Property Expo
×

 ၁၉ ရာစု၊ တရုတ်ဧကရီ ဘု ရင်မကြီး ဒိုဝေဂါဆီဇီကစလို့ ဒီနေ့ ခေတ် တရုတ်နိုင်ငံသားတွေပါ လိုလားတပ်မက်တဲ့ ရတနာတစ် မျိုးကတော့ မြန်မာ့ကျောက်စိမ်း ပါပဲ။ Imperial Jadeလို့ ခေါ် ဝေါ်တဲ့ မြန်မာပြည်ထွက်ကျောက် စိမ်းဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအ ကြီးဆုံး ကျောက်စိမ်းတွေ ဖြစ်ပါ တယ်။ ကြည်လင်မှု အရရော၊ အရောင်အဆင်းအရပါ အရည် အသွေးကောင်းမွန်လွန်းတာကြောင့် ကျောက်စိမ်းတွေကို မက်မက်မောမောရှိလှတဲ့ တရုတ်နိုင်ငံသားတွေက မြန်မာ့ကျောက်စိမ်းကို ပိုပြီး အာရုံကျကျတာ မဆန်းပါဘူး။ တရုတ်ပြည်တွင်းမှာထွက် ရှိ တဲ့ ကျောက်စိမ်းကတော့မြန်မာ့ကျောက်စိမ်းထက် ပိုပေါပြီး အ ရောင်ကလည်း ရေညှိစိမ်းဆန်ပြီး လူကြိုက်နည်းပါတယ်။

တရုတ် ပဒေသရာဇ် နန်း တော်တွေမှာ ထူးကဲမွန်မြတ်တဲ့ ရတနာတစ်ပါးအဖြစ် အလှဆင် လေ့ရှိပေမယ့် မြန်မာ့ကျောက်စိမ်း ဟာ ခြားနားလွန်းတဲ့ ဇာတိပတ် ဝန်းကျင်မျိုးက ပေါ်ထွက်လာတာ ပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းက သတ္တုတူးဖော်တဲ့ မြို့တွေမှာ ရေ မဆေးကျောက်သမားတွေဟာ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ပတ် ဝန်းကျင်မှာ ရှင်သန်ရင်း ဝမ်းစာရှာနေကြရတယ်။ ရေမဆေးကျောက်သမားတွေဆိုတာက ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းထွက်ရှိရာ ရပ်ဝန်းဖြစ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ သတ္တုတူးဖော်ရေး ကုမ္ပဏီကြီးတွေက စွန့်ပစ်သွားတဲ့ မြေစာခဲတွေကြားက ကျောက်စိမ်းတွေကို လိုက်လံရှာဖွေ စုဆောင်းကောက်ယူသူတွေ ဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်း အတိုအစလေးတွေရရင် သူတို့က ကုန်သည်တွေ၊ သ တ္တု တူးဖော်သူတွေဆီပြန်ရောင်းချကြတယ်။


ကျောက်စိမ်းအရောင်တင်နေစဉ်  ( Bloomberg)

Global Witnessက ၂၀၁၅ အတွင်း မြန်မာ့ကျောက်စိမ်းလုပ် ငန်းနဲ့ ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ကျောက်စိမ်းအ များစုဟာ ဖားကန့်က ထွက်ရှိတာ ဖြစ်ပြီး တရုတ်ဈေးကွက်ထဲ မှောင် ခို လမ်းကြောင်းတွေကနေ ဝင် ရောက်သွားလေ့ရှိကြောင်း ဖော် ပြထားပါတယ်။ Global Witness က စုံစမ်းကောက်ယူထားတဲ့ အ ချက်အလက်တွေကို ကိုးကားပြီး မြန်မာ့ကျောက်စိမ်းလုပ်ငန်းရဲ့ ဝင်ငွေဟာ ၂၀၁၄ တစ်နှစ်တည်း မှာတင် ဒေါ်လာ ၃၁ ဘီလီယံ လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး GDP တန်ဖိုးရဲ့ ထက်ဝက်နီးပါး ရှိပါတယ်။ ပြီးတော့ ကျန်းမာရေးကဏ္ဍအတွက် အစိုးရ အသုံးပြုခဲ့တဲ့ စရိတ်ထက် ၄၆ ဆ ပိုများတယ်။ ၂၀၁၄ ခုနှစ်မှာ ကျင်းပတဲ့ကျောက်စိမ်း ကုန်စည်ပြပွဲမှာတော့ အရည်အသွေး အရမ်းကောင်းတဲ့ မြန်မာ့ကျောက်စိမ်းတုံးကြီး တစ်တုံးတည်းကို ယူရိုသန်း ၆၀ နဲ့ဈေးပေးဝယ်ယူတာ မျိုးရှိခဲ့တယ်လို့သတင်းထွက်ပေါ်ခဲ့တယ်။

