Property Expo
×

              အစိုးရကေတာ့ အခင္းျဖစ္ရာ ေဒသေတြဆီ ေနာက္ထပ္ စစ္ကူ အင္အားေတြ ေစလႊတ္

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း တိုက္ခိုက္မွုေတြ ၃ ရက္ ေျမာက္ ေအာက္တိုဘာ ၁၁ ရက္ အဂၤါ ေန႔က အထိ ဆက္လက္ ရွိေနခဲ့တာမွာ အစိုးရ စစ္သား ေလးဦး ထပ္မံ ေသဆုံး သြားရတယ္ ဆိုၿပီး စစ္တပ္က ထုတ္ျပန္ ပါတယ္။

ပစၥတို ေသနတ္ေတြ၊ ဓားတို ဓားရွည္ေတြ ကိုင္ေဆာင္ ထားၾကတဲ့ အေယာက္ ၃ဝဝ ဝန္းက်င္ ရွိတဲ့ လူအုပ္က တိုက္ခိုက္ လာတာ ျဖစ္တယ္ လို႔လည္း အစိုးရပိုင္ မီဒီယာေတြမွာ ေဖာ္ၿပ ေနပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြ ေန႔ အေစာပိုင္းက အစိုးရရဲ့ နယ္ျခားေစာင့္ စခန္းေတြ အတိုက္အခိုက္ ခံခဲ့ရၿပီး ေနာက္ဆက္ တြဲ တိုက္ခိုက္မွု ေတြ ဆက္လက္ ျဖစ္ေပၚ ေနတာပါ။

ဒီတိုက္ခိုက္မွုနဲ႔ ပတ္သက္ၿပီး ရိုဟင္ဂ်ာ မြတ္ဆလင္မ္ ေတြရဲ့ လက္ခ်က္ ဆိုၿပီး ျပစ္တင္မွု ေတြ ျပဳလုပ္ ေနၿပီး အစိုးရ လုံျခဳံေရး တပ္ဖြဲ႕ေတြက ပတ္ဝန္းက်င္ မြတ္ဆလင္ရြာေတြကို ပိတ္ဆို႔ ရွာေဖြ တာေတြ ျပဳလုပ္ ေနပါတယ္။

တနလၤာေန႔ တုန္းက ျဖစ္ရပ္မွာ ရိုဟင္ဂ်ာ မြတ္ဆလင္မ္ ရြာသား အနည္းဆုံး ၄ ဦး ေသဆုံး ခဲ့ပါတယ္။

အခုလို လုံျခဳံေရး တပ္ဖြဲ႕ဝင္ေတြ၊ အရပ္သားေတြ အေသအေပ်ာက္ ဆက္လက္ ျဖစ္ေနတဲ့ အေပၚ အင္မတန္ စိုးရိမ္ မိတယ္ လို႔ ကုလသမဂၢရဲ့ ျမန္မာ နိုင္ငံ ဆိုင္ရာ အထူး ကိုယ္စားလွယ္ ဗီေဂ် နမ္ဘီးယား က ေျပာဆို လိုက္ပါတယ္။

ကုလသမဂၢနဲ႔ ဥေရာပ သမဂၢ အီးယူတို႔က အေျခအေနကို ထိန္းထိန္းသိမ္းသိမ္း ကိုင္တြယ္ဖို႔ ျမန္မာ အာဏာပိုင္ေတြကို တိုက္တြန္း ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
 အစိုးရကတော့ အခင်းဖြစ်ရာ ဒေသတွေဆီ နောက်ထပ် စစ်ကူ အင်အားတွေ စေလွှတ်
ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုတွေ ၃ ရက် မြောက် အောက်တိုဘာ ၁၁ ရက် အင်္ဂါ နေ့က အထိ ဆက်လက် ရှိနေခဲ့တာမှာ အစိုးရ စစ်သား လေးဦး ထပ်မံ သေဆုံး သွားရတယ် ဆိုပြီး စစ်တပ်က ထုတ်ပြန် ပါတယ်။

ပစ္စတို သေနတ်တွေ၊ ဓားတို ဓားရှည်တွေ ကိုင်ဆောင် ထားကြတဲ့ အယောက် ၃ဝဝ ဝန်းကျင် ရှိတဲ့ လူအုပ်က တိုက်ခိုက် လာတာ ဖြစ်တယ် လို့လည်း အစိုးရပိုင် မီဒီယာတွေမှာ ဖော်ပြ နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ အစောပိုင်းက အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေ အတိုက်အခိုက် ခံခဲ့ရပြီး နောက်ဆက် တွဲ တိုက်ခိုက်မှု တွေ ဆက်လက် ဖြစ်ပေါ် နေတာပါ။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ မွတ်ဆလင်မ် တွေရဲ့ လက်ချက် ဆိုပြီး ပြစ်တင်မှု တွေ ပြုလုပ် နေပြီး အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပတ်ဝန်းကျင် မွတ်ဆလင်ရွာတွေကို ပိတ်ဆို့ ရှာဖွေ တာတွေ ပြုလုပ် နေပါတယ်။

တနင်္လာနေ့ တုန်းက ဖြစ်ရပ်မှာ ရိုဟင်ဂျာ မွတ်ဆလင်မ် ရွာသား အနည်းဆုံး ၄ ဦး သေဆုံး ခဲ့ပါတယ်။

အခုလို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အရပ်သားတွေ အသေအပျောက် ဆက်လက် ဖြစ်နေတဲ့ အပေါ် အင်မတန် စိုးရိမ် မိတယ် လို့ ကုလသမဂ္ဂရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေ နမ်ဘီးယား က ပြောဆို လိုက်ပါတယ်။

ကုလသမဂ္ဂနဲ့ ဥရောပ သမဂ္ဂ အီးယူတို့က အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်း နေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top