Property Expo
×

ဘဂၤလားပင္လယ္ေအာ္ မွ မုန္တုိင္းသည္ အိႏၵိယႏိုင္ငံ၏ ကမ္း႐ုိးတန္းဘက္ ဦးတည္ေရြ႕လ်ားေနေသာ္လည္း ေအာက္တုိဘာ ၂၉ ရက္ခန္႔တြင္ ရခုိင္ ကမ္းလြန္ေဒသ၌ ေနာက္ထပ္ မုန္တုိင္းငယ္တစ္လုံး ျဖစ္ေပၚ လာႏုိင္ေၾကာင္း မုိးေလ၀သ ပညာရွင္ ေဒါက္တာထြန္းလြင္ က သတင္းထုတ္ျပန္သည္။
ေအာက္တိုဘာ ၂၂ရက္ကစ ၍ ဟုိင္းႀကီးကြၽန္းအနီးသို႔ ေရာက္ လာသည့္ မုန္တုိင္းငယ္သည္ ေအာက္တိုဘာ ၂၃ ရက္ညတြင္ အိႏၵိယႏိုင္ငံ ကမ္း႐ုိးတန္းဘက္သုိ႔ ျပန္လည္ဦးတည္သြားေနၿပီး အိႏၵိယကမ္းေျခသို႔ ေအာက္တိုဘာ ၂၉ရက္တြင္ ၀င္ေရာက္မည္ဟုေဒါက္ တာထြန္းလြင္က ခန္႔မွန္းထား သည္။ သို႔ေသာ္ ေအာက္တုိဘာ ၂၉ရက္မွာပင္ ဘဂၤလားပင္လယ္ ေအာ္ရခုိင္ကမ္းလြန္ေဒသ၌ ေနာက္ထပ္မုန္တုိင္းငယ္တစ္လုံး ျဖစ္ေပၚလာႏုိင္ေသာေၾကာင့္ လက္ရွိကာလတြင္ ျမစ္၀ကၽြန္းေပၚ ႏွင့္ရခုိင္ေဒသ၌မုိးေရာေလပါအားေကာင္းေနႏုိင္ေၾကာင္း
 ေဒါက္တာထြန္းလြင္က သတိေပးသည္။

‘‘ သတိထားဖုိ႔က ဒီကာလ တစ္ေလွ်ာက္လုံးမုိးေတြဆက္ တုိက္ရြာေနၿပီး ဒီတစ္ပတ္လုံးမုိး မ်ားမယ့္ သေဘာရွိတယ္’’ဟု ေျပာသည္။

လက္ရွိျဖစ္ေနေသာ ဘဂၤ လားပင္လယ္ေအာ္မွ မုန္တုိင္း ငယ္ႏွင့္ပတ္သက္၍ မုိးေလ၀သနွင့္ဇလေဗဒက အနီေရာင္မွ လိေမၼာ္ေရာင္သတိ ေပးခ်က္အဆင့္သို႔ ေလွ်ာ့ခ်သတ္ မွတ္လုိက္ၿပီး အိႏၵိယကမ္း႐ုိးတန္း ဘက္ဦးတည္ေရြ႕လ်ားေန ေၾကာင္း သတင္းထုတ္ျပန္သည္။ မႏၲေလးတိုင္း၊ မေကြးတုိင္း၊ ပဲခူးတုိင္း၊ ရန္ကုန္တုိင္း၊ ဧရာ၀တီတုိင္း၊ တနသၤာရီတုိင္းေဒသႀကီး၊ ခ်င္း၊ ရခုိင္၊ ကရင္ႏွင့္ မြန္ျပည္နယ္တုိ႔တြင္ ေနရာကြက္၍ မုိးႀကီးႏုိင္ေၾကာင္းသတိေပးထားသည္။ ျမစ္၀ကၽြန္းေပၚ၊ ရခုိင္ကမ္း႐ုိးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တုိ႔တြင္ တစ္နာရီေလတုိက္ႏႈန္း မုိင္ ၄၀အထိတုိက္ခတ္ႏုိင္ေၾကာင္းသတိေပးထားသည္။