ဇွန်လမှာတော့ ကျောက်စိမ်း ကုန်သည်တွေ စုထားတဲ့ အဖွဲ့အ စည်းတစ်ခုရဲ့ ဖော်ထုတ် စွပ်စွဲမှု ကြောင့် မြန်မာ့ ကျောက်စိမ်းလုပ် ငန်းကို နိုင်ငံတကာက အာရုံပို စိုက်မိလာတယ်။ ကျောက်စိမ်း ကုန်သည်တွေက အရင်အစိုးရ လက်ထက် အရာရှိကြီးတချို့ဟာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကျောက် မျက်ပြပွဲ ရန်ပုံငွေတွေထဲက ဒေါ်လာ ၉၆ သန်းလောက်ကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ တိုင်ကြားခဲ့ပါတယ်။ အစိုးရကလည်း အလျင်အမြန်ပဲ စုံစမ်းမှုတွေ ပြုလုပ်ခဲ့တဲ့အခါ ရေတပ်ဦးစီးမှူးဟောင်းနဲ့ ဝန်ကြီးတစ်ဦး အပါအဝင်သက်ဆိုင်ရာ အရာရှိတွေက ဥပဒေဘောင်ထဲကပဲ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အဖြေမျိုး ထွက်ပေါ်လာပါတယ်။

Global Witnessရဲ့ အကြီး တန်း သုတေသီတစ်ယောက်ဖြစ် တဲ့ ဂျူမန်ကွတ်ဘာကတော့ ဒီ လုပ်ငန်းနယ်ပယ်ဟာ အသိခက် နေဆဲဖြစ်တယ်လို့ ဆိုတယ်။‘‘အဲဒီ မှာ ဆိုရိုးလိုတောင် ဖြစ်နေတာ တောင် ရှိတယ်ရှင့်။ အကျင့်ပျက် ခြစားမှုလေးမှ မပါလိုက်ရင် သေ ချာ အလုပ်မဖြစ်နိုင်ဘူး ဆိုတာမျိုး ပါ’’လို့ သူက ပြောပါတယ်။

အစိုးရကို တိုင်ကြားခဲ့တဲ့ အ ဖွဲ့မှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ကျောက်စိမ်းကုမ္ပဏီ KIC Group ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးကတော့ အလွဲသုံးစား အလုပ်ခံရကြောင်း အထောက်အထားတွေ အခိုင်အ မာရှိနေတယ်လို့ ပြောပါတယ်။ ‘‘ကျွန်တော့်ဆီမှာ အဲဒီငွေတွေကို ဘယ်လို သုံးလိုက်သလဲဆိုတာ အသေးစိတ် မှတ်တမ်းတင်ထား တဲ့ ပြေစာတွေရှိတယ်။ အဲဒါတွေ ကို အသေးစိတ် ပြန်စစ်ကြည့်။ ငွေတွေကို ဘယ်လိုသုံးခဲ့သလဲ၊ ဘယ်လို ကိုယ်ကျိုးရှာခဲ့သလဲ ဆို တာကို မြင်လိမ့်မယ်’’လို့ ဦးကျော် ကျော်ဦးက ဆိုတယ်။ Financial Timesက အဲဒီ ပြေစာတွေထဲက တချို့ကို ဘာသာပြန် စစ်ဆေး ကြည့်တဲ့အခါမှာ ရန်ပုံငွေထဲက ငွေကြေးတွေကို နိုင်ငံရေးသမား တွေနဲ့ စက်မှုလုပ်ငန်းရှင်တွေက ထုတ်ယူသွားတယ်လို့ ကောက် ချက်ချခဲ့တယ်။

