Kantharyar Centre
×

ထိုင္းႏိုင္ငံက ​ကိုယ္ဝန္သည္ ​အမ်ဳိးသမီး ​အားလုံးကို ​ဇီကာ ​ေရာဂါပိုးရွိမရွိ ​က်န္းမာေရး ​စစ္ေဆးသြားဖို႔ ​သင့္မသင့္ ​ထိုင္းအစိုးရက ​မေန႔တုန္းက ​ေျပာလိုက္ပါတယ္။

ျခင္ကေန ​စတင္လာတဲ့ ​ဇီကာ ​ေရာဂါနဲ႔ ​ဆက္စပ္ၿပီး ​ေမြးလာတဲ့ ​ကေလး ​ႏွစ္ေယာက္ရဲ့ ​ဦးေခါင္ဟာ ​သာမာန္ထက္ ​ေသးငယ္တဲ့ ​microcephaly ​ျဖစ္ေနတာကို ​ေတြ႔ရွိၿပီးတဲ့ေနာက္ ​ထိုင္းအစိုးရက ​ကိုယ္ဝန္သည္ ​အားလုံးကို ​စစ္ေဆးဖို႔ ​ႀကိဳးစားေနတာလို႔ ​ရိုက္တာ ​သတင္းမွာ ​ေဖာ္ျပထားပါတယ္။

ကိုယ္ဝန္သည္ ​အားလုံးကို ​ဇီကာ ​ေရာဂါ ​ရွိမရွိ ​စမ္းသပ္စစ္ေဆးဖို႔ ​လိုအပ္သလား၊ ​ကုန္က်စရိတ္နဲ႔ ​ကာမိမလား ​စတာေတြကို ​ေလ့လာဖို႔ ​က်န္းမာေရး ​ဝန္ႀကီးဌာနက ​ညႊန္ၾကားထားတဲ့အေၾကာင္း ​ဝန္ႀကီးဌာနက ​အရာရွိ ​တစ္ဦးက ​ေျပာပါတယ္။

ထိုင္းႏိုင္ငံက ​ကိုယ္ဝန္သည္ ​အားလုံးကို ​အခမဲ့ ​စစ္ေဆးေပးဖို႔ ​ျဖစ္ၿပီး ​တစ္ေယာက္ကို ​ထိုင္းဘတ္ ​၂၀၀၀ ​ဒါမွမဟုတ္ ​ေဒၚလာ ​၆၀ ​နီးပါး ​ကုန္က်မွာ ​ျဖစ္သလို ​တခါထက္မနည္း ​စစ္ေဆးခံရဖို႔ ​အေနအထား ​ရွိေနတဲ့အတြက္ ​တတ္ႏိုင္မလား ​ဆိုတာကိုလည္း ​ထည့္သြင္း ​စဥ္းစားၾကတာ ​ျဖစ္ပါတယ္။

အခုေလာေလာဆယ္ ​ဇီကာေရာဂါ ​ျဖစ္ေနတဲ့ ​ေဒသမွာ ​ေနထိုင္တဲ့ ​ကိုယ္ဝန္သည္ ​အမ်ဳိးသမီး ​တစ္ေထာင္ေလာက္ကိုေတာ့ ​စစ္ေဆးၿပီးသြားၿပီလို႔ ​ဆိုပါတယ္။

ထိုင္းႏိုင္ငံမွာ ​ဇန္နဝါရီလကစၿပီး ​ဇီကာ ​ေရာဂါ ​ကူးစက္ခံရသူ ​၃၉၂ ​ေယာက္ရွိၿပီး ​ကိုယ္ဝန္သည္ ​အမ်ဳိးသမီး ​၃၉ ​ဦး ​ပါဝင္ခဲ့ပါတယ္။

အလားတူ ​စကၤာပူမွာလည္း ​ဇီကာ ​ကူးစက္ခံရသူ ​၃၉၃ ​ေယာက္ရွိၿပီး ​ကိုယ္ဝန္သည္ ​အမ်ဳိးသမီး ​၁၆ ​ေယာက္အျပင္ ​ဖိလစ္ပိုင္၊ ​မေလးရွား၊ ​ဗီယက္နမ္နဲ႔ ​အင္ဒိုနီးရွားတို႔မွာလည္း ​အနည္းဆုံး ​တစ္ေယာက္စီေလာက္ ​ကူးစက္ခံရတယ္ဆိုတဲ့ ​အတည္ျပဳခ်က္ေတြ ​ရရွိထားပါတယ္။

