Kantharyar Centre
×

ျမန္မာႏိုင္ငံမွ ထုတ္လုပ္ ေနေသာ ငါးပိမ်ိဳးစုံႏွင့္ ငါးပိကုန္ ၾကမ္းမ်ားကို ယခုလအတြင္း ထုိင္းႏိုင္ငံက ဝယ္ယူမႈျမင့္တက္ေနသ ျဖင့္ ကုန္ၾကမ္းျပတ္လပ္မည္ကို ငါးပိထုတ္လုပ္သူမ်ား စိုးရိမ္ေန ေၾကာင္း သတင္းရရွိသည္။

တရားမဝင္ေနရာ၌ တရား မဝင္ နည္းလမ္းမ်ားျဖင့္ ငါးဖမ္းဆီးမႈမ်ား မျပဳလုပ္ရန္ ထုတ္ျပန္ထားသျဖင့္ ထုိင္းႏိုင္ငံကို ဥေရာပသမဂၢက သတိေပးခ်က္ ငါးႏွင့္ငါးကုန္ၾကမ္းမ်ားရရွိမႈ ေလ်ာ့နည္းေန၍ ျမန္မာႏိုင္ငံမွ ငါးပိႏွင့္ ငါးပိကုန္ၾကမ္းမ်ား ဝယ္ယူေနျခင္း ျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာတိုးနႏၵာတင္က ေျပာၾကားသည္။

‘‘ဒီလိုမ်ိဳး ငါးပိေတြ ထြက္သ မွ် ယိုးဒယားက ဝယ္ေနရင္ေတာ့ ေနာင္အခါမွာ တို႔မွာ စားစရာငါးပိ က်န္ပါေတာ့ မလားမသိဘူး’’ဟု ေဒါက္တာတိုးနႏၵာတင္က ေျပာသည္။

ျမန္မာငါးပိမ်ားကို တစ္ႀကိမ္ မွ် ဝယ္ယူဖူးျခင္းမရွိေသာ ထုိင္း ႏိုင္ငံသည္ ေအာက္တိုဘာအတြင္း ဝယ္ယူမႈျမင့္တက္ေနရာ ထုတ္ လုပ္ထားေသာငါးပိမ်ား ေရာင္းခ် ရေၾကာင္း ဒဂံုၿမိဳ႕သစ္အေရွ႕ပုိင္း ၿမိဳ႕နယ္ရွိ ငါးပိ၊ ငါးေျခာက္ထုတ္ လုပ္ေရးဇုန္မွ ငါးပိထုတ္လုပ္ေရး လုပ္ငန္းရွင္ ဦးစိုးဝင္းႏိုင္က ေျပာ သည္။

‘‘ထိုင္းႏိုင္ငံက အရင္က တစ္ခါမွ မဝယ္ဖူးတဲ့ ငါးပိကို အဝယ္ ေတာ္ေတြကတစ္ဆင့္ ရသ ေလာက္ လိုက္ဝယ္ေနတယ္။ ကြၽန္ေတာ့္မွာရွိတဲ့ ကုန္ခ်ိန္ငါးေသာင္းစလံုး အကုန္ဝယ္သြားတယ္။ သူတို႔က ဖ်ာပံုၿမိဳ႕နယ္ ေဒၚၿငိမ္းရြာအထိ ငါးပိထုတ္လုပ္တဲ့ ပုစြန္ေသးေသးေလးေတြကို ေတာင္သြားလိုက္ဝယ္တယ္’’ဟု ဦးဝင္းႏိုင္က ေျပာသည္။

ဝယ္ယူထားေသာ ငါးပိ ထုတ္လုပ္သည့္ ပုစြန္အေကာင္ ေသးမ်ားကို ရန္ကုန္ၿမိဳ႕ရွိ အေအး ခန္းစက္႐ံုမ်ားတြင္ သိုေလွာင္ သိမ္းဆည္းထားေၾကာင္း အဝယ္ ေတာ္မ်ားႏွင့္ ရင္းႏွီးေသာ ငါးပိ ကုန္သည္တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

မြန်မာနိုင်ငံမှ ထုတ်လုပ် နေသော ငါးပိမျိုးစုံနှင့် ငါးပိကုန် ကြမ်းများကို ယခုလအတွင်း ထိုင်းနိုင်ငံက ဝယ်ယူမှုမြင့်တက်နေသ ဖြင့် ကုန်ကြမ်းပြတ်လပ်မည်ကို ငါးပိထုတ်လုပ်သူများ စိုးရိမ်နေ ကြောင်း သတင်းရရှိသည်။

တရားမဝင်နေရာ၌ တရား မဝင် နည်းလမ်းများဖြင့် ငါးဖမ်းဆီးမှုများ မပြုလုပ်ရန် ထုတ်ပြန်ထားသဖြင့် ထိုင်းနိုင်ငံကို ဥရောပသမဂ္ဂက သတိပေးချက် ငါးနှင့်ငါးကုန်ကြမ်းများရရှိမှု လျော့နည်းနေ၍ မြန်မာနိုင်ငံမှ ငါးပိနှင့် ငါးပိကုန်ကြမ်းများ ဝယ်ယူနေခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာတိုးနန္ဒာတင်က ပြောကြားသည်။

‘‘ဒီလိုမျိုး ငါးပိတွေ ထွက်သ မျှ ယိုးဒယားက ဝယ်နေရင်တော့ နောင်အခါမှာ တို့မှာ စားစရာငါးပိ ကျန်ပါတော့ မလားမသိဘူး’’ဟု ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

မြန်မာငါးပိများကို တစ်ကြိမ် မျှ ဝယ်ယူဖူးခြင်းမရှိသော ထိုင်း နိုင်ငံသည် အောက်တိုဘာအတွင်း ဝယ်ယူမှုမြင့်တက်နေရာ ထုတ် လုပ်ထားသောငါးပိများ ရောင်းချ ရကြောင်း ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်ရှိ ငါးပိ၊ ငါးခြောက်ထုတ် လုပ်ရေးဇုန်မှ ငါးပိထုတ်လုပ်ရေး လုပ်ငန်းရှင် ဦးစိုးဝင်းနိုင်က ပြော သည်။

‘‘ထိုင်းနိုင်ငံက အရင်က တစ်ခါမှ မဝယ်ဖူးတဲ့ ငါးပိကို အဝယ် တော်တွေကတစ်ဆင့် ရသ လောက် လိုက်ဝယ်နေတယ်။ ကျွန်တော့်မှာရှိတဲ့ ကုန်ချိန်ငါးသောင်းစလုံး အကုန်ဝယ်သွားတယ်။ သူတို့က ဖျာပုံမြို့နယ် ဒေါ်ငြိမ်းရွာအထိ ငါးပိထုတ်လုပ်တဲ့ ပုစွန်သေးသေးလေးတွေကို တောင်သွားလိုက်ဝယ်တယ်’’ဟု ဦးဝင်းနိုင်က ပြောသည်။

ဝယ်ယူထားသော ငါးပိ ထုတ်လုပ်သည့် ပုစွန်အကောင် သေးများကို ရန်ကုန်မြို့ရှိ အအေး ခန်းစက်ရုံများတွင် သိုလှောင် သိမ်းဆည်းထားကြောင်း အဝယ် တော်များနှင့် ရင်းနှီးသော ငါးပိ ကုန်သည်တစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top