Property Expo
×

မိန်းကလေးအများစုဟာ တစ်ယောက်နဲ့တစ်ယောက်စကားပြောပြီဆိုရင် အထူးသဖြင့် ကိုယ့်နှလုံးသားကို ခိုးယူသွားတဲ့ ကောင်လေးချောချောလေးတွေနဲ့ စကားပြောရရင် ဘာပြောရမလဲဆိုတာကို တွေဝေနေတတ်ကြပါတယ်နော်။

ယောက်ျားလေးတစ်ယောက်ရဲ့အာရုံစိုက်မှုကို လိုချင်ရင် အဲ့ဒိအတွက် စကားတွေကို မပြောင်းပစ်ပါနဲ့၊ ပြောပြမယ့် အကြံဥာဏ်လေးတွေအတိုင်း လုပ်လိုက်ပါ။ အဲဒီ့အကြံဥာဏ်လေးတွေက ပိုမိုနှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေး တစ်ယောက်ဖြစ်လာစေမှာပါ။ အောက်မှာဖော်ပြပေးထားတဲ့အချက်(၇)ချက်ကတော့ သူ့နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ ကူညီပေးနိုင်ပေးမှာပါ။

၀၁. မကြာခဏပြုံးပါ။

သဘောကျနေတဲ့ယောက်ျားလေးကို ပိုင်ဆိုင်ချင်ရင် သူနဲ့စကားပြောနေချိန်မှာ မကြာခဏပြုံးဖို့ မမေ့ပါနဲ့။ သူပြောပြ တဲ့ရယ်စရာအကြောင်းအရာတွေကို တခစ်ခစ်ရယ်ပြပြီး မျက်လုံးလေးတွေကိုလည်း တောက်ပနေအောင် ဖန်တီးပါ။ ကိုယ်ပျော်ရွှင်နေတယ်ဆိုရင် ကိုယ့်အပြုံးကပိုမိုလှပနေဖို့ကူညီပေးနိုင်မှာပါ။ ဘယ်ယောက်ျားလေးကမှ မိန်းကလေးတစ် ယောက်ရဲ့အပြုံးလှလှလေးကို မစွဲလမ်းဘဲမနေနိုင်ကြပါဘူး။

၀၂. တင့်တယ်စွာ နေထိုင်ပြုမူပါ။

မိန်းကလေးတွေက စိတ်ထားမြင့်မြတ်တဲ့ယောက်ျားလေးတွေကို သဘောကျသလို ယောက်ျားလေးတွေကလည်း တင့် တယ်စွာ ပြုမူနေထိုင်တဲ့ မိန်းကလေးတွေကို သဘောကျတတ်ကြပါတယ်နော်။ အဲဒါကြောင့် ယောက်ျားလေးတစ်ယောက်ရဲ့ အာရုံစိုက်မှုကို လိုချင်ရင် သပ်ရပ်စွာနေထိုင်တတ်ပြီး တင့်တယ်စွာ နေထိုင်တတ်ဖို့လိုပါတယ်နော်။ တစ်စုံတစ်ခုကို စဉ်းစား နေရင် ဆံပင်ကို ကစားတတ်တဲ့အမူအကျင့်၊ မကြာခဏပြုံးတတ်တဲ့အမူအကျင့် စတဲ့ ကိုယ်ပိုင်ချစ်စရာ အမူအကျင့်လေးတွေတော့ ရှိနေပါစေနော်။

၀၃. သူ့ရဲ့(ပခုံး၊ လက်ဖျံ)ကို လက်နဲ့ထိတွေ့ပေးပါ။

ယောက်ျားလေးအများစုဟာ မိန်းမလှလေးတွေရဲ့နူးညံတဲ့အထိအတွေ့မှာ နစ်မြောသွားတတ်ကြပါတယ်နော်။ လေ့လာတွေ့ ရှိချက်တွေအရ အမျိုးသားအများစုကို မိန်းကလေးတွေနဲ့ဆွဲဆောင်တဲ့နေရာမှာ နူးညံတဲ့အထိအတွေ့ကြောင့် မိန်းကလေး တွေအပေါ် ပိုမိုစိတ်ဝင်စားမှုကို ပြလာတယ်ဆိုတာကို သိရပါတယ်။ ဥပမာပြောရမယ်ဆိုရင် သူ့ရဲ့လက်ဖျံကို ကိုင်လို့ ရသလို သူ့ပခုံးအစွန်းမှာ လက်ထားပေးတာမျိုးပေါ့။