အဲဒီလို ​အေျခအေနေၾကာင့္ ​အေမရိကန္ႏိုင္ငံသားေတြအေနနဲ႔ ​အေရွ႕ေတာင္အာရွ ​ႏိုင္ငံေတြဆီ ​မလိုအပ္ရင္ ​မသြားၾကဖို႔ ​သတိေပးထားတယ္လို႔ ​ရိုက္တာ ​သတင္းမွာ ​ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

ထိုင်းနိုင်ငံက ကိုယ်ဝန်သည် အမျိုးသမီး အားလုံးကို ဇီကာ ရောဂါပိုးရှိမရှိ ကျန်းမာရေး စစ်ဆေးသွားဖို့ သင့်မသင့် ထိုင်းအစိုးရက မနေ့တုန်းက ပြောလိုက်ပါတယ်။

ခြင်ကနေ စတင်လာတဲ့ ဇီကာ ရောဂါနဲ့ ဆက်စပ်ပြီး မွေးလာတဲ့ ကလေး နှစ်ယောက်ရဲ့ ဦးခေါင်ဟာ သာမာန်ထက် သေးငယ်တဲ့ microcephaly ဖြစ်နေတာကို တွေ့ရှိပြီးတဲ့နောက် ထိုင်းအစိုးရက ကိုယ်ဝန်သည် အားလုံးကို စစ်ဆေးဖို့ ကြိုးစားနေတာလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ကိုယ်ဝန်သည် အားလုံးကို ဇီကာ ရောဂါ ရှိမရှိ စမ်းသပ်စစ်ဆေးဖို့ လိုအပ်သလား၊ ကုန်ကျစရိတ်နဲ့ ကာမိမလား စတာတွေကို လေ့လာဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အကြောင်း ဝန်ကြီးဌာနက အရာရှိ တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံက ကိုယ်ဝန်သည် အားလုံးကို အခမဲ့ စစ်ဆေးပေးဖို့ ဖြစ်ပြီး တစ်ယောက်ကို ထိုင်းဘတ် ၂၀၀၀ ဒါမှမဟုတ် ဒေါ်လာ ၆၀ နီးပါး ကုန်ကျမှာ ဖြစ်သလို တခါထက်မနည်း စစ်ဆေးခံရဖို့ အနေအထား ရှိနေတဲ့အတွက် တတ်နိုင်မလား ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားကြတာ ဖြစ်ပါတယ်။

အခုလောလောဆယ် ဇီကာရောဂါ ဖြစ်နေတဲ့ ဒေသမှာ နေထိုင်တဲ့ ကိုယ်ဝန်သည် အမျိုးသမီး တစ်ထောင်လောက်ကိုတော့ စစ်ဆေးပြီးသွားပြီလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဇန်နဝါရီလကစပြီး ဇီကာ ရောဂါ ကူးစက်ခံရသူ ၃၉၂ ယောက်ရှိပြီး ကိုယ်ဝန်သည် အမျိုးသမီး ၃၉ ဦး ပါဝင်ခဲ့ပါတယ်။

အလားတူ စင်္ကာပူမှာလည်း ဇီကာ ကူးစက်ခံရသူ ၃၉၃ ယောက်ရှိပြီး ကိုယ်ဝန်သည် အမျိုးသမီး ၁၆ ယောက်အပြင် ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့မှာလည်း အနည်းဆုံး တစ်ယောက်စီလောက် ကူးစက်ခံရတယ်ဆိုတဲ့ အတည်ပြုချက်တွေ ရရှိထားပါတယ်။

အဲဒီလို အခြေအနေကြောင့် အမေရိကန်နိုင်ငံသားတွေအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဆီ မလိုအပ်ရင် မသွားကြဖို့ သတိပေးထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top