းတစ်ခုဖြစ်ပါတယ်။

နောက်ထိပ်တန်း အစားအစာတစ်ခုက ရှောက်ခါးသီးကြီးပါပဲ။ ဒီအသီးက အဆုတ်ကင်ဆာခုခံတိုက်ဖျက်ရာမှာ ထိရောက်ပြီး ကင်ဆာဆဲလ်များပျံ့နှံ့မှု လျှော့နည်းစေပါတယ်။

တတိယထိပ်တန်းအစားအစာက ဂျင်းပါ။  သူက အသက်ရှူလေပြွန် သန့်ရှင်းစေပြီး ဘက်တီးရီးယားကာကွယ်ဆေးအဖြစ် ဆောင်ရွက်ပေးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top