ယင္းမုန္တုိင္းငယ္၏ အရွိန္ ေၾကာင့္ လပြတၱာခ႐ုိင္ႏွင့္သံတြဲ ခ႐ိုင္တုိ႔တြင္ မုန္တုိင္းဒီေရ ခုနစ္ေပမွ ၁၀ေပအထိျမင့္တက္ႏုိင္သည္ဟု ေအာက္တုိဘာ၂၃ရက္ ေန႔လယ္တြင္သတင္းထုတ္ျပန္ခဲ့ေသာေၾကာင့္
 ေဒသခံမ်ားစုိးရိမ္ကာ ေဘးလြတ္ရာေနရာမ်ားသုိ႔ တိမ္း ေရွာင္ခဲ့သည္။ မုန္တုိင္းဒီေရသတိေပးခ်ိန္ေအာက္တိုဘာ ၂၃ ရက္မွ ၂၄ ရက္အထိ မုန္တုိင္းငယ္ႏွင့္ဗဟုိခ်က္အနီးဆုံးျဖစ္ေသာဟုိင္းႀကီးကၽြန္းတြင္ပင္ပုံမွန္ထက္ေလအနည္းငယ္ျပင္းသည္မွအပ မည္သည့္ထူးျခားခ်က္မွ်မရွိခဲ့ေၾကာင္းဟုိင္းႀကီးကၽြန္းၿမိဳ႕နယ္သဘာ၀ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈေကာ္မတီ
၀င္တစ္ဦးကေျပာသည္။ လပြတၱာၿမိဳ႕သုိ႔ကမ္း႐ုိးတန္းေဒသေနသူမ်ားမုန္တုိင္းေဘးလာေရာက္တိိမ္းေရွာင္သူဦးေရတစ္ေသာင္း
ခန္႔ရွိခဲ့ၿပီး ေနရပ္မျပန္ၾကေသးေၾကာင္းလပြတၱာၿမိဳ႕နယ္သဘာ၀ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈေကာ္မတီမွ
သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day News

#Unicode Version
ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းဘက် ဦးတည်ရွေ့လျားနေသော်လည်း အောက်တိုဘာ ၂၉ ရက်ခန့်တွင် ရခိုင် ကမ်းလွန်ဒေသ၌ နောက်ထပ် မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ် လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၂ရက်ကစ ၍ ဟိုင်းကြီးကျွန်းအနီးသို့ ရောက် လာသည့် မုန်တိုင်းငယ်သည် အောက်တိုဘာ ၂၃ ရက်ညတွင် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဘက်သို့ ပြန်လည်ဦးတည်သွားနေပြီး အိန္ဒိယကမ်းခြေသို့ အောက်တိုဘာ ၂၉ရက်တွင် ဝင်ရောက်မည်ဟုဒေါက် တာထွန်းလွင်က ခန့်မှန်းထား သည်။ သို့သော် အောက်တိုဘာ ၂၉ရက်မှာပင် ဘင်္ဂလားပင်လယ် အော် ရခိုင်ကမ်းလွန်ဒေသ၌ နောက်ထပ်မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိကာလတွင် မြစ်ဝကျွန်းပေါ် နှင့် ရခိုင်ဒေသ၌ မိုးရောလေပါ အားကောင်းနေနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

‘‘ သတိထားဖို့က ဒီကာလ တစ်လျှောက်လုံးမိုးတွေဆက် တိုက်ရွာနေပြီး ဒီတစ်ပတ်လုံးမိုး များမယ့် သဘောရှိတယ်’’ဟု ပြောသည်။

လက်ရှိဖြစ်နေသော ဘင်္ဂ လားပင်လယ်အော်မှ မုန်တိုင်း ငယ်နှင့်ပတ်သက်၍ မိုးဇလက အနီရောင်မှ လိမ္မော်ရောင်သတိ ပေးချက်အဆင့်သို့ လျှော့ချသတ် မှတ်လိုက်ပြီး အိန္ဒိယကမ်းရိုးတန်း ဘက်ဦးတည်ရွေ့လျားနေ ကြောင်း သတင်းထုတ်ပြန်သည်။ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသတိပေးထားသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလေတိုက်နှုန်း မိုင် ၄၀အထိတိုက်ခတ်နိုင်ကြောင်းသတိပေးထားသည်။

ယင်းမုန်တိုင်းငယ်၏ အရှိန် ကြောင့် လပွတ္တာခရိုင်နှင့်သံတွဲ ခရိုင်တို့တွင် မုန်တိုင်းဒီရေ ခုနစ်ပေမှ ၁၀ပေအထိမြင့်တက်နိုင်သည်ဟု အောက်တိုဘာ ၂၃ရက် နေ့လယ်တွင်သတင်းထုတ်ပြန်ခဲ့သောကြောင့် ဒေသခံများစိုးရိမ်ကာ ဘေးလွတ်ရာနေရာများသို့ တိမ်း ရှောင်ခဲ့သည်။ မုန်တိုင်းဒီရေသတိပေးချိန်အောက်တိုဘာ ၂၃ ရက်မှ ၂၄ ရက်အထိ မုန်တိုင်းငယ်နှင့်ဗဟိုချက်အနီးဆုံးဖြစ်သော ဟိုင်းကြီးကျွန်းတွင်ပင် ပုံမှန်ထက်လေအနည်းငယ်ပြင်းသည်မှအပ မည်သည့်ထူးခြားချက်မျှမရှိခဲ့ကြောင်း ဟိုင်းကြီးကျွန်းမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦးကပြောသည်။ လပွတ္တာမြို့သို့ ကမ်းရိုးတန်းဒေသနေသူများ မုန်တိုင်းဘေးလာရောက်တိမ်းရှောင်သူဦးရေတစ်သောင်းခန့်ရှိခဲ့ပြီး နေရပ်မပြန်ကြသေးကြောင်း လပွတ္တာမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှသတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top