မြန်မာ့ကျောက်စိမ်းလုပ်ငန်း ကရရှိတဲ့ ဝင်ငွေဟာ များပြားလွန်း ပေမယ့် နိုင်ငံရဲ့ဒေသတွင်း စီးပွား ရေး နယ်ပယ်ထဲ ဝင်ရောက်လာမှု ကတော့ အင်မတန် နည်းပါးနေဆဲ ပါ။ ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို အဓိက လက်ဝါးကြီး အုပ်ထား တာက တရုတ်ပိုင် ကုမ္ပဏီကြီး တွေ ဖြစ်ကြပြီး ဝယ်လက်အများစု ကလည်း တရုတ်၊ ဟောင်ကောင် နဲ့ ထိုင်ဝမ်တို့က ရောက်ရှိလာကြ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကထိ ကျောက်စိမ်းနဲ့ ပတ်သက်လို့ တိကျတဲ့အကောက် ခွန် စည်းမျဉ်းမျိုး မရှိခဲ့ဘူး။ မနှစ် ကစလို့ ကျောက်မျက်ရတနာ ပို့ ကုန်တွေကို ၃၀ ရာခိုင်နှုန်း အခွန် စည်းကြပ်ဖို့ သတ်မှတ်လိုက်တာ ကိုလည်း ရှောင်လွှဲဖို့ နည်းလမ်း တွေက ရှိနေပြီးသားပါ။


ကျောက်စိမ်းအရည်အသွေး စစ်ဆေးနေစဉ် (Bloomberg)

အခွန်ရှောင်ဖို့အတွက် သတ္တု တွင်း လုပ်ငန်းတွေက ကျောက် စိမ်းတွေကို မှတ်ပုံတင်ကြပေမယ့် အယောင်ပြ ကုမ္ပဏီတွေကနေ တစ်ဆင့် အရောင်းအဝယ်ပြုလုပ် ပြပြီး ဈေးနှုန်းကို လျှော့ချထား တယ်။ ရှုပ်ထွေးပွေလီမှုတွေ များ မြောင်လှတဲ့ ဒီကျောက်စိမ်းလုပ် ငန်းမှာ အကျင့်ပျက်မှုတွေ စိမ့်ဝင စွဲမြဲနေသလို တိုင်းရင်းသား လက် နက်ကိုင် ပဋိပက္ခတွေနဲ့လည်းဆက်နွှယ်မှုတွေ ရှိနေကြောင်း၊ ၂၀၁၄ တစ်နှစ်တည်းမှာတင် သတ္တုတွင်းတူးဖော်မှု လုပ်ငန်းတွေကနေ ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံလောက် အခွန်ငွေ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ကြောင်း Global Witness က ဖော်ပြခဲ့ပါတယ်။

