Kantharyar Centre
×

လူတုိင္းကေတာ့ သာယာေပ်ာ္ရႊင္ရတဲ့ အခ်စ္ေရးကုိ လုိခ်င္ၾကမွာပါ။ ဒါေပမဲ့ မိမိဘဝရဲ႕ တကယ့္လက္တြဲေဖာ္အစစ္နဲ႔ မေတြ႔ခင္အခ်ိန္ ထိေတာ့ တကယ့္အခ်စ္စစ္လုိ႔ထင္ရတဲ့ မမွန္ကန္ေသးတဲ့ ခ်စ္ျခင္း ေတြေၾကာင့္လည္း အခ်စ္တစ္ခုၿပိဳကြဲသြားလုိ႔ အသည္းကြဲရတဲ့ ေဝဒ နာကုိ အလူးအလဲပဲ ခံစားေနၾကရတာပါပဲ။ ဒီလုိ အသည္းကြဲေဝဒ နာကုိ အျပင္းအထန္ခံစားရခ်ိန္မွာ မိမိခံစားရတဲ့စိတ္ကုိ မထိန္းခ်ဳပ္ ပဲ စိတ္လႊတ္ေပးလုိက္ရကေနလုပ္ခဲ့တဲ့ တခ်ိဳ႕လုပ္ရပ္ေတြေၾကာင့္ မိမိကုိယ္တုိင္ ေနာင္တခ်ိန္မွာ ေနာင္တရ အျပစ္တင္ရတဲ့ အရာေတြ ျဖစ္လာပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ အသည္းကြဲၿပီးရင္ လံုးဝမလုပ္သင့္ ေရွာင္ရွားသင့္တဲ့ အရာေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္….

၁။ ဆုိရွယ္မွာ မိမိအခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့ ခံစားမႈ၊ ေပါက္ကြဲ မႈ အျပင္းအထန္ေတြကုိ မေရးတင္ပါနဲ႔။ ဆုိရွယ္စာမ်က္ႏွာဆုိတာ လူ အမ်ားအျပားအသံုးျပဳေနၾကတာပါ။ တစ္ခုခု ခံစားရတုိင္း စာေရးၿပီး တင္ေနတဲ့ သင့္ကုိ သင့္အေပါင္းအသင္းမိတ္ေဆြ၊ လူေတြက အ ထင္ေသးသြားတတ္ၾကပါတယ္။ အခုလုိမ်ိဳး အသည္းကြဲ စာေတြ ေရးတင္ရင္ေတာင္ ပုိဆိုးသြားႏုိင္ပါ တယ္။ အကယ္၍ မိမိအေကာင့္ ထဲမွာ ျပတ္စဲသြားတဲ့ ခ်စ္သူေဟာင္း အျပင္၊ သူနဲ႔ဆက္စပ္တဲ့ ပတ္ ဝန္းက်င္ကလူေတြ ျမင္သြားရင္ပုိၿပီးေတာ့ေတာင္ အတင္းေျပာ စရာေတြ ျဖစ္သြားႏုိင္ပါေသးတယ္။ ေနာက္ၿပီး ျပတ္စဲသြားတဲ့သူ ကလည္း သင့္ကုိ ဟားတုိက္ရယ္ေမာေနျခင္းေတြေတာင္ ရွိေန ပါအုန္းမယ္။

၂။ အသည္းကြဲျခင္းေၾကာင့္ သင့္ကုိယ္သင္ မႏွိပ္စက္သင့္ပါဘူး။ အသည္းကြဲလုိ႔ ခံစားရတယ္ဆုိတာေတာ့ လူတုိင္းျဖစ္တတ္ပါတယ္။ ဒါေပမဲ့ စိတ္ပုိင္းဆုိင္ရာ ခံစားမႈျပင္းထန္သြားလုိ႔ ရုပ္ပုိင္းဆုိင္ရာက်န္း မာေရးေတြမွာ ထိခုိက္သြားမယ္ဆုိရင္ သင့္အတြက္ ရလာဒ္က အရႈံး ႀကီးပါပဲ။ က်န္းမာေရးကုိ ဂရုစုိက္ပါ။ မိမိကုိယ္ကုိ က်န္းမာေအာင္ ေနထုိင္ပါ။

၃။ အသည္းကြဲတယ္ဆုိတဲ့ ခံစားခ်က္ထဲမွာပဲ တစ္ဝဲလည္လည္ လုပ္မေနပါနဲ႔ေတာ့။ ကုိယ္နဲ႔တကယ္ကုိ လက္မတြဲႏုိင္လို႔ ျပတ္စဲ သြားတဲ့သူနဲ႔ အတိတ္ကအေၾကာင္းေတြကုိ ေတြးရင္း လြမ္းေဆြးရင္း အခ်ိန္ကုန္မခံပါနဲ႔။ အခ်စ္တစ္ခုကုိ ဆံုးရႈံးရလုိ႔ မေသႏုိင္ပါဘူး။ ဘဝတစ္ခုဆံုးရႈံးမွသာ ေသသြားႏုိင္တာပါ။ သင့္အတြက္ ေပ်ာ္စရာ မေကာင္းတဲ့ ခ်စ္ျခင္းေတြမွာ ငရဲက်မခံသင့္ေတာ့ပဲ တစ္ဦးတည္း လည္း ေပ်ာ္ရႊင္စရာေကာင္းတဲ့ အေျခအေနေတြကုိ ဖန္တီးျပင္ဆင္ ႏုိင္ပါေသးတယ္။