၀၄. သူ့ရဲ့ကာကွယ်ပေးမှုကို ရအောင်လုပ်ပါ။

ယောက်ျားလေးအများစုဟာ မိန်းကလေးတွေရဲ့အမြင်မှာ သူရဲကောင်းဖြစ်ချင်ကြတယ်လေ။ အဲ့ဒါကြောင့် အဲ့ဒီ့အချက် ကို အကျိုးရှိအောင် အသုံးချတတ်ရမယ်။ လမ်းဖြတ်ကူးချိန်မှာ သူ့လက်မောင်းကို ကိုင်ထားတာပဲဖြစ်ဖြစ်၊ စာအုပ်အ လေးကြီးကို ခဏလေးကိုင်ပေးဖို့ သူ့ကိုအကူအညီတောင်းတာပဲဖြစ်ဖြစ်၊ ရှက်ပြုံးလေးနဲ့ သူ့ကို ကြောက်စ ရာခွေးရန်ကနေ ကာကွယ်ပေးခိုင်းတာပဲဖြစ်ဖြစ်၊ သူ့ကိုယ်သူ သူရဲကောင်းတစ်ယောက်အဖြစ် ခံစားမိစေမယ့် ဘယ်လိုအရာမျိုးကိုမဆို လုပ်ခိုင်းလို့ရပါတယ်နော်။

၀၅. ဖေ့ဘွတ်ခ် အစရှိသော လူမှုရေးကွန်ယက်တွေကို သုံးပါ။

စိတ်ဝင်စားနေတဲ့ ယောက်ျားလေးနဲ့ လူကိုယ်တိုင်တွေ့ပြီး စကားပြောရမှာ ရှက်နေတယ်ဆိုရင် ဖေ့ဘွတ်ခ် လိုမျိုး လူမှု ကွန်ယက်ကို အသုံးပြုပါ။ စိတ်ဝင်စားနေတဲ့သူရဲ့comment အပေါ်မှာ တစ်ခုခု comment ပေးလိုက်ပါ။ ဒါပေမယ့် အဲဒီလိုနဲ့ အပြန်အလှန် comment ပေးတဲ့သူငယ်ချင်းတွေဖြစ်သည်အထိ လုပ်ပေးရမှာနော်။ အရမ်းရှက်တတ် တယ်ဆိုရင် သူပေးတဲ့ comment ကို မဖြေပါနဲ့၊ သူက ကိုယ့်အကြောင်းတွေကို ပိုမိုသိဖို့ ကိုယ့်ဖေ့ဘွတ်ခ်စာမျက်နှာကို လာ ရောက်လေ့လာမှာ နော်။

၀၆. သူ့ကိုအကူအညီတောင်းပါ။

အဲဒါက စိတ်ဝင်စားနေသူနဲ့ စကားပြောဖို့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ စိတ်ဝင်စားနေတဲ့သူကို အနီးအနားမှာ တွေ့ရင် သူ့ဆီသွားပြီး အကူအညီတောင်းလိုက်ပါ။ အကူအညီတောင်းဖို့ အကြောင်းအရာကိုလည်း ရှာထားပါ။ ဥပမာ-သယ်ဖို့အရမ်းကို လေးနေတဲ့စာအုပ်တွေကို ကူသယ်ခိုင်းတာပဲဖြစ်ဖြစ်၊ အိမ်စာတွေကို ကူလုပ်ခိုင်းတာ ပဲဖြစ်ဖြစ်ပေါ့။

၀၇. ယဉ်ကျေးစွာ ပြုမူပြောဆိုပါ။

ယောက်ျားလေးတစ်ယောက်ရဲ့အာရုံစိုက်မှုကို လိုချင်ရင် အနားမှာ ရှိတဲ့လူတွေအပေါ်မှာ ယဉ်ကျေးစွာ ပြု မူပြောဆိုဖို့ ကြိုးစားကြည့်ပါ။ လူတွေကို တလေးတစား ဆက်ဆံရပါမယ်။ ယောက်ျားလေးတိုင်းဟာ အပြောအဆိုချိုသာပြီး စိတ်ကောင်းရှိတဲ့ မိန်းကလေးမျိုးကို ပိုမိုနှစ်သက်မိတတ်ကြတယ်နော်။ ယောက်ျားလေးတစ်ယောက် ရဲ့အာရုံစိုက်မှုကို လိုချင်ရင် လုပ်ဆောင်ရမယ့်အရာတွေများစွာရှိသော်လည်း အကြောင်းအရာအနည်းငယ်ကို ယခုဆောင်းပါးလေးမှာ ဖော်ပြပေးလိုက်ပါတယ်နော်။

စိတ်ဝင်စားနေတဲ့သူကို စကားပြောဖို့ အကူအညီဖြစ်နိုင်မယ့် အကြံကောင်းလေးတွေကော သိသေးလား။

ဖိုးသူတော် (www.phothutaw.com)
Credit : ChelmoTeam
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top