Property Expo
×

ဆံပင္ေပ်ာ့ေဆးကို အားလုံးသိၾကမွာပါ။ ပုံမွန္အားျဖင့္ ေပ်ာ့ေဆးကို ဆံသားၾကမ္းတမ္းမႈမွ ကင္းေဝးေအာင္ အသုံးျပဳပါတယ္။ ဒါေပမယ့္ ေပ်ာ့ေဆးကို ဆံေကသာအတြက္ အသုံးျပဳတာအျပင္ အျခားအသုံးျပဳလို႔ ရတဲ့ ေနရာေတြ အမ်ားၾကီး ရွိပါတယ္။ ဘယ္လို ေနရာေတြမွာ အသုံးျပဳလို႔ ရလဲဆုိတာ ဆက္လက္ၾကည့္လိုက္ရေအာင္ေနာ္။

ေစ်းၾကီးတဲ့ မိတ္ကပ္ဖ်က္ေဆးေတြ မဝယ္ႏုိင္ရင္ စိတ္မညစ္ပါနဲ႔။ ေပ်ာ့ေဆးက နာမည္ၾကီး မိတ္ကပ္ဖ်က္ေဆးေတြထက္ ပိုျပီး အသုံးဝင္ျပီး မိတ္ကပ္ေတြကို အလြယ္တကူ ဖ်က္ရလြယ္ပါတယ္။

လက္စြပ္ေတြ ခြ်တ္ရခက္ေနရင္ ေပ်ာ့ေဆးကို အသုံးျပဳျပီး ခြ်တ္ၾကည့္ပါ။ အလြယ္တကူ ခြ်တ္လို႔ ရတာကို ခ်က္ခ်င္း ျမင္ေတြ႕ရမွာပါ။

ဂ်ာကင္အက်ီၤေတြ ဇစ္ဆြဲရခက္ေနရင္ ေပ်ာ့ေဆးအနည္းငယ္ယူျပီး ဇစ္ေနရာမွာ သုတ္လိုက္ပါ။ ဇစ္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြ ေျပလည္သြားတာကို ေတြ႕ရမွာပါ။

ေျခသလုံးေမႊးေတြ ရိတ္ျပီးတဲ့အခါ ယားယံျပီး ၾကမ္းတမ္းေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္ရင္ ေပ်ာ့ေဆးကို လိုးရွင္းလိမ္းသလို လိမ္းေပးပါ။ နာက်င္ယားယံမႈေတြကို သက္သာေစမွာပါ။

အိမ္သုံးကိရိယာေတြ( ပလာယာ၊ ဝက္အူလွည့္၊ မူလီ) ကို သံေခ်းမတက္ေစခ်င္ရင္ ေပ်ာ့ေဆးနဲ႔ ပြတ္တိုက္ေပးပါ။

လက္နဲ႔ပဲ ေလွ်ာ္လို႔ရတဲ့ အဝတ္အစား (အတြင္းခံ ၊ အျခားေသာ ႏူးညံ့တဲ့ ပိတ္စ) ေတြကို ေလွ်ာ္တဲ့အခါ ေပ်ာ့ေဆးနဲ႔ အရင္စိမ္ျပီး ေလွ်ာ္ျခင္းက အဝတ္အစားကို ပုိျပီး ႏူးညံ့ေစပါတယ္။ အျဖဴေရာင္ အဝတ္အစားဆုိရင္ ေရေႏြးနဲ႔ စိမ္ေပးျပီး အေရာင္ရွိအဝတ္အစားကို ေရေအးနဲ႔ စိမ္ပါ။

သားေရဖိနပ္ေတြကို အသစ္အတုိင္း ေျပာင္လက္ေနေအာင္ ေပ်ာ့ေဆးအနည္းငယ္ သုတ္ျပီး အဝတ္စနဲ႔ ပြတ္တုိက္လို႔ ရပါတယ္။

Makeup brush ေတြ သုံးတာ ၾကာလို႔ ၾကမ္းတမ္းျပီး ထိပ္ဖ်ားေတြ စုေနရင္ ေပ်ာ့ေဆးသုံးျပီး ႏူးညံ့ေအာင္ လုပ္လို႔ ရပါတယ္။

ပုံမွန္အားျဖင့္ စတစ္ကာ နဲ႔ ယာယီတက္တူးေတြ ဖ်က္တာ ၊ ပတ္တီးေတြ ျဖဳတ္တာကို အရက္ျပန္သုံးျပီး ဖ်က္ၾကပါတယ္။ အခုအခါမွာေတာ့ နာက်င္မႈမရွိေအာင္ ဆံပင္ေပ်ာ့ေဆးကို သုံးျပီး အလြယ္တကူ ဖ်က္လို႔ရပါျပီ။

ဆံႏြယ္ေတြ ထုံးျပီး ေခါင္းဖီးရခက္ေနရင္ ေခါင္းဖီးနဲ႔ အတင္းဖီးခ်စရာ မလိုပါဘူး။ ေရထည့္ထားတဲ့ စပေရးဘူးထဲ ဆံပင္ေပ်ာ့ေဆး အနည္းငယ္ထည့္ျပီး လႈပ္ေပးပါ။ ျပီးရင္ ရႈပ္ေထြးေနတဲ့ ဆံပင္ေပၚကို ျဖန္းျပီး ေခါင္းဖီးနဲ႔ အသာအယာ ဖီးခ်လိုက္ရုံပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :Yangon Life