‘‘နှစ်ပေါင်းများစွာ အတော အတွင်းမှာ အာဏာပိုင်ရေပေါ်ဆီ အသိုက်အဝန်းဟာ မြန်မာ့ ကျောက်စိမ်း သယံဇာတတွေကို ကိုယ်ကျိုးအတွက် ထုတ်ယူသုံးစွဲ နေခဲ့ပြီး ပြည်သူအများစုကတော့ ထိခိုက် နစ်နာခဲ့ရတယ်’’လို့ ကွတ် ဘာက ပြောပါတယ်။ ‘‘ကျောက် စိမ်း သယံဇာတတွေကို အထိန်း အကွပ်မရှိ ထုတ်ယူ တူးဖော်တဲ့ အကျိုးဆက်ကတော့ မြေပြိုမှုတွေ ဖြစ်ပွားပြီး သဘာဝပတ်ဝန်း ကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်လာစေတယ်။ ဒေသခံတွေအတွက်ဒုက္ခမျိုးစုံ ကြုံလာရတယ်။ ကချင်ပြည်နယ်မှာလည်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ စစ်မီးတောက်လောင်နေတယ်’’လို့ လည်း သူက ဆိုတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ၁၉၉၀ ပြည့်လွန်နှစ် တွေမှာ ပိုမိုကျယ်ပြန့်လာသလို ကျောက်စိမ်းအပေါ် တောင်းဆိုမှု ကလည်း မြင့်တက်လာကြောင်း ကုလသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ အချက်အလက်တွေက ညွှန်ပြနေ ပါတယ်။ အဲဒီအခြေအနေကပဲ ဖားကန့်မှာ ရှိနေတဲ့ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထား တဲ့ ကျောက်စိမ်းတွင်းတွေကို စစ် အစိုးရက သိမ်းယူဖို့ တွန်းအားဖြစ် လာစေတယ်။ ကေအိုင်အေဟာ ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် တောင်းဆိုနေတဲ့ လက် နက်ကိုင် အဖွဲ့အစည်းပါ။ အခု တော့ တပ်မတော် အရာရှိကြီးတွေဟာ အဖိုးအတန်ဆုံးကျောက် စိမ်းထွက်ရှိရာ သတ္တုတွင်းနေရာ အများစုကို ထိန်းချုပ်ထားလိုက် ပါပြီ။ ပြီးတော့ လုပ်ပိုင်ခွင့်တွေကို ဆွေမျိုးသားချင်းတွေနဲ့ ခရိုနီလုပ် ငန်းရှင်တွေကို ခွဲဝေပေးခဲ့တယ်လို့ Global Witnessက ဖော်ပြထား တယ်။

ကျောက်စိမ်း ထုတ်လုပ်မှု အရှိန်မြင့်တက်လာတာနဲ့အမျှ အကျင့်ပျက် ခြစားမှုတွေ နက် နက်ရှိုင်းရှိုင်း ပေါ်ပေါက်လာသလို လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင် မှာ ဆိုးကျိုးသက်ရောက်မှုကြီး တွေလည်း ဖြစ်လာတယ်။ မနှစ် က စွန့်ပစ်မြေစာပုံပြိုကျမှု တစ်ခု တည်းမှာတင် ရေမဆေးကျောက် ရှာသူ ၁၀၀ ကျော်လောက် အ သက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီဖြစ်ရပ် ကြောင့်ပဲ သတ္တုတွင်း ဒုတိယဝန် ကြီးအနေနဲ့ ဖားကန့်မှာ ကျောက် စိမ်းတူးဖော်မှုတွေ ရပ်ဆိုင်းဖို့ အ ဆိုပြုလာရတယ်။ ပြီးတော့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက ရေမ ဆေးကျောက်ရှာဖွေသူ အားလုံး ရဲ့ သုံးပုံနှစ်ပုံလောက်ဟာ ဘိန်းစွဲ နေကြတယ်လို့ ခန့်မှန်းပါတယ်။ မိုင်းဧရိယာတွေမှာ မူးယစ်ဆေး ကို ပွင့်ပွင့်လင်းလင်း ရောင်းချနေ တာ မဆန်းဘူးလို့လည်း သိရပါ တယ်။

၂၀၁၁ ခုနှစ်မှာ အရပ်သား အစိုးရတက်လာပြီး နှစ် ၅၀ နီးပါး ကြာမြင့်ခဲ့တဲ့ စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်သွားတဲ့တိုင် အမေရိ ကန်က အရေးယူ ပိတ်ဆို့ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အပါအဝင် စစ်တပ် အရာရှိကြီး တွေ၊ ဆက်စပ် ကုမ္ပဏီကြီးတွေ ကပဲ ကျောက်စိမ်းရောင်းဝယ်မှု၊ တူးဖော်မှု လုပ်ပိုင်ခွင့်၊ ပါမစ်ချ ထားပေးမှုတွေကို ဆက်ပြီး ထိန်း ချုပ်ထားခဲ့တယ်လို့ လေ့လာသူ တွေက ပြောပါတယ်။