၄။ တစ္ခါလည္းက်ဖူးတဲ့ေနရာ၊ တစ္ခါဆံုးရႈံးခဲ့ဖူးတဲ့ အဲ့ဒီအခ်စ္ကုိပဲ ျပန္လုိခ်င္မေနပါနဲ႔ေတာ့။ ျပတ္သြားၿပီးလုိ႔ ျပန္ဆက္တဲ့အခါက်ရင္ လည္း ဆက္ထံုးကေလးကေတာ့ ရွိေနအုန္းမွာပါပဲ။ ၿပီးခဲ့တဲ့ ဇာတ္ လမ္းနဲ႔ အခ်စ္ေတြကုိ ၿပီးတဲ့အတုိင္းသာ ထားလုိက္ပါေတာ့။ ခါးသီး လြန္းတဲ့ အခ်စ္တစ္ခုေအာက္မွာ ဝ႗္ေၾကြးတစ္ခုလုိ သေဘားထား ၿပီး သည္းခံၿပီးေနစရာမလုိပါဘူး။ ဒါ့ေၾကာင့္မုိ႔လုိ႔ သြားၿပီးျပန္ဆက္စ ရာလည္း မလုိေတာ့ပါဘူး။ ခဏတာ ျပန္အဆင္ေျပသြားေပမယ့္ ျပန္ၿပီးနာက်င္ရမယ့္ေနရာေရာက္လု႔ိ ဒုတိယတစ္ႀကိမ္နာက်င္ရ မယ္ဆုိရင္ေတာ့ သင္ညံ့တာျဖစ္သြားပါၿပီ။ တစ္ခါတစ္ေလမွာ အ ခ်စ္က စြန္႔လႊတ္သင့္ရင္ စြန္႔လႊတ္ရတယ္။ စြန္႔ပစ္သင့္ရင္ စြန္႔ပစ္ ရတတ္တယ္။ ကုိယ္နဲ႔မေတာ္တဲ့အရာတစ္ခုကုိ အနာခံၿပီးပုိက္ထား မယ့္အစား ကုိယ္နဲ႔ အဆင္ေျပမယ့္ အရာတစ္ခုကုိ ေရြးခ်ယ္လုိ႔ ရႏုိင္ပါေသးတယ္။ အခ်စ္တစ္ခုက မစစ္မွန္ေသးရင္ နာက်င္ရ တတ္ပါတယ္။


Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version
လူတိုင်းကတော့ သာယာပျော်ရွှင်ရတဲ့ အချစ်ရေးကို လိုချင်ကြမှာပါ။ ဒါပေမဲ့ မိမိဘဝရဲ့ တကယ့်လက်တွဲဖော်အစစ်နဲ့ မတွေ့ခင်အချိန် ထိတော့ တကယ့်အချစ်စစ်လို့ထင်ရတဲ့ မမှန်ကန်သေးတဲ့ ချစ်ခြင်း တွေကြောင့်လည်း အချစ်တစ်ခုပြိုကွဲသွားလို့ အသည်းကွဲရတဲ့ ဝေဒ နာကို အလူးအလဲပဲ ခံစားနေကြရတာပါပဲ။ ဒီလို အသည်းကွဲဝေဒ နာကို အပြင်းအထန်ခံစားရချိန်မှာ မိမိခံစားရတဲ့စိတ်ကို မထိန်းချုပ် ပဲ စိတ်လွှတ်ပေးလိုက်ရကနေလုပ်ခဲ့တဲ့ တချို့လုပ်ရပ်တွေကြောင့် မိမိကိုယ်တိုင် နောင်တချိန်မှာ နောင်တရ အပြစ်တင်ရတဲ့ အရာတွေ ဖြစ်လာပါတယ်။ ဒါ့ကြောင့်မို့လို့ အသည်းကွဲပြီးရင် လုံးဝမလုပ်သင့် ရှောင်ရှားသင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်….