#Unicode Version

ဆံပင်ပျော့ဆေးကို အားလုံးသိကြမှာပါ။ ပုံမှန်အားဖြင့် ပျော့ဆေးကို ဆံသားကြမ်းတမ်းမှုမှ ကင်းဝေးအောင် အသုံးပြုပါတယ်။ ဒါပေမယ့် ပျော့ဆေးကို ဆံကေသာအတွက် အသုံးပြုတာအပြင် အခြားအသုံးပြုလို့ ရတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ဘယ်လို နေရာတွေမှာ အသုံးပြုလို့ ရလဲဆိုတာ ဆက်လက်ကြည့်လိုက်ရအောင်နော်။

ဈေးကြီးတဲ့ မိတ်ကပ်ဖျက်ဆေးတွေ မဝယ်နိုင်ရင် စိတ်မညစ်ပါနဲ့။ ပျော့ဆေးက နာမည်ကြီး မိတ်ကပ်ဖျက်ဆေးတွေထက် ပိုပြီး အသုံးဝင်ပြီး မိတ်ကပ်တွေကို အလွယ်တကူ ဖျက်ရလွယ်ပါတယ်။

လက်စွပ်တွေ ချွတ်ရခက်နေရင် ပျော့ဆေးကို အသုံးပြုပြီး ချွတ်ကြည့်ပါ။ အလွယ်တကူ ချွတ်လို့ ရတာကို ချက်ချင်း မြင်တွေ့ရမှာပါ။

ဂျာကင်အကျီၤတွေ ဇစ်ဆွဲရခက်နေရင် ပျော့ဆေးအနည်းငယ်ယူပြီး ဇစ်နေရာမှာ သုတ်လိုက်ပါ။ ဇစ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပြေလည်သွားတာကို တွေ့ရမှာပါ။

ခြေသလုံးမွှေးတွေ ရိတ်ပြီးတဲ့အခါ ယားယံပြီး ကြမ်းတမ်းနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင် ပျော့ဆေးကို လိုးရှင်းလိမ်းသလို လိမ်းပေးပါ။ နာကျင်ယားယံမှုတွေကို သက်သာစေမှာပါ။

အိမ်သုံးကိရိယာတွေ( ပလာယာ၊ ဝက်အူလှည့်၊ မူလီ) ကို သံချေးမတက်စေချင်ရင် ပျော့ဆေးနဲ့ ပွတ်တိုက်ပေးပါ။

လက်နဲ့ပဲ လျှော်လို့ရတဲ့ အဝတ်အစား (အတွင်းခံ ၊ အခြားသော နူးညံ့တဲ့ ပိတ်စ) တွေကို လျှော်တဲ့အခါ ပျော့ဆေးနဲ့ အရင်စိမ်ပြီး လျှော်ခြင်းက အဝတ်အစားကို ပိုပြီး နူးညံ့စေပါတယ်။ အဖြူရောင် အဝတ်အစားဆိုရင် ရေနွေးနဲ့ စိမ်ပေးပြီး အရောင်ရှိအဝတ်အစားကို ရေအေးနဲ့ စိမ်ပါ။

သားရေဖိနပ်တွေကို အသစ်အတိုင်း ပြောင်လက်နေအောင် ပျော့ဆေးအနည်းငယ် သုတ်ပြီး အဝတ်စနဲ့ ပွတ်တိုက်လို့ ရပါတယ်။

Makeup brush တွေ သုံးတာ ကြာလို့ ကြမ်းတမ်းပြီး ထိပ်ဖျားတွေ စုနေရင် ပျော့ဆေးသုံးပြီး နူးညံ့အောင် လုပ်လို့ ရပါတယ်။

ပုံမှန်အားဖြင့် စတစ်ကာ နဲ့ ယာယီတက်တူးတွေ ဖျက်တာ ၊ ပတ်တီးတွေ ဖြုတ်တာကို အရက်ပြန်သုံးပြီး ဖျက်ကြပါတယ်။ အခုအခါမှာတော့ နာကျင်မှုမရှိအောင် ဆံပင်ပျော့ဆေးကို သုံးပြီး အလွယ်တကူ ဖျက်လို့ရပါပြီ။

ဆံနွယ်တွေ ထုံးပြီး ခေါင်းဖီးရခက်နေရင် ခေါင်းဖီးနဲ့ အတင်းဖီးချစရာ မလိုပါဘူး။ ရေထည့်ထားတဲ့ စပရေးဘူးထဲ ဆံပင်ပျော့ဆေး အနည်းငယ်ထည့်ပြီး လှုပ်ပေးပါ။ ပြီးရင် ရှုပ်ထွေးနေတဲ့ ဆံပင်ပေါ်ကို ဖြန်းပြီး ခေါင်းဖီးနဲ့ အသာအယာ ဖီးချလိုက်ရုံပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit :Yangon Life


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top