Property Expo
×

ကြယ္လြန္သြားၿပီ ျဖစ္ေသာ ေပါ့ပ္ဂီတအေက်ာ္ေဇ ယ် ပရင့္စ္၏ မထုတ္ေဝျဖစ္ခဲ့ သည့္ ေတးသီခ်င္းမ်ားကို ဝယ္ယူ ေရး အေမရိကန္ရက္ပ္ပါေဂ်ဇီးက ပရင့္စ္၏ အိမ္ေတာ္ေစာင့္ေရွာက္ သူမ်ားထံသို႔ ကန္ေဒၚလာ သန္း ၄၀ ကမ္းလွမ္းထားသည္။

Purple Rain ေတးသီခ်င္း ျဖင့္ နာမည္ေက်ာ္ၾကားသူ ပရင့္စ္ သည္ ဧၿပီ ၁၆ ရက္က ကြယ္လြန္ သြားၿပီး လူအမ်ားေရွ႕ ခ်ျပခဲ့ျခင္း မရွိေသာ သီခ်င္းအမ်ားအျပားကို ၎၏ ပိုင္ဆေလဥယ်ာဥ္အိမ္ႀကီးတြင္ ခ်န္ထားရစ္ခဲ့သည္။

ေဂ်ဇီးသည္ ပရင့္စ္၏ညီမ တိုင္ကာနီလ္ဆင္ႏွင့္ ၎၏အမ်ဳိး သား ေမာရစ္ဖီးလစ္တို႔ႏွင့္ ေတး သီခ်င္းမ်ား ဝယ္ယူေရး ေဆြးေႏြး ရန္ နယူးေယာက္ၿမိဳ႕သို႔ သြား ေရာက္ခဲ့ၿပီး တရားဝင္ကမ္းလွမ္း ခဲ့ေၾကာင္း တိုင္းမ္မဂၢဇင္းသတင္း ဝက္ဘ္ဆိုက္က ေဖာ္ျပသည္။

သို႔ေသာ္ ယင္းသေဘာတူညီ မႈအတြက္ တိုင္ကာနီလ္ဆင္တစ္ ဦးတည္း၏ ဆံုးျဖတ္ခ်က္ျဖင့္ အထမေျမာက္ႏိုင္ဘဲ ၎၏ သေဘာတူညီမႈရလွ်င္ပင္ အိမ္ကို ေစာင့္ေရွာက္ရန္ တာဝန္ယူ ထားေသာ  ပရင့္စ္၏ ညီဝမ္းကြဲ ဘဏ္သူေဌးမ်ားထံမွလည္း သေဘာတူ ခြင့္ျပဳခ်က္ ယူရဦး မည္ျဖစ္သည္။

သို႔ေသာ္ ပရင့္စ္၏ မထုတ္ ေဝခဲ့ရေသာ ေတးသီခ်င္းမ်ားကို ဝယ္ယူႏိုင္ရန္ ေဂ်ဇီးအတြက္ အေျခအေနေကာင္းမ်ား ရွိေနၿပီး၎တို႔ႏွစ္ဦးလက္တြဲကာ ေတးသီ ခ်င္းမ်ားကို ထုတ္လႊင့္ခဲ့ဖူးသည္။ေပါ့ပ္ဂီတၾကယ္ပြင့္ ဘီယြန္ ေစး၏ အမ်ဳိးသားေဂ်ဇီးကို ပရင့္စ္ က ခ်ီးက်ဴးစကားဆိုဖူးသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

ကွယ်လွန်သွားပြီ ဖြစ်သော ပေါ့ပ်ဂီတအကျော်ဇေ ယျ ပရင့်စ်၏ မထုတ်ဝေဖြစ်ခဲ့ သည့် တေးသီချင်းများကို ဝယ်ယူ ရေး အမေရိကန်ရက်ပ်ပါဂျေဇီးက ပရင့်စ်၏ အိမ်တော်စောင့်ရှောက် သူများထံသို့ ကန်ဒေါ်လာ သန်း ၄၀ ကမ်းလှမ်းထားသည်။

Purple Rain တေးသီချင်း ဖြင့် နာမည်ကျော်ကြားသူ ပရင့်စ် သည် ဧပြီ ၁၆ ရက်က ကွယ်လွန် သွားပြီး လူအများရှေ့ ချပြခဲ့ခြင်း မရှိသော သီချင်းအများအပြားကို ၎င်း၏ ပိုင်ဆလေဥယျာဉ်အိမ်ကြီးတွင် ချန်ထားရစ်ခဲ့သည်။

ဂျေဇီးသည် ပရင့်စ်၏ညီမ တိုင်ကာနီလ်ဆင်နှင့် ၎င်း၏အမျိုး သား မောရစ်ဖီးလစ်တို့နှင့် တေး သီချင်းများ ဝယ်ယူရေး ဆွေးနွေး ရန် နယူးယောက်မြို့သို့ သွား ရောက်ခဲ့ပြီး တရားဝင်ကမ်းလှမ်း ခဲ့ကြောင်း တိုင်းမ်မဂ္ဂဇင်းသတင်း ဝက်ဘ်ဆိုက်က ဖော်ပြသည်။

သို့သော် ယင်းသဘောတူညီ မှုအတွက် တိုင်ကာနီလ်ဆင်တစ် ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် အထမမြောက်နိုင်ဘဲ ၎င်း၏ သဘောတူညီမှုရလျှင်ပင် အိမ်ကို စောင့်ရှောက်ရန် တာဝန်ယူ ထားသော  ပရင့်စ်၏ ညီဝမ်းကွဲ ဘဏ်သူဌေးများထံမှလည်း သဘောတူ ခွင့်ပြုချက် ယူရဦး မည်ဖြစ်သည်။

သို့သော် ပရင့်စ်၏ မထုတ် ဝေခဲ့ရသော တေးသီချင်းများကို ဝယ်ယူနိုင်ရန် ဂျေဇီးအတွက် အခြေအနေကောင်းများ ရှိနေပြီး၎င်းတို့နှစ်ဦးလက်တွဲကာ တေးသီ ချင်းများကို ထုတ်လွှင့်ခဲ့ဖူးသည်။

ပေါ့ပ်ဂီတကြယ်ပွင့် ဘီယွန် စေး၏ အမျိုးသားဂျေဇီးကို ပရင့်စ် က ချီးကျူးစကားဆိုဖူးသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top