Extractive Industries Transparency Initiativeရဲ့ အဖွဲ့ဝင် နိုင်ငံတစ်ခု အနေနဲ့ ၂၀၁၇၊ ဇန်နဝါရီမှာ မြန်မာနိုင်ငံ ဟာ ကျောက်စိမ်းကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှု နောက်ခံတွေနဲ့ သတ္တု တူးဖော်မှု ဥပဒေသတ်မှတ်ချက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွေကို ထုတ်ပြန်ဖို့ သဘောတူ ထားပါတယ်။ အစိုးရရဲ့ စံနှုန်း ထိန်းချုပ်ရာ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့ကျောက်မျက်ရတနာ လုပ် ငန်းက ကျောက်စိမ်းနဲ့ ကျောက် မျက်ရတနာ တူးဖော်ခွင့် ပါမစ်ချ ထားပေးမှု ၃၀၀ ကျော်ဟာ အခု လအတွင်း သက်တမ်းကုန်ဆုံး မယ်လို့ ကြေညာပါတယ်။ ပြီး တော့ ပါမစ်အသစ်တွေ ချထား ပေးမှုကို တရားဝင် ဆိုင်းငံ့ထား မယ့် အစီအစဉ်ကိုလည်း ဇူလိုင် လကတည်းက အတည်ပြုထား ပြီးသားပါ။

မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းဟာ ကျောက်မျက်ပြပွဲကို ကျင်းပခဲ့သလို လက်အောက်ခံ အကျိုးတူ ပူးပေါင်းမှုလုပ်ငန်းတွေ ကိုရော၊ ဖားကန့်ဒေသတစ်ဝိုက် မှာ လုပ်ငန်းလည်ပတ်နေတဲ့ ပုဂ္ဂ လိက ကျောက်စိမ်းကုမ္ပဏီတွေကိုပါ စိစစ်အကဲဖြတ်တဲ့ တာဝန်ကိုလည်း ပူးတွဲရယူခဲ့တယ်။ပွင့်လင်းမြင်သာမှု အားနည်းလွန်းတယ်လို့ ဝေဖန်နေတဲ့ လေ့လာသူတွေအတွက် အံ့ဩတုန်လှုပ်စရာ အပြောင်းအလဲတစ်ခုကတော့ စက်တင်ဘာလမှာ ပေါ်ပေါက်လာပါတယ်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားဟာ မြန်မာအစိုးရရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝါရှင်တန်မှာတွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ်စီးပွားရေး ပိတ်ဆို့မှုတွေရုပ်သိမ်းတော့မယ်လို့ အတည်ပြု ပြောကြားခဲ့တယ်။ ဒါကြောင့် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းအပေါ် ပိတ်ဆို့မှုတွေပါ ကင်းလွတ်သွားတော့မှာ ဖြစ်ပါတယ်။

အာဏာရ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ ကချင်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းဟာ ကျောက်စိမ်းလုပ် ငန်းမှာ ပွင့်လင်းမြင်သာမှု ပိုအား ကောင်းလာအောင် ဦးဆောင်ကြိုး ပမ်းနေသူ တစ်ယောက်ပါ။ အခု  လက်ရှိ ဖော်ထုတ် သိရှိလာရ တယ်ဆိုတဲ့ အချက်အလက်တွေ ကတောင် အပေါ်ယံ အဆင့် လောက်ပဲ ရှိသေးတယ်လို့ သူက ဝန်ခံပါတယ်။ ‘‘ကုမ္ပဏီတွေ အ ချင်းချင်း အဝေမတည့်ဘဲ အငြင်း အခုံဖြစ်တော့မှ ဒီလို အကျင့်ပျက် မှုကိစ္စတွေအကြောင်း အသေး စိတ် ကြားလာရတာပါ’’လို့ ဦးလှ ဆန်းက ပြောတယ်။

မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းမှာလည်း လွှမ်းမိုးမှုနဲ့ လုပ်ပိုင်ခွင့်တွေ ရှိနေဆဲဖြစ်တယ် လို့ အင်န်ဂျီအို အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ သဘာဝ သယံဇာတ စီမံ ခန့်ခွဲမှု အဖွဲ့က မက်သရူးဆာလို မွန်က ပြောပါတယ်။ ‘‘မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရဲ့ တာဝန်ယူမှုကတော့ ပြတ်ပြတ် သားသား မရှိသေးဘူး။ ဒီအဖွဲ့အ စည်းတွေဟာ အရေးပါတဲ့အချက် အလက်တွေ၊ မှတ်တမ်းတွေကို မထုတ်ပြန်ခဲ့ဘူး။ ဥပမာ-မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေလို မျိုး၊ ဒါမှမဟုတ် လုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုတွေ၊ နှစ်ပတ်လည် အ စီရင်ခံစာလိုမျိုးတွေပေါ့’’လို့ သူ က မှတ်ချက်ပေးခဲ့တယ်။ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရဲ့ တာဝန်ရှိသူတွေကတော့ ဒီကိစ္စအပေါ်တုံ့ပြန်မှတ်ချက်မပေးခဲ့ပါဘူး။

တခြား စိုးရိမ်ရမယ့် ကိစ္စက မြန်မာ့ကျောက်မျက်ရတနာ လုပ် ငန်းအနေနဲ့ ငွေကြေးလည်ပတ် မှုကို ခွဲထုတ်လိုက်ပြီး အများအ မြင်မှာ စေ့စေ့စပ်စပ် စစ်ဆေးလို့ မရနိုင်အောင် လုပ်ဆောင်လာနိုင် တယ်ဆိုတဲ့ သုံးသပ်ချက်မျိုးပါပဲ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး EITI အစီရင်ခံစာအရ မြန်မာ့ကျောက် မျက်ရတနာလုပ်ငန်းဟာ တရား ဝင် ကျောက်မျက်ရတနာ ရောင်း ဝယ်မှု လုပ်ငန်းအားလုံးရဲ့ ဝင်ငွေ ထက်ဝက်ကျော်ဖြစ်တဲ့ ဒေါ်လာ သန်း ၂၀၀ ကျော်လောက်ကို ထိန်းချုပ်ထားနိုင်ဆဲလို့ သိရပါ တယ်။ ဆာလိုမန်ကတော့ ဒီ တွက်ချက်မှုဟာ တော်ရုံသင့်ရုံ ပမာဏလောက်သာ ဖြစ်မယ်လို့ သုံးသပ်ခဲ့တယ်။ တကယ်တော့ ငွေကြေးပမာဏ ကိန်းဂဏန်းဟာ ဒေါ်လာ သန်း ၆၅၀ လောက်ထိ ရှိနိုင်တယ်လို့ သူက ဆိုတယ်။

ဦးကျော်ကျော်ဦးကတော့ မြန်မာ့ကျောက်စိမ်း အပေါ် တ ရုတ်ရဲ့ တောင်းဆိုမှု မြင့်တက် နေဆဲဖြစ်တာကြောင့် ပွင့်လင်း မြင်သာမှု စံနှုန်းတွေ ပိုကောင်းမွန် လာဖို့ လိုအပ်ကြောင်း တိုက်တွန်း ပါတယ်။‘‘ဥပဒေ ချိုးဖောက်သူ တွေကို ပြတ်ပြတ်သားသား အ ရေးယူဖို့ လိုပါတယ်။ ဒါပေမဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကူ အညီမရဘဲ ဒီကိစ္စကို အကောင် အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလေ။ တကယ်လို့ သူတို့က ဒီကိစ္စမှာ ပါ ဝင်လာပြီး အရေးယူဆောင်ရွက် မှုတွေကို ထောက်ပံ့ကူညီခဲ့ရင် တော့ အခြေအနေတွေ ပြောင်း လဲသွားတာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်’’လို့ သူကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top