Kantharyar Centre
×





Credit:Duwun

#Unicode Version
တစ်ချက်တည်း ပစ်လွှတ်လိုက်ရုံနဲ့ အမေရိကန် နယူးယော့ခ်ပြည်နယ်တစ်ခုလုံးကို ထိမှန်သွားစေနိုင်လောက်တဲ့ နျူကလီးယားလက်နက်ကြီးကို ရုရှားက ထုတ်ဖော်ပြသလိုက်ပါတယ်။

လူမြင်ကွင်းထွက်လာသမျှ နျူကလီးယား လက်နက်တွေထဲမှာ ဒီလက်နက်ကအကြီးမားဆုံးဖြစ်နေတယ်လို့ မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ ရုရှားသမ္မတပူတင်ဟာ ၁၉၇၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ဖျက်အားပြင်းလက်နက် SS-18 Satan နေရာမှာ အခုအလွန်ကြီးမားပြီး ပိုဖျက်အားပြင်းတဲ့လက်နက်ကို ထားရှိချင်တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၈ ခုနှစ်မှာအဆိုပါလက်နက်ကို ရုရှားတပ်မတော်အတွက် အဆင်သင့်ထားရှိနိုင်အောင် ပြင်ဆင်လျက်ရှိပါတယ်။ အကြီးမားဆုံး နျူကလီးယားလက်နက်ဖြစ်လာဖွယ်ရှိတဲ့ ဒီလက်နက်မှာ နျူကလီးယားထိပ်ဖူး ၁၆ ခုတပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီဇိုင်းကိုသာ ထုတ်ပြထားသေးတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top