၁။ ဆိုရှယ်မှာ မိမိအချစ်ရေးနဲ့ ပတ်သက်ပြီးတော့ ခံစားမှု၊ ပေါက်ကွဲ မှု အပြင်းအထန်တွေကို မရေးတင်ပါနဲ့။ ဆိုရှယ်စာမျက်နှာဆိုတာ လူ အများအပြားအသုံးပြုနေကြတာပါ။ တစ်ခုခု ခံစားရတိုင်း စာရေးပြီး တင်နေတဲ့ သင့်ကို သင့်အပေါင်းအသင်းမိတ်ဆွေ၊ လူတွေက အ ထင်သေးသွားတတ်ကြပါတယ်။ အခုလိုမျိုး အသည်းကွဲ စာတွေ ရေးတင်ရင်တောင် ပိုဆိုးသွားနိုင်ပါ တယ်။ အကယ်၍ မိမိအကောင့် ထဲမှာ ပြတ်စဲသွားတဲ့ ချစ်သူဟောင်း အပြင်၊ သူနဲ့ဆက်စပ်တဲ့ ပတ် ဝန်းကျင်ကလူတွေ မြင်သွားရင်ပိုပြီးတော့တောင် အတင်းပြော စရာတွေ ဖြစ်သွားနိုင်ပါသေးတယ်။ နောက်ပြီး ပြတ်စဲသွားတဲ့သူ ကလည်း သင့်ကို ဟားတိုက်ရယ်မောနေခြင်းတွေတောင် ရှိနေ ပါအုန်းမယ်။


၂။ အသည်းကွဲခြင်းကြောင့် သင့်ကိုယ်သင် မနှိပ်စက်သင့်ပါဘူး။ အသည်းကွဲလို့ ခံစားရတယ်ဆိုတာတော့ လူတိုင်းဖြစ်တတ်ပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြင်းထန်သွားလို့ ရုပ်ပိုင်းဆိုင်ရာကျန်း မာရေးတွေမှာ ထိခိုက်သွားမယ်ဆိုရင် သင့်အတွက် ရလာဒ်က အရှုံး ကြီးပါပဲ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ မိမိကိုယ်ကို ကျန်းမာအောင် နေထိုင်ပါ။


၃။ အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်ထဲမှာပဲ တစ်ဝဲလည်လည် လုပ်မနေပါနဲ့တော့။ ကိုယ်နဲ့တကယ်ကို လက်မတွဲနိုင်လို့ ပြတ်စဲ သွားတဲ့သူနဲ့ အတိတ်ကအကြောင်းတွေကို တွေးရင်း လွမ်းဆွေးရင်း အချိန်ကုန်မခံပါနဲ့။ အချစ်တစ်ခုကို ဆုံးရှုံးရလို့ မသေနိုင်ပါဘူး။ ဘဝတစ်ခုဆုံးရှုံးမှသာ သေသွားနိုင်တာပါ။ သင့်အတွက် ပျော်စရာ မကောင်းတဲ့ ချစ်ခြင်းတွေမှာ ငရဲကျမခံသင့်တော့ပဲ တစ်ဦးတည်း လည်း ပျော်ရွှင်စရာကောင်းတဲ့ အခြေအနေတွေကို ဖန်တီးပြင်ဆင် နိုင်ပါသေးတယ်။


၄။ တစ်ခါလည်းကျဖူးတဲ့နေရာ၊ တစ်ခါဆုံးရှုံးခဲ့ဖူးတဲ့ အဲ့ဒီအချစ်ကိုပဲ ပြန်လိုချင်မနေပါနဲ့တော့။ ပြတ်သွားပြီးလို့ ပြန်ဆက်တဲ့အခါကျရင် လည်း ဆက်ထုံးကလေးကတော့ ရှိနေအုန်းမှာပါပဲ။ ပြီးခဲ့တဲ့ ဇာတ် လမ်းနဲ့ အချစ်တွေကို ပြီးတဲ့အတိုင်းသာ ထားလိုက်ပါတော့။ ခါးသီး လွန်းတဲ့ အချစ်တစ်ခုအောက်မှာ ဝဋ္ဋ်ကြွေးတစ်ခုလို သဘေားထား ပြီး သည်းခံပြီးနေစရာမလိုပါဘူး။ ဒါ့ကြောင့်မို့လို့ သွားပြီးပြန်ဆက်စ ရာလည်း မလိုတော့ပါဘူး။ ခဏတာ ပြန်အဆင်ပြေသွားပေမယ့် ပြန်ပြီးနာကျင်ရမယ့်နေရာရောက်လု့ိ ဒုတိယတစ်ကြိမ်နာကျင်ရ မယ်ဆိုရင်တော့ သင်ညံ့တာဖြစ်သွားပါပြီ။ တစ်ခါတစ်လေမှာ အ ချစ်က စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရတယ်။ စွန့်ပစ်သင့်ရင် စွန့်ပစ် ရတတ်တယ်။ ကိုယ်နဲ့မတော်တဲ့အရာတစ်ခုကို အနာခံပြီးပိုက်ထား မယ့်အစား ကိုယ်နဲ့ အဆင်ပြေမယ့် အရာတစ်ခုကို ရွေးချယ်လို့ ရနိုင်ပါသေးတယ်။ အချစ်တစ်ခုက မစစ်မှန်သေးရင် နာကျင်ရ တတ်ပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top